www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၁၅ အောက်တိုဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > နာရေးသတင်း > တေးရေးတေးဆို မျိုးမြင့်လေး အသည်းကင်ဆာဖြင့် နေအိမ်၌ ကွယ်လွန်

တေးရေးတေးဆို မျိုးမြင့်လေး အသည်းကင်ဆာဖြင့် နေအိမ်၌ ကွယ်လွန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

သြဂုတ်လ တစ်လအတွင်း ကင်ဆာဝေဒနာဖြင့် ကွယ်လွန်သည့် လေးဦးမြောက် အနုပညာရှင်ဖြစ် အဆိုတော် နယ်ပယ်တွင် သန်းဖေလေး၊ တင်ဦးလေး၊ မျိုးမြင့်လေးနှင့် ဇော်မင်းလေး အစရှိသဖြင့် “လေး” တစ်ခေတ်တွင်
တေးရေး၊ တေးဆိုအဖြစ်သာမက ခေတ်နှင့်အညီ ထင်ရှားသည့် စကားလုံးများကို သုံးစွဲကာ ရေးသားတတ်သူ
တေးရေး၊ တေးဆို မျိုးမြင့်လေးသည် သြဂုတ် ၁၈ ရက် နံနက် ၉နာရီ ၂၆ မိနစ်က အသည်းကင်ဆာရောဂါဖြင့် သူ၏နေအိမ်၌ ကွယ်လွန်သွားခဲ့သည်။

၎င်း၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို သြဂုတ် ၂၀ ရက်၊ နံနက် ၁၀ နာရီတွင် ရေဝေးသုသာန်၌ သင်္ဂြိုလ်မည်
ဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်ရှိပြီဖြစ်သည့် (ဦး) မျိုးမြင့်လေးသည် ၁၉၅၅ ၀န်းကျင်တွင် ဂီတလောကသို့ မင်းမြင့် အမည်ဖြင့် စတင် ၀င်ရောက်ခဲ့ပြီး ယင်းအချိန်တွင် ဂီတလောက၌ မင်းမြင့် အမည်ဖြင့် အနုပညာရှင်တစ်ဦး ရှိသည့် အတွက် အခြားအမည်ဖြင့် လုပ်ကိုင်ရန် အဆိုတော် တင်တင်မြမှ အကြံပြုခဲ့ကာ ၎င်းပြောင်းလဲပေးသည့် မျိုးမြင့်လေး အမည်ဖြင့် နန်းကေသီ တူရိယာတီးဝိုင်းတွင် “မေတ္တာပုလဲပန်းများသီ ကြရာဝယ်” တေးသီချင်းကို စတင်သီဆိုခဲ့သည်။

ယင်းနောက် မြန်မာသံတေးသီချင်းများစွာကို သီဆိုရာတွင် ကိုလေးလွင် ရေးသားခဲ့သည့် “ကြာလေလေ ခိုင်မြဲလေလေ” သီချင်း၊ ပုသိမ် မောင်စိမ်းသူရေးတဲ့ “တောင်လှေခါးမြို့ ကိုယ်လာမယ်” တေးသီချင်းဖြင့်
အောင်မြင်ခဲ့သူဖြစ်သည့်အပြင် “တမျိုးမူတဲ့ ပဲခူးသူ” “စစ်ကိုင်းတံတားပေါ်ဝယ်” “ရွှေမြိုင်သခင်မလေး” စသည့် မြို့များနှင့်ပတ်သက်သည့် တေးသီချင်းများ သီဆိုရာတွင်လည်း အောင်မြင်မှု ရရှိခဲ့သည့်အတွက် ဂီတလောကတွင် မြို့စားလေးဟု သမုတ်ခြင်းခံရသူတစ်ဦးလည်း ဖြစ်သည်။

အဆိုတော် မျိုးမြင့်လေး ကွယ်လွန်ခြင်းနှင့်ပတ်သက်ပြီး သားဖြစ်သူ ဇော်လင်းမျိုးက “ရောဂါအကြောင်းကို သိနေတာ
တော့ လေးလလောက်ရှိပါပြီ။ ဖေဖေဆုံးပါးသွားတဲ့အတွက် အတိုင်းအဆမရှိ ၀မ်းနည်းမိပါတယ်။ ထွက်ရှိဖို့သီချင်းတွေ ရှိတယ်။ အဆိုတော်တွေနဲ့ ပြန်ဆိုထားတဲ့ တေးသီချင်းတွေလည်း ရှိသေးတယ်။ အခု ဆုံးသွားပြီဆိုတော့ ဖေဖေ့ရဲ့
တေးသီချင်းတွေ ထုတ်ဖို့က ဖြည်းဖြည်းချင်း လုပ်ဖြစ်မှာပါ”ဟု ပြောသည်။

အဆိုတော်မျိုးမြင့်လေးသည် “မောင့်ရင်ထဲမှာနေမလား”၊“စနေနေ့ညကိုးနာရီ”၊ “နေကာမျက်မှန်” စသော စတီရီယို
တေးသီချင်းများအပြင် မြန်မာသံ တေးသီချင်းများတွင်လည်း အောင်မြင်ခဲ့သူ ဖြစ်သည်။ ယင်းအပြင် လူချွန် လူကောင်း၊ နတ်သျှင်နောင် စသော တေးသီချင်းများကိုလည်း ပြန်လည် သီဆိုခဲ့သည်။

မျိုးမြင့်လေးသည် အဆိုဘက်တင်သာမက နောက်ခံစကားပြော သရုပ်ဆောင်အဖြစ်လည်း အကယ်ဒမီ ချိုပြုံးနှင့် တွဲဖက်ကာ ထွေးညိုဇာတ်လမ်း ဓာတ်ပြားငါးတွဲတွင် သရုပ်ဆောင်ခဲ့သည်။

ဂီတအစည်းအရုံးဥက္ကဋ္ဌ အဆိုတော်တင်ဦးလေးက “သူက ဒီနှစ်သင်္ကြန်မှာ ခရီးသွားပြီး ပြန်လာကတည်းက ကျန်းမာရေး ချို့တဲ့လာတာ။ (ပြီးခဲ့တဲ့) ကြာသပတေးနဲ့ သောကြာနေ့တုန်းကတောင် သူဂီတအစည်းအရုံးကို လာသေးတယ်။ ဦးတို့က သူ့ကို သိပ် အားမရချင်ဘူး။ သူကတော့ သူနေကောင်းတယ်ပဲပြောတယ်။ ဒီနေ့ ဆုံးပြီလို့ သတင်းကြားတော့ တုန်လှုပ်သွားတယ်။ အဲဒီနေ့က ဦးတို့ကို လာနှုတ်ဆက်သွား သလိုပါပဲ”ဟု ၀မ်းနည်းစကား ဆိုသည်။

သူသည် ၁၉၅၅ မှ ကွယ်လွန်ချိန်အထိ မြန်မာ့အသံတွင် တေးသီချင်းပေါင်း ၃၀၀ ၀န်းကျင်ကို သီဆိုခဲ့သည့်အပြင် သန်းဖေလေး၊ မျိုးမြင့်လေး၊ တင်ဦးလေး၊ ဇော်မင်းလေး စသော အဆိုတော်များဖြင့် လေးစတုဂံ တေးစီးရီးကို ထုတ်လုပ်ဖြန့်ချိခဲ့သည်။ ဂီတအစည်းအရုံးတွင်လည်း မြန်မာသံ ကာလပေါ်အလွှာ၏ စည်းရုံးရေးမှူး ဥက္ကဋ္ဌ (ဗဟို) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

မျိုးမြင့်လေးသည် ယခုလအတွင်း ကွယ်လွန်သည့် လေးဦးမြောက် အနုပညာရှင်ဖြစ်သည့်အပြင် ၎င်းတို့အားလုံးသည် ကင်ဆာဝေဒနာများဖြင့် ကွယ်လွန်ခဲ့သူများလည်း ဖြစ်သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

Who is Online

We have 66 guests online