www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၁၅ အောက်တိုဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > နာရေးသတင်း > Melody World အဆိုတော် ကိုကိုမောင် ရုတ်တရက် ကွယ်လွန်

Melody World အဆိုတော် ကိုကိုမောင် ရုတ်တရက် ကွယ်လွန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။     ။ Melody World အဆိုတော် ကိုကိုမောင် သည် မေလ ၂၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်က   ဘုရင့်နောင် လမ်းမရှိ တပ်ထိပ် မှတ်တိုင်အနီးတွင် ယာဉ်မတော်မဆမှု ဖြစ်ပွားခဲ့ပြီးနောက် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပေးပို့ခဲ့ရာတွင် ယနေ့ နံနက် ၆ နာရီ အချိန်က ကွယ်လွန်သွားခဲ့ပြီ
ဖြစ်သည်။

သူငယ်ချင်းဖြစ်သူ ကိုဖြိုးကျော်ထိုက်က “ ည ၈.၃၀ လောက်မှာ သူ့သူငယ်ချင်း ကောင်းဇော်နဲ့အတူ တေးရေး
ဝေလဆီမှာ သီချင်းသွားရွေးပြီး ပြန်အလာမှာ အခုလိုဖြစ်တာပါ။ အဲဒီအချိန်တုန်းက မှောင်ကလည်း
မှောင် နေတဲ့အပြင် လမ်းဘေးမှာရှိတဲ့ ဘလောက်တုံးတွေကလည်း ရောင်ပြန် မတပ်ထားတော့ ရှေ့မှာရှိတဲ့ ဘလောက်တုံးကို သူတို့စီးတဲ့ ဆိုင်ကယ်နဲ့ တိုက်မိပြီး မှောက်သွားတယ်” ဟု ဖြစ်စဉ်ကို ရှင်းပြသည်။

ကိုကိုမောင်မှာ သွေးထွက်များသဖြင့် ဖြစ်ဖြစ်ချင်း ရန်ကုန်ဆေးရုံကြီးသို့ ည ၁၀နာရီတွင် ပို့ခဲ့သော်လည်း မနက် ခြောက်နာရီ အချိန်တွင် ကွယ်လွန်သွားခဲ့ပြီး သူငယ်ချင်းဖြစ်သူ ကောင်းဇော်မှာ ခေါင်းကွဲသဖြင့် ယခုအချိန်ထိ အင်းစိန်ဆေးရုံတွင် ဆေးကုသခံနေဆဲ ဖြစ်ကြောင်း ကိုဖြိုးကျော်ထိုက်မှ မဇ္ဈိမသို့ ပြောသည်။

ကွယ်လွန်ချိန်တွင် အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ကိုကိုမောင်၏ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီး ရေခဲတိုက် တွင် ထားရှိပြီး မေ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် ထိန်ပင်သုသာန်၌် မီးသဂြိုဟ် မည်ဖြစ်သည်။

ကိုကိုမောင်သည် ၂၀၀၇ ခုနှစ် Melody World တွင် နိုရာ ၊ မချစ်နဲ့တော့ ၊ ချစ်သူသိပါစေ စသော သီချင်းများ
ဖြင့် ပရိသတ်အားပေးမှု အများဆုံးရရှိခဲ့သူ ဖြစ်သည်။

ထို့အပြင် တစ်ကိုယ်တော် တေးစီးရီးထွက်ရှိရန် ကြိုးစားလျက်ရှိပြီး  သြဂုတ်လ၌ ‘အနောက်ဘက်က မဇ္ဈိမ’
တေးစီးရီး ကိုဖြိုးကျော်ထိုက်၊ သာဒိလု တို့နှင့်အတူ ထွက်ရှိတော့မည်ဖြစ်သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

Who is Online

We have 46 guests online