ဒေါ်စု ဖျာပုံ စည်းရုံးရေး ခရီးစဉ်

ပရင့်ထုတ်ရန်

pp2
ဒေါ်အောင်ဆန်းစုကြည်၏ ဖျာပုံ စည်းရုံးရေး ခရီးစဉ်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၉ နာရီ ၀၀ မိနစ်
farpon
  • ဖျာပုံမြို့သို့ ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနှုတ်ဆက်သူများနှင့် အတူ ဖေဖော်ဝါရီ ၁၇ ရက်၊ ၂ဝ၁၂ ခုနှစ် သောကြာနေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
ဒေါ်အောင်ဆန်းစုကြည်၏ ဖျာပုံ စည်းရုံးရေး ခရီးစဉ် :: ဖျာပုံမြို့သို့ ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနှုတ်ဆက်သူများနှင့်အတူ ဖေဖော်ဝါရီ ၁၇ ရက်၊ ၂ဝ၁၂ ခုနှစ် သောကြာနေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်၏ ဖျာပုံ စည်းရုံးရေး ခရီးစဉ် :: ဖျာပုံမြို့သို့ ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနှုတ်ဆက်သူများနှင့်အတူ ဖေဖော်ဝါရီ ၁၇ ရက်၊ ၂ဝ၁၂ ခုနှစ် သောကြာနေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်၏ ဖျာပုံ စည်းရုံးရေး ခရီးစဉ် :: ဖျာပုံမြို့သို့ရောက်ရှိလာသည့် ဦးတင်ဦးအား ဧရာဝတီဆိပ်တွင် ဖေဖော်ဝါရီ ၁၇ ရက်၊ ၂ဝ၁၂ ခုနှစ် သောကြာနေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်၏ ဖျာပုံ စည်းရုံးရေး ခရီးစဉ် :: ဒေါ်အောင်ဆန်းစုကြည်အား ဖျာပုံမြို့လူထုက ကြိုဆိုပုံများကို ဖေဖော်ဝါရီ ၁၇ ရက်၊ ၂ဝ၁၂ ခုနှစ် သောကြာနေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်၏ ဖျာပုံ စည်းရုံးရေး ခရီးစဉ် :: ဒေါ်အောင်ဆန်းစုကြည်အား ဖျာပုံမြို့လူထုက ကြိုဆိုပုံများကို ဖေဖော်ဝါရီ ၁၇ ရက်၊ ၂ဝ၁၂ ခုနှစ် သောကြာနေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်၏ ဖျာပုံ စည်းရုံးရေး ခရီးစဉ် :: ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုဂုဏ်ပြုသည့် ဖျာပုံမြို့နယ်အပိုင် ဒေါ်ငြိမ်းကျေးရွာမှ ပြည်သူများကို ဖျာပုံမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့ လမ်းပေါ်တွင် ဖေဖော်ဝါရီ ၁၇ ရက်၊ ၂ဝ၁၂ ခုနှစ် သောကြာနေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
ဖျာပုံခရီးစဉ် ပြီးဆုံး
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၆ နာရီ ၁၅ မိနစ်
ဒေါ်အောင်ဆန်းစုကြည်သည် သောကြာနေ့ ညနေ ၃:၂၀ ခန့်တွင် ဖျာပုံမြို့ အမှတ် ၅ ရပ်ကွက်ရှိ
ရေယာဉ်ဆိပ်မှတဆင့် ရှပ်ပြေးရေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လာနေပြီဖြစ်ကာ သူ၏ ဖျာပုံစည်းရုံးရေး ခရီးစဉ်ကို အဆုံးသတ်လိုက်ပြီ ဖြစ်သည်။
ဟောပြောပွဲပြီး
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၅ နာရီ ၂၆ မိနစ်
ဒေါ်အောင်ဆန်းစုကြည်၏ ဖျာပုံ မြို့ပြင်ရှိ သဲကွင်းအတွင်း ပရိသတ် လေးသောင်းခန့်ကို ဟောပြောမှုအပြီး ဖျာပုံမြို့ အမှတ် ၅ ရပ်ကွက်ရှိ NLD ရုံးစိုက်ရာသို့ ပြန်လာနေပြီ ဖြစ်သည်။
မဲပေးမမှားဖို့ ပြော
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၅ နာရီ ၀၈ မိနစ်
ဖျာပုံသဲကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဟောပြောနေပြီဖြစ်ပြီး ပြည်သူများ ဝယ်ယူစားသောက်နိုင်မည့် တတ်နိုင်သည့် ကုန်ဈေးနှုန်းဖြစ်ရန် ကြိုးစားသွားမည်ဖြစ်ပြီး ပညာရေးနှင့် ကျန်းမာရေး လိုအပ်ချက်များကို ဖြည့်စည်း
ပေးမည် ဖြစ်သည်ဟု ပြောကြားသွားသည်။

ယင်းအပြင် ဗိုလ်ချုပ်အောင်ဆန်း၏ စကားကို ကိုးကားကာ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးမမှားရန် ရန်လည်း တိုက်တွန်းသွားခဲ့သည်။ “ဖေဖေ့ မိန့်ခွန်းမှာ ဖဆပလကို မဲပေးမှ လွတ်လပ်ရေးရမှာဖြစ်လို့ မဲပေး မမှားကြပါနဲ့၊ ဦးသိန်းဆွေကို မဲပေးကြပါ။” ဟု NLD ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းဆွေကို ရည်ညွှန်း ပြောဆိုသွားသည်။

ဟောပြောမည့် သဲကွင်းသို့ ဝင်လာပြီ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၄ နာရီ ၅၀ မိနစ်
ဒေါ်အောင်ဆန်းစုကြည်သည် ဖျာပုံမြို့ပြင်ရှိ ဟောပြောမည့် သဲကွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့တွင် ဖျာပုံဒေသခံများမှ ဆိုင်ကယ် အစီး နှစ်ထောင်ကျော်ခန့်မှ ရှေ့ပြေးအဖြစ် လိုက်ပါလာကြသည်ဟု ဒေသခံများက ပြောသည်။

ဖျာပုံ အမှတ် ၅ ရပ်ကွက်မှ သဲကွင်းသို့ သွားရာလမ်းရှိ ရပ်ကွက်ပေါင်း ၆ ရပ်ကွက်မှ ပြည်သူများမှလည်း
ဒေါ်အောင်ဆန်းစုကြည်ကို ပန်းစည်းများကမ်း၊ NLD လက်ကိုင်အလံငယ်များ ဝှေ့ယမ်း၍ နှုတ်ဆက်ကြပြီး
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်း ဆုတောင်းကာ ဟောပြောမည့်ကွင်းရှိရာသို့ လိုက်ပါလာကြသည်ဟု သိရသည်။
ဖျာပုံ သဲကွင်းတွင် ထပ်ဟောပြောမည်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၄ နာရီ ၃၀ မိနစ်
ဒေါ်အောင်ဆန်းစုကြည်သည် ဖျာပုံမြို့ပြင်ရှိ သဲကွင်းတွင် ထပ်မံ၍ ပါတီစည်းရုံးရေး ဟောပြောမှု ထပ်မံ ပြုလုပ်မည်
ဖြစ်ပြီး ဒေသစံတော်ချိန် ၂:၁၅ မိနစ်ခန့်တွင် ဟောပြောမည့်ကွင်းသို့ သွားရောက်နေပြီ ဖြစ်သည်။

သဲကွင်းအတွင်း လူများပြည့်ကျပ်နေပြီး ဖျာပုံဒေသခံ လေးသောင်းခန့် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲကို နားထောင်ရန် လာရောက်စောင့်ဆိုင်းနေကြသည်ဟု ဖျာပုံဒေသခံ ကိုဟိန်းဇေလင်းက မဇ္ဈိမကို ပြောသည်။

NLD ရုံးရှိရာ ဖျာပုံမြို့ အမှတ် ၅ မှ သဲကွင်းသို့ သွားရန် ၂၅ မိနစ်ခန့် ကြာမြင့်မည့် လမ်းခရီးတွင်လည်း လူများ
ပြည့်ကျပ်နေသည်ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။
စိုက်ပျိုးရေး ဖွံ့ဖြိုးဖို့ ကန့်သတ်ချက်များ ဖယ်ရှားရန် ဒေါ်စုပြော
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၄ နာရီ ၂၈ မိနစ်
ဖျာပုံမြို့နယ် အမျိုးသား ဒီမိုကရေစီရုံးတွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာတွင် ဖျာပုံဒေသခံများ သည် စိုက်ပျိုးရေးကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်းပြုနေသည့် တောင်သူလယ်သမားများအတွက် လွတ်လပ်သည့် စိုက်ပျိုးခွင့်ရအောင် ဖန်တီးပေးမည်ဖြစ်ပြီး စိုက်ပျိုးရေးကို အထောက်အကူဖြစ်စေမည့် နည်းလမ်းများကိုလည်း ရှာဖွေပေးမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

သူ၏ မိန်ခွန်းတွင် “စစ်မှန်တဲ့ ဒီမိုကိုသွားရင် ကူညီမယ့် အဖွဲ့အစည်းတွေ၊ နိုင်ငံတွေက ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မလိုလားတဲ့ ကန့်သတ်မှု ဖယ်ပေးဖို့လည်း လိုပါမယ် ဒါကြောင့် ပြည်သူတွေအတွက် တိုးတက်လာမှာ
ဖြစ်ပါတယ်။” ဟု ပြောကြားသွားသည်။

ယင်းအပြင် သူ၏ ဖျာပုံခရီးစဉ်အတွင်း ဖျာပုံဘောလုံးကွင်း၌ ဟောပြောခွင့် မရခြင်းကိုလည်း “ဘောလုံးကွင်း
ဟောပြောခွင့်တဲ့ကိစ္စ၊ ဒီကိစ္စဟာ အဖွဲ့ချုပ်အတွက် မဟုတ်ပါဘူး ပြည်သူအတွက် ဝမ်းနည်းရပါတယ်၊ အနှောက် အယှက်ဖြစ်စေမယ့် ဒီကန့်သတ်ချက်တွေအတွက် လွတ်လပ်ပြီး တရားမျှဖို့ ကော်မရှင်ကို အသိပေးထားပြီး
ဖြစ်ပါတယ်။ ပြည်သူ့ အခွင့်အရေးကို ထိခိုက်ရင် ကျမတို့ တတ်နိုင်သလောက် ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။” ဟုလည်း ပြောကြားသွားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် NLD ဖျာပုံ အမှတ် ၅ ရပ်ကွက် သူ၏ မိန့်ခွန်းကို ၈ မိနစ်ခန့် ပြောကြားသွားပြီး၊ ဖျာပုံမြို့ပြင်ရှိ သဲကွင်းတွင်လည်း ဆက်လက် ဟောပြောဦးမည် ဖြစ်သည်။
ပင်နီအင်္ကျီ ပုသိမ်ထီးနဲ့ ဒေါ်စု ဖျာပုံရောက်ပြီ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၄ နာရီ ၀၂ မိနစ်
ဒေါ်အောင်ဆန်းစုကြည်သည် ဖျာပုံမြို့ရှိ NLD ရုံးစိုက်ရာ အမှတ် ၅ ရပ်ကွက်သို့ သောကြာနေ့ ဒေသစံတော်ချိန်
နှစ်နာရီခန့်တွင် ရောက်ရှိလာပြီဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။

“အခု NLD ရုံးကိုရောက်ပါပြီ၊ အခုလက်ပြနေပါတယ်။ NLD ရုံးရှေ့မှာကော နှစ်နေရာလုပ်မှာ နှစ်နေရာလုံးက လူတွေက ပြည့်လျှံနေပါတယ် ခင်ဗျာ့။ အခု ကြိုဆိုနေပါတယ်။ လူတွေက တအားများနေပါတယ်။ ဒီမှာလည်းလူက တသောင်းခွဲ နှစ်သောင်းလောက်ရှိမယ်လို့ မှန်းရတယ်ဗျ။ ပြည့်ညှပ်နေပြီ။” ဟု ဖျာပုံမြို့ခံ ကိုဟိန်းဇေလင်းက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖျာပုံမြို့ပြင်ရှိ သဲကွင်း ဘောလုံးကွင်းတွင် ပါတီစည်းရုံးရေး ဟောပြောမည်ဖြစ်ပြီး ငါးဧကခန့်ကျယ်သည့် အဆိုပါ ကွင်းအတွင်း လူများအပြည့် စောင့်ကြိုနေသည်ဟုလည်း ဒေသခံက ဆက်ပြောသည်။

“သဲကွင်းမှာလည်း ပြည့်ညှပ်နေပြီ။ သဲကွင်းက ၅ ဧကလောက်ကျယ်တယ် အဲဒီမှာလည်း လူက ပြည့်ကျပ်နေပြီ။ အမေစုက ပုသိမ်ထီးလေး ဆောင်းထားပါတယ်၊ ပင်နီအင်္ကျီ ဝတ်ထားပါတယ်။” ဟု ကိုဟိန်းဇေလင်းက ပြောသည်။

ဒေါ်စုခရီး ဖျာပုံလူထု လှိုက်လှဲစွာ ကြိုဆိုမည်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၁ နာရီ ၃၅ မိနစ်
ဖျာပုံဒေသခံများက မိမိတို့ဒေသကို ဒေါ်အောင်ဆန်းစုကြည် လာရောက်မည့် အတွက် ဝမ်းသာနေကြပြီး မိမိတို့၏ လုပ်ငန်းခွင်များ ရပ်နားထားကာ လာရောက် ကြိုဆိုကြသည်ဟု ဖျာပုံမြို့ခံ ကိုဝင်းနိုင်က မဇ္ဈိမကိုပြောသည်။

"ကျနော်တို့ကတော့ ကျနော်တို့ဗိုလ်ချုပ်ရဲ့ သမီးဆိုတော့ အမေစု လာတော့ တအားဝမ်းသာကြတယ်။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖို့လည်း ပြင်ထားကြတာ။ အခုကျနော်တို့လာတာလည်း အလုပ်တွေဖျက်ပြီးတော့ လာကြိုကြတာပါ။"

ရပ်ကွက်ပေါင်း ၁၉ ရပ်ကွက်ရှိ ဖျာပုံမြို့နေ လူအများမှာ NLD အလံ၊ အမှတ်တံဆိပ်များ ကိုင်ဆောင်၍ NLD ဦးထုပ်တို့ ဆောင်းကာ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်မျှော်နေကြသည်ဟု ဖျာပုံရောက်မဇ္ဈိမ သတင်းထောက်က
ပြောသည်။

"လမ်းပေါ်မှာ သွားလာနေတဲ့လူတွေလည်းရှိတယ်။ NLD အလံတွေ၊ ဦးထုပ်တွေ၊ လက်ပတ်တွေနဲ့ အကုန်လုံး သွားနေကြတာပဲ။ မြို့ထဲမှာလည်း ဟိုဘက် ဒီဘက် ဘန်နာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတဲ့ စာတမ်းတွေ ရေးထားတယ်။" ဟု မဇ္ဈိမ သတင်းထောက်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖျာပုံမြို့ပြင်ရှိ လူနှစ်သောင်းခန့် ဆံ့သော ဘောလုံးကွင်းတွင် နေ့လည် ၁ နာရီခန့်၌ လူထုသို့ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နံနက် ၆:၃ဝ ခန့်တွင် လှည်းတန်းဆိပ်ခံတံတား (၂)မှ တဆင့် ရှပ်ပြေးမော်တော်ယာဉ်
ဖြင့် ဖျာပုံမြို့သို့ ထွက်ခွာလာနေပြီ ဖြစ်သည်။