www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၈ နိုဝင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ကျောက်ဖြူဟိုတယ်ဇုန် အကောင်အထည်ဖော်ရန် ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များက အစိုးရကို တင်ပြထား

ကျောက်ဖြူဟိုတယ်ဇုန် အကောင်အထည်ဖော်ရန် ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များက အစိုးရကို တင်ပြထား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အများပိုင်ကုမ္ပဏီတည်ထောင်ပြီး ကျေးရွာ ၁၂ ရွာကို ဟိုတယ်ဇုန်စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ဒေသတွင်း စီးပွာရေးလုပ်ငန်းရှင်များက ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြထားသည်ဟု ကျောက်ဖြူ လူမှုကွန်ရက်မှ ဦးထွန်းလွင်က အောက်တိုဘာ ၂၄ တွင် မဇ္ဈိမသို့ ပြောသည်။

ကျောက်ဖြူမြို့နယ် ရမ်းဗြဲကျွန်းပေါ်ရှိ ကျေးရွာ ၁၂ ရွာကို ဟိုတယ်ဇုံအဖြစ် အကောင်အထည်ဖော်ရန် ရည်ရွယ်၍ ၂၀၁၃သြဂုတ်လက ကျောက်ဖြူ အများပိုင်ကုမ္ပဏီကို ဖွဲ့စည်းလိုက်ပြီး ယင်းလတွင်ပင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားသည်ဟု အများပိုင်ကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကျောက်ဖြူအများပိုင်ကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဝင်ဦးဝင်းစိုးက “အထူးစီးပွားရေးဇုန်လည်း တည်ဆောက်မှာဖြစ်တယ်၊
ကျောက်ဖြူမှာ ဒေသခံမဟုတ်တဲ့ စီးပွားရေးသမားတွေ လာရောက်ကြတဲ့အတွက် ဒီနေရာကို ဟိုတယ်ဇုန် လုပ်ဖို့
ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေက ကြိုးပမ်းကြတာဖြစ်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ဟိုတယ်ဇုန်စီမံကိန်းအတွက် ကျေးရွာ ၁၂ ရွာမှ မြေဧက ငါးထောင်ကျော် သတ်မှတ်ထားပြီး ယင်းကျေးရွာများသည်
ကျောက်ဖြူမြို့နယ် ရမ်းဗြဲကျွန်းပေါ်တွင် တည်ရှိသည်။ ယင်းမြေများမှာ ကျောက်ဖြူမြို့နယ်၏ ကမ်းခြေ လှပသော
နေရာများဖြစ်ပြီး ကမ်းခြေတစ်လျောက်၊ စိုက်ပျိုးမြေများ၊ သစ်တောများလည်းရှိသည်ဟု ဦးထွန်းလွင်က ဆိုသည်။

ကျောက်ဖြူ ဟိုတယ်ဇုန် အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ဒေသခံကျေးရွာသားများကမူ မြေယာများကို
ရောင်းချလိုခြင်းမရှိဟု ကျောက်ဖြူ လူမှုကွန်ရက်မှ ဦးထွန်းလွင်က ပြောသည်။

“ဒေသခံတွေကတော့ သူတို့ပိုင်တဲ့မြေတွေကို အသုံးပြုမယ်ဆိုရင် ရောင်းချခြင်းထက် အကျိုးတူ ပူးပေါင်းချင်ကြတယ်။ အများပိုင်ကုမ္ပဏီဘက်က လူတွေကတော့ မြေကွက်တွေကို တစ်ဦးချင်းသော်လည်းကောင်း ကုမ္ပဏီအနေနဲ့
သော်လည်းကောင်း ပိုင်ဆိုင်ဖို့ ကြိုးစားကြတယ်၊ အချို့နေရာတွေက ရွာပိုင်မြေ ဖြစ်ပြီးဂရန်မပြနိုင်တဲ့အခါ ကုမ္မဏီ ထဲကလူတွေက ဂရန်ခံပြီး ပိုင်ဆိုင်အောင်ကြိုးစားလာကြတယ် ကုမ္မဏီ နဲ့ရွာသားတွေကြားမှာ အဲဒါ ပြသနာဖြစ်နေ တယ်”ဟု ကျောက်ဖြူလူမှုကွန်ရက်မှ ဦးထွန်းလွင်က မဇ္ဈိမသို့ ပြောသည်။

ကျောက်ဖြူတွင် အစိုးရက အစီအစဉ် အကောင်အထည်ဖော်လျက်ရှိသော ကျောက်ဖြူ သဘာဝဓာတ် ငွေ့ ပိုက်လိုင်း စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့ အကောင်အထည်ဖော် လျက်ရှိပြီး
မြေယာလျော်ကြေးကိစ္စ အရှုပ်အထွေးများလည်း ဖြေရှင်းရဆဲဖြစ်သည်။

အဆိုပါ ကျောက်ဖြူဟိုတယ်ဇုန်စီမံကိန်းမှာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များမှ အကောင်အထည်ဖော်ရန် လိုလား
သော စီမံကိန်းဖြစ်ပြီး အစိုးရမှ တရားဝင်ခွင့်ပြုမိန့် ရရှိရန် ကြိုးစားဆဲဖြစ်သည်ဟု ဦးထွန်းလွင်က ဆိုထားသည်။

အောက်တိုဘာ ၂၆ ရက်တွင် ကျေးရွာဒေသခံများနှင့် အများပိုင်ကုမ္မဏီမှ တာဝန်ရှိသူများ တွေ့ဆုံပြီး မြေယာကိစ္စများ ညှိနှိုင်းကြမည်ဖြစ်သည်။

ယင်းအပြင် ကျောက်ဖြူတွင် အထူးစီးပွားရေးဇုန် တည်ထောင်ရန်လည်းရှိပြီး ရင်းနှီးမြှုပ်နှံမှု ခန့်မှန်းချက် အနေဖြင့် ကျပ်သန်းကိုးသောင်းခန့် ရင်းနှီးမြှုပ်နှံမှု ဖြစ်လာနိုင်ပြီး အလုပ်သမားဦးရေခန့်မှန်းချက်မှာ လေးသောင်းခန့်
ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 36 guests online