www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၂၃ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အိန္ဒိယတွင် ဂျင်ဆင်းဥကို တရားမ၀င်ပို့ရန် တားမြစ်ထားသဖြင့် မြန်မာနယ်စပ်မှ လှည့်ပို့နေ

အိန္ဒိယတွင် ဂျင်ဆင်းဥကို တရားမ၀င်ပို့ရန် တားမြစ်ထားသဖြင့် မြန်မာနယ်စပ်မှ လှည့်ပို့နေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အိန်္ဒိယ-မြန်မာ နယ်စပ်တွင် ပေါက်နေသည့် ဂျင်ဆင်းဥများကို တရားမ၀င် ရောင်းဝယ်ဖောက်ကားခြင်း မပြုရန် အိန္ဒိယအစိုးရက တားမြစ်ထားသော်လည်း မြန်မာနယ်စပ်မှဖြတ်ကာ တရုတ်နိုင်ငံသို့ ကုန်တင်ကားများဖြင့်
မှောင်ခိုသယ်ယူလျက်ရှိသည်ဟု အောက်တိုဘာလ၂၄ ရက်ထုတ် Sangai Express သတင်းစာက ရေးသားသည်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် တောင်တန်းပေါ်ရှိ တပ်ဆမ်ကျေးရွာမှ ဆေးဖက်ဝင် ဂျင်ဆင်းဥများကို လွန်ခဲ့သည့်နှစ် အနည်းငယ်က တရုတ်ကုမ္ပဏီတချို့က လူလွှတ်ကာ မြန်မာနိုင်ငံ ဆွမ္ပရာကျေးရွာမှတစ်ဆင့် အများအပြား ၀ယ်ယူ ခဲ့ကြသည်။

ထိုဂျင်ဆင်းဥအခြောက် တစ်ကီလိုဂရမ်လျှင် မြန်မာကျပ်ငွေ ၃၇,၅၀၀ကျပ်နှုန်း ဈေးပေါက်သည်ဟုလည်း သိရသည်။

ထိုဆေးဖက်ဝင် ဂျင်ဆင်းဥများအား တရားမ၀င် သယ်ဆောင် ရောင်းဝယ်ဖောက်ကားခြင်းကို အိန္ဒိယ အစိုးရက တားမြစ်ထားသည်။

သို့သော် ထိုဂျင်ဆင်းဥ(အရပ်အခေါ် တောင်လုံးကျော်ဥ)များအား မြန်မာနိုင်ငံနယ်စပ်မှ ဖြတ်ကျော်သယ်ဆောင်မည် ဆိုပါက ပရဆေးအနေဖြင့် တရားဝင် ခွင့်ပြုထားပြီးဖြစ်ကြောင်း တမူးနယ်စပ် ကုန်သွယ်ရေး စခန်းမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

“အခုလည်း သွားပါတယ်။ အရင်တုန်းက အောက်လမ်း(တရားမ၀င်လမ်း)က သွားတယ်။ ဘယဆေးအနေနဲ့ သွား တယ်။ မိုးရေးကနေ မြန်မာပြည်ဝင်တာ၊ အိန္ဒိယပြည်နယ်တွေက ထွက်တာ။ နယ်စပ်ကနေ သွားတာ။ လုပ်နေကျ မဟုတ်တော့ အခု ဈေးနှုန်းမသိဘူး။ ရူပီး၂၅၀၀ (မြန်မာငွေ ခုနှစ်သောင်းခွဲကျော်) လောက် ပေါက်တယ်။ ဒီကနေ မန္တလေးကို သွားတယ်ဗျ”ဟု တမူးမြို့ အရောင်းအ၀ယ်လုပ်နေသူ အမျိုး သားတစ်ဦးက မဇ္ဈိမကို ရှင်းပြသည်။

ဒေသခံများအဆိုအရ ထိုဆေးဖက်ဝင် ဂျင်ဆင်းဥများအား တရုတ်ကုမ္ပဏီများမှ အ၀ယ်တော်များ အလုံးအရင်းဖြင့် လာရောက် ၀ယ်ယူကာ ဆေးဝါးဖော်စပ်ကြောင်း သိရသည်။

၂၀၀၉ ခုနှစ်ဝန်းကျင်မှ စတင်ကာ မဏိပူရ်ပြည်နယ်၊ နာဂလန်းပြည်နယ် တောင်တန်းများပေါ်တွင် ထွက်ရှိသည့် ဂျင်ဆင်းဥ အရောင်းအ၀ယ်သည် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့ပြီးနောက်ပိုင်း အိန္ဒိယအစိုးရက ပိတ်ပင် တားမြစ် ထားခဲ့သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 227 guests online