www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၂၃ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > စစ်ကိုင်းတိုင်း ခရိုင်လေးခုမှ ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံ

စစ်ကိုင်းတိုင်း ခရိုင်လေးခုမှ ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးနှင့် ပတ်သက်သည့် သဘောထားအမြင်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းနှင့်ပြည်နယ်များတွင် လိုက်လံကောက်ယူရာ စစ်ကိုင်းတိုင်းအတွင်း ခရိုင်လေးခုမှ ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံလိုက်ကြောင်း NLD စစ်ကိုင်းတိုင်း အတွင်းရေးမှူး ဦးမြင့်ကြည်က အောက်တိုဘာ ၂၃ တွင် မဇ္ဈိမကို ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း စက်တင်ဘာ ၁၉ ရက်တွင် ရွှေဘိုခရိုင်၊ ၂၁ ရက်တွင် ကသာခရိုင်၊ ၂၂ ရက်တွင် စစ်ကိုင်းနှင့်၂၃ ရက်တွင် မုံရွာခရိုင်များတွင် သဘောထားအမြင်များကို ကောက်ခံရာ ပြင်ဆင်ရန်အတွက် ထောက်ခံ လိုက်ခြင်း
ဖြစ်သည်။

မုံရွာတွင် အဆိုပါပွဲသို့ လာရောက်သူ ၁၅၀၀ ကျော်ရှိပြီး ပြင်ဆင်ရေးကိုသာ ထောက်ခံသူများပြီး အသစ် ရေးဆွဲရေးကို
ထောက်ခံသူ ငါးဦးခန့်သာရှိသည်ဟုလည်း ဦးမြင့်ကြည်က ဆိုသည်။

၎င်းက “တက်ရောက်လာတဲ့ ပြည်သူလူထုကြီးက ပြင်ဆင်မှုကို ဆန္ဒရှိတယ်ဆိုရင် မတ်တပ်ရပ်ပေးကြပါ လို့ဆို လိုက်တော့ မတ်တပ်ရပ်ကြတယ်”ဟု ဆိုသည်။

ကသာတွင် ကျင်းပခဲ့သည့် ရှင်းလင်းပွဲနှင့်ပတ်သက်၍လည်း ဦးမြင့်ကြည်က “တက်ရောက်တဲ့ ပြည်သူ လူထုက မိုးထဲလေထဲက လာရတာ၊ ၃၄၀ ကျော်တက်တယ်။ ၃၄၀ က ထောက်ခံလိုက်တယ်”ဟု ဆို သည်။

ယင်းသို့ ရှင်းလင်းပြောကြားရာတွင် ဥပဒေပိုင်းဆိုင်ရာ အချက်အလက်များ ရှင်းပြခြင်း၊ ဖွဲ့စည်းပုံတွင် ဒီမိုကရေစီ မဆန်သည့် ကိစ္စရပ်များ ရှင်းပြခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲသည့် ၁၉၄၇ အခြေခံဥပဒေဖြင့် နှိုင်းယှဉ်ပြခြင်းဖြင့် ချပြ ရှင်းလင်းသည်ဟုလည်း ဦးမြင့်ကြည်က ဆိုသည်။

ရှမ်းမြောက်ပိုင်းတွင်လည်း ခရိုင်သုံးခုက ပြင်ဆင်ရန် သဘောတူလိုက်ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက် ၍ NLD မှ သဘောထားကောက်ယူမှုများကို မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် ရန်ကုန် တိုင်းတို့တွင် ကောက်ယူပြီးဖြစ်ရာ ပြင်ဆင်ရေးအား ထောက်ခံသူ ၈၀ ရာခိုင် နှုန်းနှင့် ၉၀ ရာခိုင်နှုန်းအကြားရှိသည်။ အသစ်ရေးဆွဲရန် ဆန္ဒပေးသူမှာ ၂၀ ရာခိုင်နှုန်းခန့်သာရှိသည်ဟု သိရသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ တွင် ဖွဲ့စည်းပုံရှိ အခန်းအချို့မှ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင်
 ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက်
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက် ၀က်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်
ဖြစ်သည်။ ယင်းအပြင် အချို့ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမဲဖြင့် ပြင်ဆင်ရမည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 35 guests online