www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > မွန်နှစ်ပါတီ ပူးပေါင်းရန်အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက နိုဝင်ဘာတွင် တိကျသော ဆုံးဖြတ်ချက်ပေးမည်

မွန်နှစ်ပါတီ ပူးပေါင်းရန်အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက နိုဝင်ဘာတွင် တိကျသော ဆုံးဖြတ်ချက်ပေးမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မွန်နှစ်ပါတီ ပူးပေါင်းရေးနှင့် ပတ်သက်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက နိုဝင်ဘာလ ၂၂ ရက်တွင်
ပြတ်သားသည့် ဆုံးဖြတ်ချက်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာလ၂၂ရက်က မော်လမြိုင်မြို့တွင် ကျင်းပသည့် ညှိုနှိုင်းအစည်းအဝေးတွင် ကတိပေးခဲ့သည်ဟု ပေါင်းစည်းရေး အကျိုးဆောင်အဖွဲ့က ပြောသည်။

မော်လမြိုင်မြို့၊ဈေးကြိုရပ်ရှိ ဓာတုမာလာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည့် ယင်းညှိုနှိုင်းအစည်းအဝေးသို့ အကျိုးဆောင်အဖွဲ့မှ သံဃာတော်များ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဘက်မှ ဒု-ဥက္ကဋ္ဌ နိုင်သိုက် ဦးဆောင် သည့် ကိုယ်စားလှယ်များနှင့် မွန်ဒီမိုကရေစီပါတီဖက်မှ တွဲဘက်အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းကြည်ဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ယင်းအစည်း အဝေးတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ပူးပေါင်းရေး အကျိုးဆောင်အဖွဲ့မှ အတွင်းရေးမှူး ဆရာတော်ပုပ္ဖဟံသာက “မွန်ဒီမို (မွန်ဒီမိုကရေစီပါတီ) က ပေါင်းဖို့ အဆင်သင့် ဖြစ်နေပြီ။ မွန်ဒေသ (မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ)ဘက်က အဖြေကို စောင့်နေတယ်။ နောက် တစ်လကျရင် သဲသဲကွဲကွဲ သိရပါလိမ့်မယ်”ဟု မိန့်သည်။

မွန်ပါတီနှစ်ခု လစဉ်ညှိုနှိုင်းဆွေးနွေးပြီး ၂၀၁၄ ခုနှစ်မကုန်မီ အမည်သစ်တစ်ခုဖြင့် ပေါင်းစည်းရန် ၂၀၁၂ ခုနှစ် ဧပြီလ ၂၂ ရက်က မော်လမြိုင်မြို့ တောင်ပေါ်တန်းရှိ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းတွင် သဘောတူ လက်မှတ်
ရေးထိုးခဲ့ကြသည်။

ထိုသို့ သဘောတူထားကြသော်လည်း ပေါင်းစည်းနိုင်မည့် နည်းလမ်းများကို ရှာဖွေ ဆွေးနွေးညှိနှိုင်းခြင်း မပြုဘဲ မြို့နယ်အသီးသီးတွင် အပြိုင်အဆိုင် ရုံးများ ဖွင့်လှစ်လာခြင်းတို့ကြောင့် မွန်ပြည်သူများဘက်က ပါတီနှစ်ခု အမြန် ပူးပေါင်းရန် ဖိအားပေး တောင်းဆိုလာခဲ့သည်။

၎င်းတို့၏ အကြောင်းပြချက်မှာ ၂၀၁၄ ခုနှစ်ကုန်ရောက်မှသာ ပူးပေါင်းပါက ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန်
နောက်ကျသွားမည်ဟု ဆိုသည်။

ပူးပေါင်းရန်ကြန့်ကြာရခြင်းသည် နှစ်ဖက်ပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့၏ ပုဂ္ဂိုလ်ရေးနှင့် သဘောထား တင်းမာမှု
ကြောင့် ဖြစ်သည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။

စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်ထိ မော်လမြိုင်မြို့တွင် ကျင်းပသည့် မွန်အမျိုးသားကွန်ဖရင့်တွင်လည်း တက်
ရောက်လာသူများ၏ ဆန္ဒသဘောထားကို သိရှိရန်အတွက် ပူးပေါင်းရေးအကျိုးဆောင်အဖွဲ့က သဘောထား
တောင်းခံလွှာ ၃၅၅ စောင် ဖြန့်ဝေခဲ့ရာ ၂၈၀ စောင် ပြန်လည် လက်ခံရရှိခဲ့ပြီး ပူးပေါင်း စေလိုသူ ၂၇၃ ဦးနှင့် ပူးပေါင်းရန်ကန့်ကွက်သူ ခုနစ်ဦးရှိကြောင်း အရှင်ပုပ္ဖဟံသာက မိန့်သည်။

မွန်နိုင်ငံရေးပါတီနှစ်ခု ယခုနှစ်ကုန်တွင် နောက်ဆုံးထားမပူးပေါင်းနိုင်ပါက တတိယပါတီတစ်ခုထူထောင် သွားမည်
ဖြစ်ကြောင်း အရပ်ဘက် မွန်လူမှုအသင်းအဖွဲ့များက အောက်တိုဘာလ ၁၃ ရက်တွင် ဆုံးဖြတ်ပြီး ဖြစ်သည်။

သို့သော်လည်း ထိုဆုံးဖြတ်ချက်သည် ပူးပေါင်းနိုင်ရေးအတွက် ဖိအားပေးခြင်းသာဖြစ်ပြီး တတိယပါတီ ထောင်ရန် အဓိက ဦးတည်ခြင်းမဟုတ်ကြောင်း အောက်တိုဘာ ၁၃ ရက်ကပြုလုပ်သည့် “နှစ်ပါတီပေါင်းစည်းရေး အကျိုးဆောင် သံဃာတော်များ၏ လုပ်ငန်းစဉ် ပြန်လည်တင်ပြခြင်း” အခမ်းအနားသို့ တက်ရောက်ခဲ့သူ မင်းဋ္ဌေးအောင်ကလည်း မဇ္ဈိမကို ပြောခဲ့သေးသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 63 guests online