www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
သောကြာ, ၁၈ အောက်တိုဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဆက်သွယ်နိုင်မည့် ကားလမ်း အဆင့်မြှင့်တင်မည်

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဆက်သွယ်နိုင်မည့် ကားလမ်း အဆင့်မြှင့်တင်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ ဆက်သွယ်နိုင်မည့် ကျိုက်မရောမြို့နယ်အတွင်းရှိ တရနာ-ချောင်းနှစ်ခွ ခေတ်မီ
နှစ်လမ်းသွား မော်တော်ကားလမ်းကို လာမည့် အောက်တိုဘာလတွင် စတင် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း မွန်ပြည်နယ် စီပွားရေးနှင့် စီမံကိန်းဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

ထိုလမ်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Japan International Coorperation Agency - JICA) ၏ ချေးငွေဖြင့် ကျပ်သန်းပေါင်း ကိုးထောင်ကျော် အကုန်အကျခံကာ တိုးချဲ့ အဆင့်မြှင့်တင်မည်
ဖြစ်ပြီး ကွင်းဆင်းလေ့လာ တိုင်းတာမှုများ ပြုလုပ်ပြီးစီးပြီ ဖြစ်သည်ဟု သူက ပြောကြားသည်။

“လမ်းအဟောင်းက ရှိပြီးသားပဲ။ အရင်ကလည်း မွန်ပြည်သစ်ပါတီက လုပ်ခဲ့တာရှိတယ်။ အမာခံကလည်း ရှိပြီးသား ဆိုတော့ သိပ်အခက်အခဲမရှိဘူး။ တံတားတွေတော့ အများကြီးဆောက်ဖို့ လိုမယ်” ဟု ဒေါက်တာမင်းနွယ်စိုးက
ပြောသည်။

ကျောက်ခင်းလမ်းကြမ်းကို ၂၀၁၃ -၂၀၁၄ စီမံကိန်းနှစ်တွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၁၄-၂၀၁၅ စီမံကိန်း
နှစ်တွင် နိုင်ငံတကာအဆင့်မီကတ္တရာလမ်း အပြီးသတ် ခင်းသွားမည်ဟုလည်း ဆက်ပြောသည်။

အရှည်၂၄ မိုင်ဝန်းကျင်ရှိသည့် ထိုလမ်းမှ လမ်းပိုင်းအချို့ကို နယ်စပ်ဒေသဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် မွန်ပြည်သစ်ပါတီ က ၁၉၉၅ ခုနှစ် ပထမအကြိမ် အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်းတွင် ဖောက်လုပ်ခဲ့ပြီး တောင်ကျချောင်းရေများ တိုက်စားမှုနှင့် ပြုပြင်ခြင်းမရှိသည့်အတွက် ပျက်စီးခဲ့သည်။

ယခင် မြေသားလမ်းဟောင်းကို ကျောရိုးပြုကာ ဖောက်လုပ်မည်ဖြစ်သည့်အတွက် ဒေသခံများ၏ အိမ်ရာခြံမြေများ ထိခိုက်မှုမရှိကြောင်း ကွင်းဆင်းလေ့လာ တိုင်းတာမှု ပြုလုပ်စဉ်တွင် ပါဝင်သည့် ကျိုက်မရောမြို့နယ် ဆောက်လုပ်
ရေးဝန်ထမ်းတစ်ဦးက ပြောသည်။

တရနာ-ချောင်းနှစ်ခွလမ်းသည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဆက်သွယ်ပေးသည့် မော်တော်ကား လမ်း ဖြစ်သကဲ့သို့ ထိုင်းနယ်စပ် ဘုရားသုံးဆူသို့ ကုန်သွယ်ရာတွင်လည်း အရေးပါပြီး ကျိုက်မရောမြို့နယ်တွင်
ဇေကမ္ဘာကုမ္ပဏီ၊ Pacific Link Cement Industries Co. Ltd. နှင့် June Industry Co.Ltd.တို့ တည်ဆောက်မည့် ဘိလပ်မြေစက်ရုံအတွက်လည်း အထောက်အကူဖြစ်လိမ့်မည် ဖြစ်သည်။

JICA သည် ချေးငွေများကို ဆယ်နှစ် အတိုးမဲ့ဖြင့် အနှစ်သုံးဆယ်အတွင်း ၀ ဒသမ ၄ ရာနှုန်းဖြင့် ချေးငှားပေးသွား မည့် အပြင် လမ်းဖောက်လုပ်ရာတွင် လိုအပ်မည့် ခေတ်မီပစ္စည်းများနှင့် နည်းပညာပိုင်းဆိုင်ရာများကို အကူအညီ
ပေးသွားမည်ဟုလည်း ဒေါက်တာမင်းနွယ်စိုးက ပြောသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 13 guests online