www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
သောကြာ, ၁၈ အောက်တိုဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရန် သုတေသနစီမံကိန်းတစ်ခုကို လေးနှစ်အတွင်း ဆောင်ရွက်မည်

မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရန် သုတေသနစီမံကိန်းတစ်ခုကို လေးနှစ်အတွင်း ဆောင်ရွက်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မွေးမြူရေးကဏ္ဍဖွံ့ဖြိုးလာရန် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်ဒေသ ကျေးရွာများရှိ အိမ်မွေးတိရစ္ဆာန်များကို သုတေသနလုပ်သည့် စီမံကိန်းတစ်ခုအား လေးနှစ်အတွင်း အပြီးဆောင်ရွက်မည်ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အမျိုးသားအဆင့် စီမံချက်မန်နေဂျာ ဒေါက်တာကျော်နိုင်ဦးက မဇ္ဈိမကို ပြောသည်။

“စီမံကိန်းအတွက် လျာထားတဲ့ ကျေးရွာတွေမှာ နွားမွေးမြူရေး သုတေသနလုပ်ငန်းတွေ သိုးနဲ့ဆိတ် မွေးမြူရေး သုတေသနလုပ်ငန်းတွေ ကြက်မွေးမြူရေး သုတေသနနဲ့ တိရစ္ဆာန်အစာဖွံ့ဖြိုးရေး အထူးသုတေသနတွေကို လုပ်ဆောင်သွားမယ်”ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အမျိုးသားအဆင့် စီမံချက်မန်နေဂျာ ဒေါက်တာ
ကျော်နိုင်ဦးက ပြောသည်။

ထိုစီမံကိန်းအား မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်အောက်ရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် (ရေဆင်း)
နှင့် သြစတြေးလျ အပြည်ပြည်ဆိုင်ရာ သုတေသနအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး သုတေသနအဖွဲ့တွင် သြစတြေးလျနိုင်ငံ ကွင်းစလန်းတက္ကသိုလ်နှင့် မဲလ်ဘုန်းတက္ကသိုလ်တို့ ပါဝင်မည် ဖြစ်သည်။

ထိုစီမံကိန်းကို မိတ္ထီလာမြို့ ရေဝေကျေးရွာအုပ်စု ကျောက်အိုးကျေးရွာမှ စတင်၍ သုတေသနပြုလုပ်မည် ဖြစ်ပြီး မိတ်္ထီလာမြို့ ကျေးရွာတစ်ရွာနှင့် မြင်းခြံမြို့မှ ကျေးရွာတစ်ရွာတို့တွင် အောက်တိုဘာလ ဒုတိယပတ်မှ စတင် အကောင်အထည်ဖော်နေပြီဟု ဒေါက်တာကျော်နိုင်ဦးက ပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကျေးရွာများတွင် ဒေသခံများ တစ်ပိုင်တစ်နိုင် မွေးမြူထားသည့် တိရစ္ဆာန်၏ လိုအပ်ချက် များကို လေ့လာရန် သြစတေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ သုတေသနအဖွဲ့မှ အငယ်တန်း သုတေသီတစ်ဦးက
ကျေးရွာများတွင် နေထိုင်ကာ တိုင်းတာစစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်သည်။ သုတေသနလုပ်ဆောင်သည့် ရလဒ်ကို လည်း ကျေးရွာများထံ ပြန်လည် ဖြန့်ဝေပေးမည်ဟု ဆိုသည်။

လက်ရှိတွင် မိတ္ထီလာမြို့ ရေဝေကျေးရွာအုပ်စု ကျောက်အိုးကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံကာ စီမံကိန်း
ဆောင်ရွက်မည့် အခြေအနေများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အမျိုးသားအဆင့် စီမံချက်အဖွဲ့မှ ကွင်းဆင်း လုပ်ဆောင်ပြီဖြစ်သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 58 guests online