www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
သောကြာ, ၁၈ အောက်တိုဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အစိုးရနှင့် KIO လာမည့် နိုဝင်ဘာလအတွင်း ထပ်မံတွေ့ဆုံမည်

အစိုးရနှင့် KIO လာမည့် နိုဝင်ဘာလအတွင်း ထပ်မံတွေ့ဆုံမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ လာမည့်
နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက်များတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ထပ်မံ တွေ့ဆုံဆွေးနွေးသွားမည်
ဖြစ်ကြောင်း နှစ်ဖက် ငြိမ်းချမ်းရေး အကျိုးဆောင်များက အောက်တိုဘာ ၂၁ တွင် မဇ္ဈိမကို ပြောသည်။

အောက်တိုဘာလ ၃၀ မှ နိုဝင်ဘာ ၁ ရက်အထိ KIO ဌာနချုပ် လိုင်ဇာမြို့တွင် လက်နက်ကိုင် တိုင်းရင်းသား
ခေါင်းဆောင်များ ညီလာခံ ကျင်းပပြီးနောက် KIO နှင့် အစိုးရတို့ နိုဝင်ဘာလ ၃ ရက်တွင် ထပ်မံ ဆွေးနွေးကြမည်ဟု
မြန်မာ့ငြိမ်းချမ်းရေးစင်တာ( MPC ) မှ ဦးလှမောင်ရွှေက ပြောသည်။

ဦးလှမောင်ရွှေက “ခေါင်းဆောင်တွေ တွေ့ဖို့ကတော့ ကေအိုင်အိုလုပ်မယ့် တိုင်းရင်းသား အစည်းအဝေး ပြီးနောက်
နိုဝင်ဘာ ၂ ရက်ကို သူတို့(ကေအိုင်အို) မြစ်ကြီးနားကို ဆင်းလာမယ်။ ၃ ရက်နဲ့ ၄ ရက်မှာ ၀န်ကြီးဦးအောင်မင်း
ခေါင်းဆောင်တဲ့ ကော်မတီနဲ့ ကေအိုင်အို ဆွေးနွေးဖို့ရှိတယ်။ ဒါပေမဲ့ အဲဒီမှာ ကေအိုင်အိုတစ်ဖွဲ့ထဲမဟုတ်ဘူး။ တိုင်ရင်းသားခေါင်းဆောင်အားလုံးနဲ့ ဆွေးနွေးမယ့် အနေအထားပါဘဲ”ဟု ပြော သည်။

၎င်းဆွေးနွေးပွဲမတိုင်မီ အစိုးရနှင့် KIO ဘက်မှ နည်းပညာအထောက်အကူပြု အဖွဲ့များ ထပ်မံဆွေးနွေးရန်ရှိပြီး
နောက် ၀န်ကြီးဦးအောင်မင်းနှင့် KIO တို့ တွေ့ဆုံပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ နှစ်ဖက် မူကြမ်းများအား ပြန်လည် ညှိနှိုင်းသွားမည်ဖြစ်သည်ဟုလည်း ၎င်းက မဇိ္ဈမကို ပြော သည်။

“အဲဒီမှာ ကျွန်တော်တို့ဘက်ကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ အဓိက ဆောင်ရွက်တာ
ဖြစ်တဲ့အတွက် တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း ဒါကို Draft (မူကြမ်း) လုပ်ထားမယ်။ ကျွန်တော်တို့ ဘက် ကလည်း လုပ်ထားတာကို နှစ်ဖက် ပြန်ညှိနှိုင်းနိုင်မယ်လို့ ကျွန်တော်တို့က မျှော်လင့်ထားတယ်” ဟု သူက ဆက်ပြော သည်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာကလည်း အစိုးရနှင့် KIO တို့ လာမည့် နိုဝင်ဘာလ ၃၊ ၄ ရက်များ တွင် တွေ့ဆုံရန် အကြမ်းအားဖြင့်သိရပြီး ထိုတွေ့ဆုံပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆိုသည့် ခေါင်းစဉ်အား အဓိကထား ဆွေးနွေးသွားရန်ရှိသည်ဟု မဇိ္ဈမကို ပြောသည်။

KIO ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ကမူ စိတ်ချရသည့် အခြေအနေမရောက်မချင်း အပစ်အခတ် ရပ်စဲရေး လက်မှတ်ကို ထိုးနိုင်မည်မဟုတ်ဟု ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ ဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ယခုလ ၈ ရက်မှ ၁၀ ရက်ထိ ဆွေးနွေးပွဲတွင် အစိုးရနှင့် KIO တို့ စစ်ရှိန်လျှော့ရေးနှင့် တိုက်ပွဲများ ထပ်မံ မဖြစ်ပွား
ရေးအတွက် ပူးတွဲ စောင့်ကြည့်ရေးကော်မတီကို ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းသွားရန်နှင့် ထိုကော်မတီအား ဆောင်ရန်၊
ရှောင်ရန် အခြေခံငါးချက်နှင့် စည်းကမ်းချက် ၁၈ ချက်တို့ ပါဝင်သည့် အသေးစိတ် စီမံချက်များ၊ စစ်ပြေးဒုက္ခသည် များ အရေး အပါအ၀င် အချက်ခုနစ်ချက်အား သဘောတူခဲ့သည်။

အလားတူ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ၀န်ကြီးဦးအောင်မင်းဦးဆောင်သော ကိုယ်စားလှယ် များ အောက်တိုဘာလ ၂၂ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့တွင် တွေ့ဆုံကာ မပြီး ပြတ်သေးသော တပ်ပိုင်း ဆိုင်ရာနှင့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးတို့ ဆွေးနွေးသွား မည်ဖြစ်ကြောင်းလည်း ဦးလှမောင်ရွှေက ပြောသည်။

“အရင် ပြည်ထောင်စုအဆင့် သဘောတူညီချက်မှာ အကောင်အထည်ဖော်ဖို့ ကျန်ခဲ့တဲ့အချက်တွေရယ်။ နောက်ထပ် agenda တွေ IDP (စစ်ပြေးဒုက္ခသည်) ကိစ္စ၊ တပ်နေရာချထားရေးကိစ္စ၊ monitoring com mittee ဖွဲ့ဖို့ အလုပ် တာဝန်တွေပါမယ်။ ကျွန်တော်တို့ဘက်ကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ တင်ပြမယ်၊
နိုင်ငံရေးဆွေးနွေးပွဲကိစ္စ ဆက်သွားမယ်ဆိုတဲ့ အချက်တွေ ပါပါတယ်”ဟု သူက မဇိ္ဈမကို ပြောသည်။

အစိုးရဘက်မှ ၀န်ကြီးဦးအောင်မင်း ဦးဆောင်၍ တပ်မတော်က အရာရှိများ၊ ကယားပြည်နယ် အစိုးရအဖွဲ့များ ပါဝင် မည်ဖြစ်ပြီး KNPP ဘက်မှ ကိုယ်စားလှယ်ငါးဦး ပါဝင်မည်ဟု သိရကြောင်း သူက ဆိုသည်။

အစိုးရနှင့် KNPP တို့ နှစ်ဖက် ပြည်နယ်အဆင့် တစ်ကြိမ်၊ ပြည်ထောင်စုအဆင့် နှစ်ကြိမ် တွေ့ဆုံခဲ့သော်လည်း သဘောတူညီချက်များ အပြည့်အ၀ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးသလို၊ ခိုင်မာသည့် အာမခံ ချက်များ မရရှိသေးဘဲ တစ်တိုင်းပြည်လုံး အပစ်ရပ်ရေးအတွက် လက်မှတ်ထိုးရန် လက်တွေ့ လိုက်နာဆောင်ရွက်ရန် အခက်အခဲရှိနိုင်ပါသည်ဟု အောက်တိုဘာ ၂၀ က KNPP ဘက်မှ ထုတ်ပြန်ထားသည်။

ထို့ပြင် ယခုဆွေးနွေးပွဲတွင် စစ်ရေးဆိုင်ရာကိစ္စကို သီးသန့် တံခါးပိတ် ဆွေးနွေးသွားရန် ယခင် သဘောတူညီချက် ထဲမှ ကျန်ရှိသေးသော ကိစ္စများ၊ ပူးပေါင်းကြီးကြပ် ညှိနှိုင်းရေးကော်မတီ၏ လုပ်ထုံးလုပ်နည်း ဆိုင်ရာကိစ္စရပ်များ၊
နှစ်ဖက်နည်းပညာအဖွဲ့များ လုပ်ငန်းဆက်စပ်ဆောင်ရွက်နိုင်ရန်ကိစ္စများ ထည့်သွင်း ဆွေးနွေးသွားရန် ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

KNPP သည် အစိုးရနှင့် သုံးကြိမ်တွေ့ဆုံ၍ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သော်လည်း ယနေ့ထိ တပ်ပိုင်း ဆိုင်ရာနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ခြင်းမရှိသေးသဖြင့် ယခု ထပ်မံတွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

၁၉၉၅ ခုနှစ်ဆန်းပိုင်းက အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သော်လည်း သုံးလအကြာတွင် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့ပြီး ၂၀၁၂ ခုနှစ် မတ်လတွင် ဒုတိယအကြိမ် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြန်လည် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 50 guests online