www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၂၃ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ မုံရွာမြို့နှင့် မြင်းမူမှာလည်း ကျင်းပ

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ မုံရွာမြို့နှင့် မြင်းမူမှာလည်း ကျင်းပ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ၆၈ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပွဲကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင်လည်း ကျင်းပကြပြီး မုံရွာတက္ကသိုလ်ကျောင်းသားများက မွေးနေ့အထိမ်းအမှတ် ကုသိုလ်ပြု သွေးလှူဒါန်းခဲ့ကြသည်။

မွေးနေ့ဆုတောင်းပွဲကို ယနေ့မနက်ပိုင်းက မုံရွာမြို့ ပြည်သူ့စေတနာဆေးခန်းတွင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ လူ ၁၅ဝ ခန့် တက်ရောက်ခဲ့ကြောင်း စစ်ကိုင်းတိုင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တိုင်း သဘာပတိ ဒေါ်သန်းဝင်း က ပြောသည်။

ကျွန်မတို့ ပြည်သူ့စေတနာ ဆေးခန်းက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခမ်းအနားကို ဒီနေ့လုပ်ပါတယ်။ နောက် ဘုန်းကြီးဆွမ်းကပ်ပါတယ်။ လာတဲ့ဧည့်သည်တွေကို ကျွေးမွေးပါတယ်။ ဟောပြောပွဲနဲ့ ဆုတောင်း ကြပါတယ်''ဟု ၎င်းက မဇ္ဈိမသို့ ရှင်းပြသည်။

ဆရာတော်သံဃာတော်များက တရားပေးရာတွင် ''ဒီလိုပုဂ္ဂိုလ်မျိုးကို မှီပြီးတော့ ကုသိုလ်ယူရတယ်။ သက်ကျော် ရာကျော်ရှည်စေဖို့ ဆုတောင်းကြတယ်။ ပြည်သူ့စေတနာ ဆေးခန်းမှာဆိုရင်လည်း ဒေါ်စုမွေးနေ့ကို မှီပြီးတော့
ဆေးကုသိုလ်လုပ်တဲ့အတွက် အင်မတန်မွန်မြတ်ပါကြောင်း'' ထည့်သွင်း ဟောကြားခဲ့သည်ဟု ဒေါ်သန်းဝင်းက ဆက်ရှင်းပြသည်။

တစ်ဆက်တည်းတွင်ပင် ယနေ့ မနက်ပိုင်းက မုံရွာတက္ကသိုလ်ကျောင်းသားများက ဒေါ်အောင်ဆန်းစုကြည်
မွေးနေ့အထိမ်းအမှတ် အဖြစ်မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက် သွေးလှူဒါန်းကြကြောင်းသိရသည်။

''တက္ကသိုလ် ကျောင်းသားတွေက သူတို့ဟာ သူတို့သွေးလှူချင်တယ်ဆို့လို့၊ သူတို့ဟာသူတို့ လူစုပြီးတော့ လာကြတယ်။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆိုတော့ သူတို့ဟာ သူတို့လာကြတာ။ လာတာက ၅ဝ ကျော်၊ ၆ဝ နီးပါးရှိတယ်'' ဟု NLD သွေးအကူအညီပေးရေး တာဝန်ခံ မတင့်တင့်ဆွေ က ဆိုသည်။

၎င်းကပင် ''အမေစုမွေးနေ့ အမှတ်တရအနေနဲ့ အမေစုဖြစ်ချင်တာတွေ ဖြစ်ပါစေ။ အသက်ရာကျော်ရှည်ပါစေ။ ကျန်းမာပါစေလို့ ဆုတောင်းပါတယ်'' ဟု ဖြည့်စွက် ပြောဆိုသည်။ ယခင်ကလည်း အထိမ်းအမှတ်နေ့များတွင် မုံရွာမြို့ ကျောင်းသားလူငယ်များက သွေးလှူဒါန်းလေ့ရှိကြောင်း ယနေ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် သွေးလှူပွဲတွင် ပါဝင်သူ ကိုနေသီဟက မဇ္စျိမကို ရှင်းပြသည်။

''ကျွန်တော်တို့ အာဇာနည်နေ့တို့ဘာတို့ မှာလည်း သွေးလှူတယ်။ မေ ၃ဝ ရက်ကလည်း လှူတယ်။ အထင်ကရနေ့
တွေမှာ လူတွေက ဝင်လှူပေးကြတယ်'' ဟု ပြောဆိုသည်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကျင်းပခဲ့ ကြီးမြင်းမူမြို့နယ် လူအိုရုံတွင် အလှူဒါန ပြုလုပ်ခဲ့ကြကြောင်း စစ်ကိုင်းတိုင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌဦးအောင်က ပြောသည်။

''ကျွန်တော်တို့ ရုံးမှာ သံဃာငါးပါးကို ဆွမ်းကပ်တယ်။ ဒေါ်အောင်ဆန်းစုကြည် အသက်ရာကျော်ရှည်စေကြောင်း ဆုတောင်းတယ်'' ဟု ပြောဆိုသွားသည်။

ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခမ်းအနားများကို ရန်ကုန်မြို့တွင်လည်း ယမနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြသည်။

 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

  1. PR ၊ မျိုးစောင့်၊ TIME ၊ ညွန့်ပေါင်း၊ ၂၀၁၅၊ မီဒီယာ ကိစ္စများနှင့် ဒေါ်စု သဘောထား
  2. လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဆုချီးမြှင့်
  3. ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားပြုပါတီ ငါးပါတီ ၂ဝ၁၅ မတိုင်မီ အခြေခံဥပဒေပြင်နိုင်ရေး ဆွေးနွေး
  4. ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင်လူထု လိုအပ်ချက်များကို မေးမြန်း
  5. အခြေခံဥပဒေအား ပြည်သူ ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံခဲ့သည်ကို မယုံကြောင်း ဒေါ်စုပြော
  6. ခွဲခြားဆက်ဆံခြင်းသည် အလွန်နိမ့်ကျသည့် စိတ်ဓာတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
  7. ကော့မှူးမြို့နယ်တွင် စာသင်ကျောင်းဆောင်သစ် ပထမဆုံးအကြိမ် ဒေါ်စုလှူဒါန်း
e-letter-burmese

Who is Online

We have 173 guests online