www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၈ နိုဝင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဆုချီးမြှင့်

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဆုချီးမြှင့်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ပြည်တွင်းတွင် ပထမဆုံးအကြိမ် ကျင်းပသော လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနားကို ဇွန်လ ၁၉ ရက်၊ ညနေပိုင်းတွင် ရန်ကုန်မြို့ ထရိတ်ဒါးဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ သည်။

DASSK-Humanright-1
ဆုငါးဆုပေး

အဆိုပါ ရုပ်ရှင်ပွဲတော်ကို ဇွန်လ ၁၆ ရက်မှ ၁၈ ရက်အထိ Junction Square ရုပ်ရှင်ရုံများတွင် အခမဲ့ပြသခဲ့ သည်။ ဆုရွေးချယ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ဆု၊ မင်းကိုနိုင်ဆု၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အတွက် ပေးသော မတ် ၁၃ ဆု၊ ချက်နိုင်ငံမှပေးသော One World Award ဆုနှင့် နော်ဝေနိုင်ငံမှ ချီးမြှင့်သော NBC ဆုများ ချီးမြှင့်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ဆုကို အကျဉ်းစံဘဝ မှတ်တမ်းရုပ်ရှင် ဇာတ်ကားဖြင့် ရီနန်းထိုက်ကရရှိပြီး မင်းကိုနိုင်ဆုကို White & Green မှတ်တမ်းဇာတ်ကားဖြင့် Myanmar treasure media က ရရှိခဲ့သည်။

မတ် ၁၃ ဆုကို the chess animation (ကာတွန်း ဇာတ်လမ်းတိုဆု)ဖြင့် စွမ်းသူရထွန်းကရရှိခဲ့ပြီး
နော်ဝေနိုင်ငံမှ ပေးသောဆုကို Go Home Documentry ရိုက်ကူးသူ မောင်အေးချမ်းကရရှိပြီး ချက်နိုင်ငံမှ
ပေးသောဆုကို အခွင့်အရေး Annimation ဖန်တီးသူ မောင်စန်းက ရရှိခဲ့သည်။

ဆုပေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ''ဒီပွဲတော်မှာဆိုလို့ရှိရင် ကျွန်မတို့ရဲ့ မြန်မာနိုင်ငံက ဆုရသွားတဲ့ ပုဂ္ဂိုလ်များအားလုံးဟာ လူငယ်တွေဆိုတာ ကျွန်မသတိထားမိပါတယ်။ အဲဒါကို ကျွန်မ သိပ်ကိုသဘောကျ ပါတယ်။ လူငယ်တွေရဲ့ စိတ်ဓာတ်အင်အား၊ လူငယ်တွေရဲ့ အတွေးအခေါ် လူငယ်တွေရဲ့ ထွင်နိုင်တဲ့ အစွမ်းသတ္တိတွေဟာ ဘယ်လောက် ကျွန်မတို့ နိုင်ငံမှာရှိသလဲဆိုတာပြတာပါ''ဟု ဆိုသည်။

ထောင် ၃၆ နှစ် ကျခံခဲ့ရသူတစ်ဦး၏ ဘဝပုံရိပ်ကို ပုံဖော်ရိုက်ကူးထားသည့် ဇာတ်ကားဖြင့် ဒေါ်အာင်ဆန်းစုကြည်
ဆုရရှိခဲ့သော ရီနန်းထိုက်က ''ကျွန်တော်တို့နိုင်ငံမှာ ယုံကြည်ချက် အကျဉ်းသား တစ်ယောက် တစ်လေပဲ ကျန်တော့တယ်ဆိုရင်တောင်မှ အများကြီးဖြစ်နေပါသေးတယ်''ဟု အခမ်း အနားတွင် ပြောသွားသည်။

တိုင်းနှင့် ပြည်နယ်များတွင်လည်း ပြသမည်

ရုပ်ရှင်ပွဲတော်ကို စီစဉ်သူ ဒါရိုက်တာမင်းထင်ကိုကိုကြီးက လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်
ဆုရဇာတ်လမ်းများကို ရန်ကုန်အပြင်တိုင်းနှင့်ပြည်နယ် ၁၃ ခုတွင်လည်း ပြသသွားမည်ဟု ပြောဆိုသည်။

 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

  1. PR ၊ မျိုးစောင့်၊ TIME ၊ ညွန့်ပေါင်း၊ ၂၀၁၅၊ မီဒီယာ ကိစ္စများနှင့် ဒေါ်စု သဘောထား
  2. ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ မုံရွာမြို့နှင့် မြင်းမူမှာလည်း ကျင်းပ
  3. ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားပြုပါတီ ငါးပါတီ ၂ဝ၁၅ မတိုင်မီ အခြေခံဥပဒေပြင်နိုင်ရေး ဆွေးနွေး
  4. ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင်လူထု လိုအပ်ချက်များကို မေးမြန်း
  5. အခြေခံဥပဒေအား ပြည်သူ ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံခဲ့သည်ကို မယုံကြောင်း ဒေါ်စုပြော
  6. ခွဲခြားဆက်ဆံခြင်းသည် အလွန်နိမ့်ကျသည့် စိတ်ဓာတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
  7. ကော့မှူးမြို့နယ်တွင် စာသင်ကျောင်းဆောင်သစ် ပထမဆုံးအကြိမ် ဒေါ်စုလှူဒါန်း
e-letter-burmese

Who is Online

We have 61 guests online