www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၁၈ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အခြေခံဥပဒေအား ပြည်သူ ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံခဲ့သည်ကို မယုံကြောင်း ဒေါ်စုပြော

အခြေခံဥပဒေအား ပြည်သူ ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံခဲ့သည်ကို မယုံကြောင်း ဒေါ်စုပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

၂ဝဝ၈ အခြေခံဥပဒေအား ပြည်သူ ၉၂ ဒသမ ၄ ရာခိုင်နှုန်းက ထောက်ခံခဲ့သည်ဆိုခြင်းကို မယုံကြည်ကြောင်း အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၉ ရက်က ပြင်ဦးလွင်မြို့ လူထုနှင့်တွေ့ဆုံစဉ်တွင်
ပြောသည်။

''ကျွန်မတို့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တကယ်တော့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဥပဒေပဲဖြစ် တယ်။ ဒါ ကျွန်မ
ရှင်းရှင်းလင်းလင်းပဲ ပြောမယ်။ တချို့ကပြောတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူတွေကလက်ခံပြီးတော့ အတည်ပြုခဲ့တာပါဆိုပြီး ပြောတယ်။ အဲဒါကို ကျွန်မ သိပ်မယုံကြည်ဘူး'' ဟု သူကဆိုသည်။

သူမက ဆက်ပြီး ''ကျွန်မက အကျယ်ချုပ်ဘဝကနေလည်း ကန့်ကွက်မဲပဲထည့်ခဲ့တယ်။ တချို့ကပြောတယ်။
ပြည်သူတွေက ထောက်ခံပြီး ၉၂ ရာခိုင်နှုန်းဆိုတော့ ကျွန်မကတော့ စဉ်းစားစရာလို့ ဒီလိုပဲ စိတ်ထဲမှာ ရှိပါတယ်'' ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေအား တစ်နိုင်ငံလုံးတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပကာအတည်ပြုခဲ့သော ၂ဝဝ၈ ခုနှစ် မေလ ၁ဝ ရက်သည် ဖျက်အားကမ္ဘာ့အဆင့်ရှစ်ရှိပြီး ပြည်သူတစ်သိန်းကျော်ကို သေစေခဲ့သော နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး
ရက်သတ္တတစ်ပတ်ကျော်သာ ကြာသေးသည့်အချိန်ဖြစ်သဖြင့် ထိုအတည်ပြုချက်သည် သံသယဖြစ်ဖွယ်ဖြစ်ကြောင်း
ဝေဖန်မှုများရှိခဲ့သည်။ တစ်နိုင်ငံလုံးတွင် မြို့နယ်စုစုပေါင်း ၃၂၅ မြို့နယ်ရှိသည့်အနက် ထိုစဉ်က ၂၇၈ မြို့နယ်တွင် ဆန္ဒခံယူပွဲ ကျင်းပခဲ့သည်။

နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော ရန်ကုန်တိုင်းမှ မြို့နယ် ၄ဝ နှင့် ဧရာဝတီတိုင်းမှခုနစ်မြို့နယ်ကို ဆန္ဒခံယူပွဲ ကျင်းပမည့် ရက်အား ၂ဝဝ၈ ခုနှစ် မေ ၂၄ရက်တွင် ကျင်းပမည်ဟု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်က
ကြေညာခဲ့သည်။

၂ဝဝ၈ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင် ၂၂သန်းကျော် ရှိသည့်အနက်မှ သန်း ၂ဝ ကျော်က ထောက်ခံမဲ
ပေးခဲ့သည့်အတွက် ၉၂ ဒသမ ၄ ရာခိုင်နှုန်းက ထောက်ခံထားကြောင်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပါရှိသည်။

 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

  1. PR ၊ မျိုးစောင့်၊ TIME ၊ ညွန့်ပေါင်း၊ ၂၀၁၅၊ မီဒီယာ ကိစ္စများနှင့် ဒေါ်စု သဘောထား
  2. ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ မုံရွာမြို့နှင့် မြင်းမူမှာလည်း ကျင်းပ
  3. လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဆုချီးမြှင့်
  4. ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားပြုပါတီ ငါးပါတီ ၂ဝ၁၅ မတိုင်မီ အခြေခံဥပဒေပြင်နိုင်ရေး ဆွေးနွေး
  5. ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင်လူထု လိုအပ်ချက်များကို မေးမြန်း
  6. ခွဲခြားဆက်ဆံခြင်းသည် အလွန်နိမ့်ကျသည့် စိတ်ဓာတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
  7. ကော့မှူးမြို့နယ်တွင် စာသင်ကျောင်းဆောင်သစ် ပထမဆုံးအကြိမ် ဒေါ်စုလှူဒါန်း
e-letter-burmese

Who is Online

We have 136 guests online