www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္ဂနွေ, ၂၂ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ခွဲခြားဆက်ဆံခြင်းသည် အလွန်နိမ့်ကျသည့် စိတ်ဓာတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ခွဲခြားဆက်ဆံခြင်းသည် အလွန်နိမ့်ကျသည့် စိတ်ဓာတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။    ။ HIV/AIDS ဖြင့် အသက်ရှင်နေထိုင်သူများကို ခွဲခြားဆက်ဆံခြင်းသည် အလွန်နိမ့်ကျ သည့် စိတ်ဓာတ် ဖြစ်ပြီး ထိုအတိုင်းပြုမူပါက တိုးတက်သည့် လူမှုအသိုင်းအဝိုင်း ဖြစ်လာမည်မဟုတ်ဟု
ဒေါ်အောင်ဆန်းစုကြည် က ဝေဖန်လိုက်သည်။

DASSK-AIDS-1-ss
မေလ ၂၆ ရက်တွင် ကျရောက်သည့် HIV/AIDS ဖြင့် ကွယ်လွန်သူများ အောက်မေ့ဖွယ် မီးထွန်းဆုတောင်းပွဲ တွင် ကုလသမဂ္ဂ HIV/AIDS တိုက်ဖျက်ရေးအဖွဲ့၏ ခွဲခြားဆက်ဆံမှုပပျောက်ရေး အထူးသံတမန်ဖြစ်သူ
ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ခြင်းဖြစ်သည်။

''ပိုက်ဆံရှိလို့ အာဏာရှိလို့ သြဇာရှိလို့ မတော်မတရား အခြားလူတွေကို လုပ်ဖို့ကြံတဲ့ဟာတွေဟာ စာရိတ္တထဲမှာ ရှက်စရာအကောင်းဆုံး မဟုတ်ဘူးလား။ ဒီလိုလူမျိုးတွေ ကျတော့ မျက်နှာချိုသွေးနေကြသူတွေ အများကြီးပဲ။ ဒီလိုလူတွေကို စာရိတ္တရောဂါရှိတယ်လို့ မသတ်မှတ်ဘဲ HIV/AIDS ရှိနေတဲ့ မောင်နှမသားချင်း
တွေကို စာရိတ္တရောဂါရှိတယ်လို့ဆိုတာဟာ လူသားတွေရဲ့ အားနည်းချက်ပါ''ဟု ဒေါ်အောင်ဆန်းစုကြည်က အင်းယားလိတ်ဟိုတယ်တွင် ပြုလုပ်သည့် အခမ်းအနားတွင် ပြောသည်။

မီးထွန်းဆုတောင်းမှု အခမ်းအနားအပြီး ထုတ်ပြန်ချက်တွင်လည်း ခွဲခြားဆက်ဆံခြင်းသည် အိပ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး လုပ်ငန်းများဖြစ်သော ကာကွယ်ရေး၊ ကုသရေး၊ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများကို အဟန့်အတားဖြစ်စေသော အဓိကအချက်ဖြစ်သည်ဟု ထောက်ပြထားသည်။

အခမ်းအနားသို့ တက်ရောက်လာသည် HIV နှင့် အသက်ရှင်နေထိုင်သည့် တက္ကသိုလ်ဝင်တန်း ကျောင်းသူ တစ်ဦးကလည်း ''ပတ်ဝန်းကျင်ကလည်း သမီးတို့လို အိပ်ခ်ျအိုင်ဗွီပိုးရှိတဲ့သူတွေကို အထင်သေး အပြစ်တင် ခွဲခြားဆက်ဆံမှုတွေ အများကြီးရှိနေပါတယ်'' ဟု ပြောသွားသည်။

ယင်းအပြင် HIV ဖြင့် အသက်ရှင်နေထိုင်သူများကို အလုပ်မှ ထုတ် ပယ်ခြင်းများရှိနေပြီး အလုပ်အကိုင် ရှားပါးမှုများဖြင့် ကြုံတွေ့နေရသည်ဟု HIV ဖြင့်နေထိုင်သူများကို အကူအညီပေးနေသူ စာရေးဆရာ လှိုင်-Peer က ဆိုသည်။

''အစိုးရလုပ်ငန်းခွင်ဆို ပင်စင်ခံစားခွင့်ရှိပေမယ့် ပုဂ္ဂလိကလုပ်ငန်းခွင်များတွင်တော့ ဘယ်လိုခံစားမှုမျိုးမှ မရရှိတော့ပါဘူး။ လုပ်ငန်းခွင်ကို ကျောခိုင်းစွန့်ခွာခဲ့ရတဲ့ ပုဂ္ဂလိကလုပ်ငန်းမှ အလုပ်သမားများစွာတွေ့
နေရပါပြီ''ဟု စာရေးဆရာက ပြောသည်။

HIV ကာကွယ်ရေးအတွက် နည်းပညာနှင့် ရန်ပုံငွေများလည်း လိုအပ်လျက်ရှိနေပြီး ကျန်းမာရေးကောင်းမွန်
နေသော အိပ်ခ်ျအိုင်ဗွီရှိသူများကိုလည်း အရည်အချင်းအလိုက် အလုပ်အကိုင်၊ အခွင့်အလမ်းများ ဖန်တီးပေး ရန်လည်း မေ ၂၆ ရက် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

အိပ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အနှောင့်အယှက်ဖြစ်စေသော ဥပဒေပုဒ်မများ
ဖြစ်သည့် တရားမဝင် ဆေး ထိုးအပ်ကိုင်ဆောင်မှု၊ ပြည့်တန်ဆာပုဒ်မများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း ကုသမှုခံယူရန် ပျက်ကွက်ခြင်း ပုဒ်မတို့ကိုလည်း လိုအပ်သလို ပြုပြင်ဖျက်သိမ်းမှုများ ပြုလုပ်ပေးရန်
ကြေညာချက်တွင် ထပ်မံတောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်အတွင်း HIV ဖြင့် အသက်ရှင်နေထိုင်သူ ၂၂၀,၀၀၀ ရှိပြီး သေဆုံးသူ ၁၆၀၀၀
နှင့် ၂၀၁၂ ခုနှစ်တွင် သေဆုံးသူ ၁၅, ၀၀၀ ကျော်ရှိသည်ဟု ကုလသမဂ္ဂ HIV/AIDS တိုက်ဖျက်ရေးအဖွဲ့၏ ထုတ်ပြန်ချက်များတွင် ဖေါ်ပြသည်။

Mizzima-Sticker-Design1
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

  1. PR ၊ မျိုးစောင့်၊ TIME ၊ ညွန့်ပေါင်း၊ ၂၀၁၅၊ မီဒီယာ ကိစ္စများနှင့် ဒေါ်စု သဘောထား
  2. ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ မုံရွာမြို့နှင့် မြင်းမူမှာလည်း ကျင်းပ
  3. လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဆုချီးမြှင့်
  4. ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားပြုပါတီ ငါးပါတီ ၂ဝ၁၅ မတိုင်မီ အခြေခံဥပဒေပြင်နိုင်ရေး ဆွေးနွေး
  5. ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင်လူထု လိုအပ်ချက်များကို မေးမြန်း
  6. အခြေခံဥပဒေအား ပြည်သူ ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံခဲ့သည်ကို မယုံကြောင်း ဒေါ်စုပြော
  7. ကော့မှူးမြို့နယ်တွင် စာသင်ကျောင်းဆောင်သစ် ပထမဆုံးအကြိမ် ဒေါ်စုလှူဒါန်း
e-letter-burmese

Who is Online

We have 23 guests online