www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၂၆ စက်တင်ဘာ ၂၀၁၇

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > ဆက်သွယ်ရေးလိုင်စင်ရ Ooredoo မြန်မာနိုင်ငံအတွက် အမှုဆောင်အရာရှိချုပ်ရာထူး ခန့်အပ်

ဆက်သွယ်ရေးလိုင်စင်ရ Ooredoo မြန်မာနိုင်ငံအတွက် အမှုဆောင်အရာရှိချုပ်ရာထူး ခန့်အပ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ပြည်တွင်းဆက်သွယ်ရေးလိုင်စင်ရ ကာတာနိုင်ငံအခြေစိုက်  Ooredoo ကုမ္ပဏီက မြန်မာနိုင်ငံအတွက် အမှုဆောင် အရာရှိချုပ်ကို အောက်တိုဘာ ၂၂ ရက်တွင် ခန့်အပ်လိုက်ပြီဖြစ်သည်။

မြန်မာနိုင်ငံအတွက် အမှုဆောင်အရာရှိချုပ် ခန့်အပ်ရာတွင် Mr.Ross Cormack ကို ခန့်အပ်လိုက်ခြင်းဖြစ်ပြီး ၎င်းမှာ ယခင်က အိုမန်နိုင်ငံ Narwas ၏ CEO ဖြစ်သည်။

၎င်း၏ ယခင်နေရာကိုမူ Mr.Greg Young ကို အောက်တိုဘာ ၂၂ ရက်တွင် ခန့်အပ်လိုက်သည်ဟု Ooredoo က သတင်းထုတ်ပြန်သည်။

Ooredoo သည် ၂၀၁၃ ဇွန် ၂၇ ရက်က မြန်မာနိုင်ငံတွင် မိုဘိုင်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိရွေးချယ်ခံထားရသော ကုမ္ပဏီနှစ်ခုအနက် တစ်ခုအပါအ၀င်ဖြစ်သည်။

Ross Cormack သည် ၂၀၀၄ ခုနှစ်က အိုမန်နိုင်ငံတွင် Telecom လိုင်စင်ရရှိရေးအတွက် ဆောင်ရွက်မှုတွင် အဓိကကျသူတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီအား ထိုအချိန်မှစတင်၍ ဦးဆောင်လျက်ရှိသည်။ ၎င်း CEO  အဖြစ်
ဆောင်ရွက်သောကာလအတွင်း Nawras သည် များစွာသောမှတ်တိုင်ကောင်းများကို စိုက်ထူနိုင်ခဲ့သည်။

အူရီးဒူးကုမ္ပဏီသည် ယခုလက်ရှိ ကာတာနိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ အိုမန်နိုင်ငံ၊ အယ်လ်ဂျီးယီးယားနိုင်ငံ၊ တူနီးဆီးယားနိုင်ငံ၊ အီရတ်နိုင်ငံ၊ ပါလက်စတိုင်းနိုင်ငံ၊ မော်ဒီး နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ စသည့်နိုင်ငံများ၏ ဈေးကွက်များတွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ၂၀၀၉ ခုနှစ်တွင် အမေရိကန်ဒေါ် လာ ၉ ဒသမ ၃ ဘီလီယံ ၀င်ငွေရရှိခဲ့သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 73 guests online