www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၂၂ နိုဝင်ဘာ ၂၀၁၇

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > MDG လက်တွေ့ဖော်ဆောင်ရေး စိန်ခေါ်ချက်များ ကျော်လွှားရန် ကုလကိုကူညီဖို့ သမ္မတ ကတိပြု

MDG လက်တွေ့ဖော်ဆောင်ရေး စိန်ခေါ်ချက်များ ကျော်လွှားရန် ကုလကိုကူညီဖို့ သမ္မတ ကတိပြု

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မြန်မာသမ္မတ ဦးသိန်းစိန်က မိမိနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့၏ ၂၀၁၅ ခုနှစ် နှင့် ယင်းနှစ်အလွန် ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက် (MDG) အား လက်တွေ့ဖော်ဆောင်ရန်တွင် ကြုံတွေ့ရမည့် အခက်အခဲများအား ကျော်လွှား
နိုင်ရန်အတွက် ကုလအဖွဲ့ဝင်နိုင်ငံများ၊ ၎င်းနိုင်ငံများမှ ပြည်သူများနှင့်အတူ ပူးပေါင်းကာ ကုလအား ကူညီသွားမည်ဟု ယခုသီတင်းပတ်ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

သမ္မတဦးသိန်းစိန်က (၆၈) ကြိမ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည်နေ့အခမ်းအနားအတွက် ပေးပို့သော ၎င်း၏ သ၀ဏ်လွှာတွင် ကတိက၀တ်ပြုလိုက်ခြင်းဖြစ်သည်။

“ဒီရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် လက်တွေ့ကောင်အထည်ဖော်မှု အခြေအနေတွေ တိုးတက် နေပေမယ့် လည်း ပြောင်းလဲနေသည့်အခြေအနေများ နှင့် အချိန်အခါများအောက်တွင် စိန်ခေါ်ချက် အသစ်များ ပေါ်ထွက်လာ လျက်ရှိသည်”ဟု ဦးသိန်းစိန်က ထောက်ပြသွားခဲ့ပြီး ကုလအနေဖြင့် အနာဂတ် စိန်ခေါ်ချက်များအား တုံ့ပြန်ဖြေရှင်း ရန်နှင့် မျှော်လင့်ချက်များ ပြည့်မီနိုင်စေရန်အတွက် ပိုကောင်းသော အနေအထားတွင်ရှိနေရန် လိုအပ်သည်ဟုလည်း အလေးအနက်ထည့်သွင်း ပြောကြားသွားခဲ့သည်။

ကုလ၏ MDG များမှာ သန်းပေါင်းများစွာသောဆင်းရဲသားများအား အလွန်အမင်းဆင်းရဲနေခြင်းမှ ကူညီကယ်တင်နိုင် ခဲ့သော သမိုင်းဝင်ဖော်ဆောင်မှုများရှိခဲ့သော်လည်း သမ္မတက ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင်လည်း ရှေရှည်ဖွံ့ဖြိုး တိုးတက်မှုများရှိစေရန်အတွက် ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းချက်များအား ပြင်းပြင်းထန်ထန် ဆက်လက်ဆောင်ရွက် သင့်ကြောင်း အလေးအနက်ပြောကြားသွားခဲ့သည်။

ထို့အပြင် သမ္မတကဖွံ့ဖြိုးတိုးတက်ရေးအား အဟန့်အတားဖြစ်စေသော ကပ်ဘေးများအား ကာကွယ်မှုနှင့် ကပ်ဘေးအန္တရာယ်လျှော့ချရေးတို့အား နှစ်ဆမြှင့်တင်ရန် တောင်းဆိုလိုက်သည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ပေါ်ပေါက်လာသော အန္တရာယ်များ လျှော့ချရေး၊ အမျိုးသမီးများ ပညာသင်ခွင့်နှင့် ကလေးများ၏ ကျန်းမာရေးကိစ္စရပ်များအား နီးနီးကပ်ကပ် အလေးပေးဆောင်ရွက်ရန်ကိုလည်း သမ္မတကတောင်းဆို လိုက်သည်။

ထို့အတူ သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုစီးပွားရေးပြုပြင် ပြောင်းလဲမှုများအား ကုလသမဂ္ဂမှ မားမားမတ်မတ်ထောက်ပံ့ခဲ့ခြင်းအား ကျေးဇူးတင်ကြောင်း၊ ကုလ၏ ပိုမိုငြိမ်းချမ်းသာယာဝပြောသော ကမ္ဘာတစ်ခု တည်ဆောက်ရေးရည်မှန်းချက်အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများနှင့် အထောက် အကူပေးခြင်းများကို ထပ်မံကတိပြုလိုက်သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 69 guests online