www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၂၂ နိုဝင်ဘာ ၂၀၁၇

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > Standard Chartered ဘဏ်ကပံ့ပိုးမည့်အစီအစဉ်များ ၂၀၁၄ ဇွန်လတွင် စတင်မည်

Standard Chartered ဘဏ်ကပံ့ပိုးမည့်အစီအစဉ်များ ၂၀၁၄ ဇွန်လတွင် စတင်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

Standard Chartered ဘဏ်က မြန်မာအမျိုးသမီးငယ်များအား ပံပိုးမည့်အစီအစဉ်များကို ၂၀၁၄ ဇွန်လတွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းဘဏ်၏ မြန်မာပြည်ဌာနေကိုယ်စားလှယ် အရာရှိချုပ် Tina Singh sacha က ပြောသည်။

Standard Chartered ဘဏ်က မြန်မာနိုင်ငံရှိ အသက် ၁၂ နှစ်မှ ၂၀ ကြား အမျိုးသမီးများအတွက် ငွေကြေး အသုံးချမှု ဆိုင်ရာ ပညာပေးရန်နှင့် လိုအပ်မည့် စွမ်းရည်များကို ပျိုးထောင်ပေးမည့် Goal လှုပ်ရှားမှုကို
အောက်တိုဘာလ ၂၄ တွင် စတင်ခဲ့ကြောင်း ယင်းဘဏ်က ထုတ်ပြန်ခဲ့သည်။

Goal အစီအစဉ်များကို ၂၀၁၄ ခုနှစ် ဇွန်တွင် မြန်မာ့အမျိုးသမီး ၅၀၀ ဦးဖြင့်စတင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

Standard Chartered မြန်မာပြည်ဌာနေကိုယ်စားလှယ် အရာရှိချုပ် Tina Singhsacha က“မြန်မာနိုင်ငံမှာ ရေရှည် တည်တံမဲ့ စီးပွားရေးဖြစ်ထွန်းအောင် Standard Chartered  က ထောက်ပံကူညီသွားမှာပါ၊ အမျိုးသမီးလေးတွေ အရွယ်ရောက်လာတဲ့အလျောက် ပိုပြီးအကျိုးဖြစ်ထွန်းမဲ့ရွေးချယ်မှုလုပ်နိုင်ဖို့ ဒီအစီ အစဉ်ကနေ အထောက်အပံ့နဲ့ ဗဟုသုတတွေကို ပံပိုးပြင်ဆင်ပေးမယ်”ဟု ပြောသည်။

အဆိုပါ Goal အစီအစဉ်သည် နိုင်ငံ၏လူမှုဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေးအတွက် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများ၊ ကျွမ်းကျင်မှုအတတ်ပညာ နှင့် စီးပွားရေး အခွင့်အလမ်းများနှင့် ပက် သက်၍ အဓိကဆောင်ရွက်သွားမည်ဟု ယင်းက ပြောသည်။

Standard Chartered သည် Goal  လှုပ်ရှားမှုကို Woman Win အဖွဲ့၊ ဒေသခံ Girl Determinded အဖွဲ့ တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

Women Win အဖွဲ့၏ ညွှန်ကြားရေးမှူး Maria Bobenriet က “၂၀၁၄ခုနှစ် ပထမသုံးလပတ်တွင် သင်တန်းနည်းပြ များအား လေ့ကျင်ရေး အစီအစဉ်စတင်မည်ဖြစ်ပြီး ဒုတိယသုံးလ၏ လပတ်နှောင်းပိုင်တွင် လုပ်ငန်းများစတင်သွားမည် ”ဟု ပြောသည်။

အဆိုပါပံ့ပိုးမည် အစီအစဉ်များကို မြန်မာနိုင်ငံတွင်းရှိ မည့်သည့်ဒေသတွင် စတင်မည်ကို လေ့လာဆွေးနွေးဆဲ
ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

၂၀၀၆ တွင် စတင်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ Goal အစီအစဉ်အရ ၂၀၁၈ ခုနှစ်အကုန်တွင် အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသရှိ ၀င်ငွေနည်းမိသားစုများမှ အမျိုးသမီးငယ် ငါးသိန်းအား ပံ့ပိုးနိုင်မည်ဟု ရည်မှန်းထား
ကြောင်း Standard Chartered မြန်မာပြည်ဌာနေကိုယ်စားလှယ်အရာရှိချုပ်Tina Singhsacha က ပြောသည်။

အဆိုပါပံပိုးမည့် အစီအစဉ်များကို ၂၀၁၄ ခုနှစ် ခြောက်လတာအတွင်း အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပစီ စဉ်သွားမည်
ဖြစ်ပြီး Standard Chartered နှင့် Clinton Global Initiative အဖွဲ့မှ ရန်ပုံငွေများဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

Standard Chartered Bank သည် မြန်မာနိုင်ငံတွင် ၁၈၆၂ ခုနှစ်ကာလတွင် အခြေစိုက် ဖွင့်လှစ်ခဲ့ပြီး ဆိုရှယ်လစ်
ခေတ်တွင် ပြည်သူပိုင်သိမ်းလိုက်မှုကြောင့် ထွက်ခွာသွားခဲ့သည်။

နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုအား ဖယ်ရှားပြီးနောက် ယခုနှစ်အစောပိုင်းမှ စတင်၍ Standard Chartered Bank သည် ရန်ကုန်တွင် ကိုယ်စားလှယ်ရုံးခွဲ ပြန်လည်ဖွင့်လှစ်သည့်ခဲ့ပြီး ပထမဆုံးသော အနောက်နိုင်ငံမှ နိုင်ငံတကာ အဆင့်ရှိဘဏ်လုပ်ငန်းတစ်ခု ဖြစ်သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 67 guests online