www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
စနေ, ၁၈ နိုဝင်ဘာ ၂၀၁၇

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > Visa Multicurrency Travel Prepaid Card ထုတ်ရန် အဆင်သင့်ဖြစ်နေ

Visa Multicurrency Travel Prepaid Card ထုတ်ရန် အဆင်သင့်ဖြစ်နေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

Visa နှင့် မြန်မာနိုင်ငံမှ ဘဏ်များပူးပေါင်းကာ Visa Multicurrency Travel Prepaid Card ပထမဆုံး အကြိမ် ထုတ်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြာင်း Visa မှ အောက်တိုဘာ ၂၄ က ထုတ်ပြန်ထားသည်။

အဆိုပါကတ်ကို ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများ နိုင်ငံခြားသို့သွားရောက်လည်ပတ်ရာတွင် သုံးစွဲနိုင်မည်
ဖြစ်သည်။

Visa Multicurrency Travel Pre-paid Card  (ငွေကြေးအမျိုးမျိုး အသုံးပြုနိုင်သောVisa ၏ ခရီးသွား ကြိုတင်ငွေ
ပေးချေကတ်) သည် ခရီးမသွားမီ ငွေလဲလှယ်မှုနှုန်းများကို ပုံသေသတ်မှတ်ထားခြင်းဖြင့် အတက်အကျရှိသော
ငွေလဲလှယ်နှုန်းများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

Visa Multicurrency Travel Pre-paid Card သည် မြန်မာနိုင်ငံတွင် ငွေကြေးသုံးမျိုး (ယူရိုငွေ၊ အမေရိ ကန်ဒေါ်လာ
နှင့် စင်ကာပူဒေါ်လာ) တို့ကို ကတ်တစ်ခုတည်းတွင် အသုံးပြုနိုင်မည့် ပထမဆုံးကတ်ဖြစ်သည်။

သန်းပေါင်းဆယ်ချီမျှရှိသော Visa အသုံးပြုနိုင်သည့် အရောင်းဆိုင်များ၊Online (သို့)  in-store များတွင် ဈေးဝယ် ယူနိုင်မည်ဖြစ်ပြီး Visa လက်ခံသော ကမ္ဘာတစ်ဝန်းရှိ ATM နှစ်သန်းတွင် ငွေထုတ်ယူနိုင်မည် ဖြစ်သည်။

ကတ်ကိုင်ဆောင်သူများသည် အမေရိကန်ဒေါ်လာ ၅၀၀၀ အထိ ထည့်သွင်းနိုင်သည်။ ၎င်းကတ်သည် ငွေပြန်ဖြည့်၍ ရသော Chip နှင့် PINကာကွယ်မှုပါသည့် ကတ်ဖြစ်သည်။ ကတ်ကိုင်ဆောင်သူ၏ လက်မှတ်သည် ပစ္စည်းဝယ်ယူ သည့်အခါလိုအပ်ပြီး PIN နံပါတ်သည် ATM များမှ ငွေထုတ်ယူသည့်အခါတွင် လိုအပ်သည်။ ကတ်ကိုင်ဆောင် သူသည် ထည့်သွင်းထားသော ငွေလက်ကျန်ငွေပေးချေမှု အသေးစိတ် အချက်အလက်များစသည်တို့ကို Online တွင် ကြည့်ရှုနိုင်သည်။

ယင်းသည် နိုင်ငံ၏ ဘဏ္ဍာရေးတိုးတက်မှုအတွက် အဓိကမှတ်ကျောက်တစ်ခုဖြစ်သည့်အပြင် လုပ်ငန်းဆိုင်ရာ ကိစ္စနှင့် အပန်းဖြေရန်အတွက် နိုင်ငံခြားသို့ သွားရောက်လည်ပတ်နေသည့် နိုင်ငံသားများအတွက် ကမ္ဘာဈေးကွက် အခွင့် အလမ်းများ ပွင့်လင်းလာခြင်း ဖြစ်သည်။

visa ၏ မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ Country Manager  Mr. Somboon Kro-bteeranon က “မနှစ်က ပြည်တွင်းဘဏ် လုပ်ငန်းမှာ တိုးတက်မှုတွေကို တွေ့မြင်ခဲ့ရပြီး မြန်မာနိုင်ငံအနေနဲ့ သမာရိုးကျငွေပေးချေ မှုစနစ်ကို ကျော်လွန်ပြီး တစ်နိုင်ငံလုံးအတွက် အားလုံးပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ်တည်ဆောက်ရန် အခြေခံအုပ်မြစ်ချဖို့ ဖြစ်နိုင်ချေ အများကြီး ရှိတယ်လို့ ယုံကြည်ပါတယ်” ဟုပြောသည်။

Visa ငွေပေးချေမှုစနစ်ကို နိုင်ငံအတွင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံတွင် Visa ကတ် အသုံးပြု၍ နိုင်ငံခြားသားခရီးသွားငွေပေးချေမှုနှင့် ATM မှ ငွေထုတ်ယူမှုမှာ အမေရိ ကန်ဒေါ်လာ ၁၅သန်း ရှိခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် Visa ကတ်ကိုင်ဆောင် သူများသည် ATM ၂၅၀ ကျော်မှ ငွေထုတ်ယူနိုင်ပြီး။
နိုင်ငံတွင်းရှိ ဆိုင်ပေါင်း ၆၀၀ ကျော်တွင် ငွေပေးချေနိုင်ပြီ ဖြစ်သည်။

အမေရိကန် ဒေါ်လာ ၅၀ မှ ၅၀၀၀ အထိ ထည့်သွင်းအသုံးပြုနိုင်သော နိုင်ငံတကာသို့ သယ်ဆောင်နိုင်သည့် EASI Travel Master Card ကို ပြည်တွင်း ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော သမ၀ါယမဘဏ် (CB ) တွင် ကတ်ထုတ်လုပ် ကာ ငွေဖြည့်သွင်းသုံးစွဲနိုင်ပြီ ဖြစ်သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 42 guests online