www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ကြာသပတေး, ၁၉ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > နိုင်ငံတကာဧည့်သည်များပါ အသုံးပြုနိုင်မည့် ဆီးဂိမ်းဂုဏ်ပြုအထိမ်းအမှတ် ကတ်တစ်သောင်း ကမ္ဘောဇဘဏ်မှ ထုတ်မည်

နိုင်ငံတကာဧည့်သည်များပါ အသုံးပြုနိုင်မည့် ဆီးဂိမ်းဂုဏ်ပြုအထိမ်းအမှတ် ကတ်တစ်သောင်း ကမ္ဘောဇဘဏ်မှ ထုတ်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်က မြန်မာနိုင်ငံတွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဂုဏ်ပြုသည့်အထိမ်းအမှတ်အဖြစ် နိုင်ငံတကာမှဧည့်သည်များပါ အသုံးပြုနိုင်သော KBZ SEA Games Debit Card တစ်သောင်းခန့်ကို ထုတ်လုပ်သွားမည်ဟု ကမ္ဘောဇဘဏ်၏ ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်လင်းထွဋ်က ပြောသည်။

အဆိုပါ KBZ SEA Games Debit Card မှာ MPU ကတ်ကဲ့သို့ပုံစံပင်ဖြစ်ပြီး Myanmar Payment Union ဖြင့် ချိတ်ဆက်ထားသော ဘဏ်များရှိ ATM စက်များတွင် ငွေထုတ်နိုင်သည့်အပြင် အရောင်းဆိုင်များရှိ Point Of Sales (POS) များတွင်လည်း ငွေပေးချေနိုင်မည့် ဆီးဂိမ်းအမှတ်တံဆိပ်ပါဝင်သောကတ်ဖြစ်သည်။

ယင်း SEA Games  Debit ကတ်သက်တမ်းကို ငါးနှစ်သတ်မှတ်ထားပြီး ကတ်သတ်တမ်း ကုန်ဆုံး၍ ငွေ လက်ကျန်များ ရှိခဲ့ပါက ပြန်လည်ထုတ်ယူနိုင်မည်ဟုလည်းဆိုသည်။

ကမ္ဘောဇဘဏ်မှ ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်လင်းထွဋ်က “ဆီးဂိမ်းပြိုင်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ SEA Game Debit  ကတ်အနေနဲ့ ကတ်တစ်သောင်းကို ထုတ်မှာပါ။ အဲဒီကတ်မှာ Sea Games Logo နဲ့ ကမ္ဘောဇဘဏ်ရဲ့  လိုဂိုနှစ်ခုစလုံးကို ယှဉ်တွဲပြီးအသုံးပြုထားတယ်”ဟု ဆိုသည်။

SEA Games Debit Card အတွင်း ငွေထည့်သွင်းမည်ဆိုပါက အနည်းဆုံး ငွေကျပ် ၁၀၀,၀၀၀ မှ ၃၀၀,၀၀၀ အထိ ထည့်သွင်းနိုင်ပြီး အများဆုံးပမာဏကို သတ်မှတ်မထားကြောင်း သိရသည်။ MPU ကွန်ရက်ချိတ် ဆက်ထားသော ဘဏ်များ၏  ATM စက်များ၊ POS များတွင် အသုံးပြုနိုင်မည့်အပြင် ဆီးဂိမ်းကာလအတွင်း ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ Fashion Store များ၊ Spa၊ ကျောက်မျက် ရတနာဆိုင်များ စသည့်ဆိုင်ပေါင်း ၇၀ ကျော်တွင် Discount ငါးရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ခံစား ခွင့်ရရှိမည့် အစီအစဉ်များလည်း ထည့်သွင်းပေးထားသည်ဟု ဆိုသည်။

ထို့ပြင် ဆီးဂိမ်း Debit ကတ်ကို မြန်မာနိုင်ငံသားများသာမက နိုင်ငံတကာမှဧည့်သည်များအနေဖြင့် လည်း ကတ်ပြုလုပ်နိုင်မည်ဟု ဆိုသည်။

ကမ္ဘောဇဘဏ်၏ လက်ထောက်အထွေထွေမန်နေဂျာ ဦးသက်ကိုကိုမျိုး ကလည်း “ဒီဆီးဂိမ်းကတ်ကို မြန်မာနိုင်ငံ သားတွေသာမက နိုင်ငံတကာကသူတွေလည်း ကတ်လုပ်လို့ရပါတယ်။ ဗဟိုဘဏ်ကလည်း သူတို့သတ်မှတ်ချက်နဲ့ ညီတဲ့ နိုင်ငံခြားသားတွေကို ပြည်တွင်းမှာ ကတ်ပြုလုပ်သုံးစွဲခွင့်ပေးထားပါတယ်” ဟု ဆိုသည်။

ဆီးဂိမ်း Debit ကတ်များကို ပြုလုပ်လိုသူများအနေဖြင့် အောက်တိုဘာ ၂၁ ရက်မှ စတင်၍ ကမ္ဘောဇ ဘဏ်များတွင် စာရင်းပေးသွင်းပြုလုပ်နိုင်ပြီး နိုဝင်ဘာ ၁ ရက်မှစတင်ကာ ကတ်အသုံးပြုနိုင်မည်ဖြစ် သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 46 guests online