www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၈ နိုဝင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌအား ရာထူးမှ နုတ်ထွက်ခွင့်ပြု

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌအား ရာထူးမှ နုတ်ထွက်ခွင့်ပြု

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းညိန်းအား ၎င်း၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက် ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာ ၂၃ ရက်တွင် ကြေညာသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ဂ)ပါ “ခန့်အပ်သည့် အာဏာပိုင်ထံ နုတ်ထွက်လွှာတင်၍ ခွင့်ပြုချက်ရရှိခြင်း”ဆိုသော ပြဋ္ဌာန်းချက်အရ ခွင့်ပြုခြင်း ဖြစ်သည်။

အစိုးရသစ်တက်လာပြီးနောက် ဗဟိုဘဏ်ဥပဒေကို ယခုနှစ် ဇူလိုင် ၁၁ ရက်က ပြဋ္ဌာန်းပြီး ဗဟိုဘဏ် ဒါရိုက်တာ အဖွဲ့ကို ဇူလိုင် ၃၀ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် အတည်ပြုလိုက်ခြင်းဖြစ်၍ သက်တမ်းသုံးလနီးပါးသာရှိသေးသည်။

ဦးသန်းညိန်းမှာ ယင်းဥပဒေ မပေါ်ပေါက်မီက ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူုဖြစ်သည်။ ယခု အချိန်သည် ဥပဒေပြဋ္ဌာန်းပြီး ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်မှ ခွဲထွက်ကာ သီးခြားရပ်တည်၍ လွတ်လပ်စွာ လုပ်ကိုင်နိုင်ရန် ပြင်ဆင်နေချိန်ဖြစ်ပြီး ဘဏ္ဍာရေးမူဝါဒများ ချမှတ်ရန် ပြင်ဆင်နေကြသည့် အချိန်ဖြစ်သည်ဟု စီးပွားပညာရှင်များက လက်ခံထားသည်။

ဗဟိုဘဏ်၏ အခြားဒုတိယ ဥက္ကဋ္ဌတစ်ဦးဖြစ်သည့် ဦးဆက်အောင်က ယင်းနုတ်ထွက်မှုကို တိကျစွာ မသိရှိကြောင်း ဆိုသည်။

လက်ရှိတွင် ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့များ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ထားပြီးဖြစ်၍ မကြာမီ ဘဏ္ဍာရေး ကဏ္ဍအတွက် ထူးခြားသော ရလဒ်များပေါ်ထွက်လာတော့မည်ဟု ဦးဆက်အောင်က ဆိုသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 129 guests online