www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ကြာသပတေး, ၀၅ ဒီဇင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > ပြည်တွင်းဆန်ဈေး အတက်ဘက်သို့ ပြန်လည်ဦးမော့လာ

ပြည်တွင်းဆန်ဈေး အတက်ဘက်သို့ ပြန်လည်ဦးမော့လာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ပြည်တွင်းဆန်ဈေးအတက်ဘက်သို့ ပြန်လည်ဦးမော့လာကြောင်း ဆန်ကုန်စည်ဒိုင်များက ပြောသည်။ နှစ်လ၀န်းကျင် ခန့် ပြည်တွင်း ဆန်ဈေး အကျဈေးနှင့် တည်ငြိမ်ခဲ့သော်လည်း အောက်တိုဘာ ၄ ရက်မှ စတင်ကာ ဈေးမြင့်တက် လာကြောင်း ဆန်ကုန်သည်များက ပြောသည်။

လဆန်းပိုင်းရက်များတွင် ဆန်ဈေးအနည်းငယ်တက်လေ့ရှိသော်လည်း လက်ရှိတွင် ပြည်တွင်းဆန်ဝယ်လို အားကြောင့်
ပြန်လည်မြင့်တက်လာရခြင်းဖြစ်ကြောင်း ဆန်ကုန်သည်များက ပြောသည်။

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း(၀ါးတန်းဆန်ကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးတင်ဦးက “ပြီးခဲ့တဲ့လတွေ ဆန်ဈေးကျနေတဲ့အချိန်က လက်လီဆိုင်တွေကဆန်တွေကို ကုန်အောင်ရောင်းလိုက်ကြပြီ။ ဒီလမှာ ဆန်တွေကို
ပြန်ဝယ်လာနေကြတယ်။ အဲဒါကြောင့် ဆန်ဈေးက ပြန်တက်လာတာ”ဟု ပြောသည်။

အောက်တိုဘာ ၄ ရက်တွင် ဆန်တစ်အိတ်လျှင် ကျပ် ၅၀၀ ၀န်းကျင်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း ဆန်ကုန်သည်များက ပြောသည်။

ပေါ်ဆန်း(ရွှေဘို) တစ်အိတ်လျှင် ကျပ် ၃၃,၅၀၀ မှ ၃၄,၅၀၀ အထိ ဈေးမြင့်တက်လာပြီး ဧည့်မထ(ရှယ်) တစ်အိတ်လျှင် ကျပ် ၁၇,၃၀၀ မှ ၁၈၀၀၀ အထိ ဈေးမြင့်တက်လာနေကြောင်း ဆန်ကုန်စည်ဒိုင်များက ဆိုသည်။

ဝါးတန်းဆန်ကုန်စည်ဒိုင်မှ ဆန်ကုန်သည် ဦးညီညီထွန်းက “ဆန်က ဈေးငြိမ်နေတာကြာပြီလေ။ ၀ယ်အားရှိ လာတော့ ဈေးပြန်တက်လာတဲ့သဘောပါ။ နောက်ထပ်လည်း ကျပ် ၅၀၀ လောက်ထပ်တက်နိုင်တယ်။ ဒီတက်ဈေးက
နှစ်ပတ်၊ သုံးပတ်လောက်ကြာတတ်တယ်။ နောက်ပိုင်းကျရင်တော့ ပြန်ကျသွား တတ်ပါတယ်” ဟု ပြောသည်။

ဆန်ဈေးတက်လာရခြင်းသည်ပစ္စည်း လက်ကျန်ပြတ်ခြင်းနှင့် ပြည်ပ၀ယ်လိုအားများခြင်းတို့ကြောင့် မဟုတ်ဘဲ ဆန်ဈေး အငြိမ်ဖြင့် ကြာသွားသည့်အချိန်တွင် အ၀ယ်ပြန်လိုက်လာသည့်အတွက် ဈေးပြန်တက် လာရခြင်းဖြစ်ကြောင်း ဆန်လုပ်ငန်းရှင်များက ပြောသည်။

ပြည်တွင်ဆန်ဈေးမြင့်မှုနှင့် မတည်ငြိမ်မှုကြောင့် ပြည်ပဆန်တင်ပို့မှုတွင် အခက်အခဲများဖြစ်ပေါ် ရပြီး ပြည်ပ ဆန်တင်ပို့မှုများ လျော့နည်းနေရကြောင်း ဆန်လုပ်ငန်းအသိုင်းအ၀ိုင်းက ပြောသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 26 guests online