www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
သောကြာ, ၁၈ အောက်တိုဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > SME စက်မှုလုပ်ငန်းရှင်များကို ကျပ်သန်းပေါင်း ကိုးသောင်းနီးပါး ထုတ်ချေးထားဟု စက်မှု ဒု-၀န်ကြီးပြော

SME စက်မှုလုပ်ငန်းရှင်များကို ကျပ်သန်းပေါင်း ကိုးသောင်းနီးပါး ထုတ်ချေးထားဟု စက်မှု ဒု-၀န်ကြီးပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ပြည်တွင်းရှိ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းရှင်များကို အစိုးရက ငွေကျပ်သန်းပေါင်း ကိုးသောင်းနီးပါး ထုတ်ချေးထားပေးပြီးဖြစ်သည်ဟု စက်မှုဝန်ကြီးဌာနမှ ဒု-၀န်ကြီး ဦးသိန်းအောင်က အောက်တိုဘာ ၇ ရက်ကပြုလုပ်သည့် ပြည်သူ့လွှတ်တော်တွင် ပြောဆိုလိုက်သည်။

ဒု-၀န်ကြီး၏ ပြောဆိုချက်အရ ငွေကျပ်သန်းပေါင်း ၈၈၆၄၉ ဒသမ၂၆ ကို စက်မှုဝန်ကြီးဌာနရှိ အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ လုပ်ငန်းရှင်ပေါင်း ခြောက်ရာကျော်အား ထုတ်ချေးပေးခြင်းဖြစ်ပြီး ယခုနှစ် သြဂုတ်လကုန်အထိ ချေးထားသောငွေဖြစ်သည်။

စက်မှုလုပ်ငန်းရှင်ငယ်များမှာ ချေးငွေရယူရန်အတွက် အမှန်တစ်ကယ် လုပ်ငန်းလုပ်ကိုင်နေကြောင်း ထောက်ခံချက် မရသောကြောင့် အခက်အခဲရှိနေခြင်းနှင့် သက်ဆိုင်သော မလိုင်မြို့နယ်အမတ် ဦးအေးမောက်၏ မေးခွန်းသည့်အပေါ် ဒု-၀န်ကြီးက အထက်ပါအတိုင်း ပြန်ဖြေခဲ့ခြင်းဖြစ်သည်။

“အခက်အခဲ အဓိကမှာ လုပ်ငန်းလုပ်ကိုင်နေကြောင်း ထောက်ခံချက် လိုအပ်လျက်ရှိတယ်လို့ တွေ့ရပါ တယ်။ ယခင်က အဆိုပါ ထောက်ခံချက်ကို စက်မှုဝန်ကြီးဌာန ဒေသန္တရစက်မှု စစ်ဆေးရေးဦးစီးဌာနက မှတ်ပုံတင်ထားရှိသော လုပ်ငန်းရှင်ဖြစ်ကြောင်း ထောက်ခံချက် ထုတ်ပေးသော်လည်း ယခုအခါမှာ ထုတ် ပေးမှုမရှိကြောင်းလည်း ကြားသိ ရပါတယ်ဟု မေးခွန်းရှင်ဦးအေးမောက်၏ ကိုယ်စား သာပေါင်းမြို့နယ်မှ အမတ် ဦးဝင်းသိန်းက မေးမြန်းခဲ့သည်။

သို့သော် ဒု-၀န်ကြီးက ချေးငွေမည်မျှ ချေးထားသည်နှင့် ချေးငွေရရန် မည်သို့တင်ပြတောင်းခံရန်သာ ရှင်းပြခဲ့ပြီး လုပ်ငန်းထောက်ခံချက် မရှိသည့်အတွက် ချေးငွေမရသူများ၏ အခက်အခဲကိုမူ ပြန်လည်ရှင်းလင်းသွားခြင်း မရှိပေ။

ချေးငွေရယူလိုသည့် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းရှင်များမှာ လုပ်ငန်းပေါ်မူတည်ပြီး သိန်းငါးထောင် အထိ ချေးယူနိုင်မည်ဖြစ်ကာ ချေးငွေကာလမှာ သုံးနှစ်ဖြစ်သည်ဟု ဒု-၀န်ကြီးက အမတ်များကို ရှင်းပြသည်။ SME လုပ်ငန်းများမှာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အခြေခံကျသော အစိတ်အပိုင်းဖြစ်၍ နိုင်ငံတကာကလည်း လာရောက် အကူညီပေးခြင်းများရှိနေသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 11 guests online