www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၈ နိုဝင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > NLD ရွေးကောက်ပွဲ မူဝါဒများဆိုင်ရာ လမ်းပြမြေပုံ မရှိသေး

NLD ရွေးကောက်ပွဲ မူဝါဒများဆိုင်ရာ လမ်းပြမြေပုံ မရှိသေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။   ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်­ NLD က ၎င်းတို့၏ ရွေးကောက်ပွဲဆိုင်ရာ မူဝါဒများကို လက်တွေ့  အကောင်ထည်ဖော်ရေး နှင့်ပတ်သက်၍ မိမိဖက်မှ ပြင်ဆင်ထားသည့် လမ်းပြမြေပုံ  မရှိသေးကြောင်း NLD ၏
ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ဦးဉာဏ်ဝင်းက ပြောသည်။

ဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို NLD ၏ ရွေးကောက်ပွဲမူဝါဒအဖြစ် တင်ပြထားပြီး ဥပဒေ စိုးမိုးရေးကို ဦးစွာလုပ်ဆောင်သွားမည်ဟု ဆိုသည်။

“ဥပဒေစိုးမိုးရေးက စမှာပဲ။ ဘယ်က စလုပ်မယ်၊ ဘယ်လို စလုပ်မယ်ဆိုတာ အခု မပြောနိုင်သေးဘူး။ ဒီအတွက် လမ်းပြမြေပုံလည်း မရှိဘူး” ဟု ဦးဉာဏ်ဝင်း က ပြောသည်။

ပါတီဥက္က ဒေါ်အောင်ဆန်းစုကြည်က အလုပ်လက်မဲ့ ပပျောက်ရေးအတွက် သူဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း၊
ကော့မှုးမြို့နယ်မှ စတင်ဖော်ဆောင်သွားမည်ဟု ကော့မှုးမဲဆွယ်စည်းရုံးရေးခရီးစဉ်၌ ပြောဆိုထားသည်။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အကြောင်းကိုလည်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် NLD အမတ်လောင်း ဒေါက်တာ မျိုးအောင်အတွက် စည်းရုံးရေးဆင်းစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားသည်။

သို့သော် ယင်းကိစ္စများကို မည်သို့မည်ပုံ အကောင်အထည်ဖော်မည်ဆိုသည့် အသေးစိတ် အစီအစဉ်များ  ပြောဆိုရန် လက်ရှိအချိန်တွင် “စောနေသေးသည်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား
e-letter-burmese

Who is Online

We have 52 guests online