ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို

ပရင့်ထုတ်ရန်

၂၀၁၃ ခုနှစ်အတွင်း မန္တလေးတိုင်း ဒေသကြီး (တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော်ကို အရေးယူနိုင်ခဲ့ သည်ဟု မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ ၁၈ မှ ဒု-ရဲမှူး ကြီးရန်ရှင်က မဇ္ဈိမကိုပြော သည်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ဘိန်းဖြု ၁၀ မှု၊ ဘိန်းနီခဲ ၁၁ မှု၊ ဘိန်းရည်မီလီမီတာ၊ ဘိန်းစိမ်း ၄ ဒသမ ၇ ကီလိုဂရမ်၊ ဆေးခြောက်နှစ်မှု၊ စိတ်ပြောင်းဆေးပြား တစ်မှု၊ ဒိုင်ရာစီပင်ထိုးဆေးမှု နှစ်မှုနှင့် Sgdro တစ်မှုတို့ကို မန္တလေးတိုင်းဒေသကြီး (တောင်ပိုင်း) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ ၁၈ က ဖော်ထုတ်နိုင်ခဲ့သည်။

ယခင်နှစ်က မူးယစ်ဆေးဝါးအမှု ၈၈ မှုသာ အရေးယူနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ၁၂၁ မှုကို ဖော်ထုတ်အရေး ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ ၁၈ မှ ဒု-ရဲမှူးကြီးရန်ရှင်းက “ဆိုင်ကယ်တွေထဲမှာ တားမြစ်စိတ်ကြွဆေးပြားတွေကိုထည့်ပြီး သယ်လာတာတွေရှိတယ်၊ မန္တလေး တိုင်းဒေသကြီး ၁၆ မိုင်ဂိတ်မှာ မူးယစ်ဆေးဝါး တားဆီးရေးတပ်ဖွဲ့တွေ စစ်ဆေးမှုတွေ ဆောင်ရွက်နေပါ တယ်”ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီး ၁၆ မိုင်ဂိတ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးတပ်ဖွဲ့များက ဘိန်းဖြူ နှင့် စိတ်ကိုပြောင်းလဲစေတတ်သော တားမြစ်ဆေးဝါးများ ၀င်ရောက်မှုများကို ကွင်းဆင်းစစ်ဆေးမှုများ ရှိနေသည်။