www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
စနေ, ၂၀ ဇူလိုင် ၂၀၁၉

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်

ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ထိုင်ဝမ်ပန်းချီဆရာ  Chung Aik Hust ၏ တစ်ကိုယ်တော်ပန်းချီပြပွဲကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေတောင်ကြားရှိ New Treasure Art Gallery တွင် ကျင်းပမည်ဖြစ်သည်။ ယင်းပြပွဲမှာ ပထမဆုံးအကြိမ် လာရောက်ပြသခြင်း
ဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၃ ရက်အထိကျင်းပမည်ဖြစ်ကြောင်း New Treasure Art Gallery မှ မနှင်းနှင်းမြတ်က မဇ္ဈိမသို့ ပြောကြားလိုက်သည်။

ပန်းချီ Chung Aik Hust သည် တရုတ်လူမျိုး၊ မြန်မာနိုင်ငံသားဖြစ်ပြီး ပန်းချီအခြေခံ ပညာရပ်များကိုလည်း မြန်မာ
နိုင်ငံတွင် သင်ယူခဲ့သူဖြစ်သည်။ ၁၉၆၈ ခုနှစ်တွင် ထိုင်ဝမ်သို့ထွက်ခွာကာ ပန်းချီပညာရပ်များကို ဆက်လက် သင်ယူခဲ့သူဖြစ်သည်။ ထို့အတွက်ကြောင့် ယခုပြပွဲသည် ၎င်း၏ မြန်မာပန်းချီနှင့် ပြည်ပတွင် လေ့လာခဲ့သည့် ပန်းချီပညာရပ်များပေါင်းစပ်ကာ တင်ပြရန် ရည်ရွယ်ကျင်းပသည့် ပြပွဲဖြစ် သည်။

မြန်မာအမည် ဦးမြင့်သူဖြစ်သည့် ပန်းချီဆရာ Chung Aik Hust သည် ၎င်း၏ပန်းချီ ပြပွဲနှင့်ပတ်သက်၍ “ကျွန်တော် က မြန်မာနိုင်ငံမှာ မွေးတယ်။ ကျွန်တော် ဒီမှာပဲပန်းချီပညာကို သင်ယူခဲ့တယ်။ အခု မြန်မာနိုင်ငံက လမ်းဖွင့်ပေး လိုက်တဲ့အတွက် မြန်မာနိုင်ငံမှာကျွန်တော့်ရဲ့လက်ရာကို လာရောက်ပြသတာပါ။ ဒီပန်းချီပြပွဲမှာ ကျွန်တော်မြန်မာနိုင်ငံ ကနည်းစနစ်နဲ့ နိုင်ငံခြားကနည်းစနစ်တို့ ပေါင်းစပ်ပြီးတော့ ရေးဆွဲ ထားပါတယ်။ ကျွန်တော် ထိုင်ဝမ်မှာလည်း ပန်းချီပြပွဲပြသခဲ့ပါတယ်။ စင်ကာပူမှာလည်း ပြခဲ့ပါတယ်။ ကျွန်တော်က ဒီပွဲကိုပြသဖို့အတွက် အချိန်နှစ်နှစ်လောက် ယူခဲ့ရပါတယ်”ဟု ပြောသည်။

ယင်းပြပွဲကျင်းပဖြစ်ပုံကို မနှင်းမြတ်မြတ်က “ကျွန်မတို့က ပန်းချီဆရာ Chung Aik Hust ရဲ့ အစ်ကိုဖြစ် သူဦးမြင့်သန်း နဲ့ အရင်ကတည်းက ပုဂ္ဂိုလ်ရေးအရ ရင်းနှီးခဲ့တာပါ။ဦးမြင့်သန်းက MOB ဘဏ်ရဲ့ ဒါရိုက် တာတစ်ဦးပါ။ သူရဲ့ညီက
မြန်မာနိုင်ငံမှာ ပန်းချီပြပွဲတစ်ခု ပြုလုပ်ချင်တယ်ဆိုလို့ ကျွန်မတို့ရဲ့ ပြခန်းနဲ့ ချိတ်ဆက်ပေးပါခဲ့လို့ အခုလိုပြသ
ဖြစ်တာပါ”ဟု ပြောသည်။

ပြပွဲတွင် ပန်းချီကားပေါင်း ၆၉ ကားပြသမည်ဖြစ်ပြီး ၎င်းမှာမြန်မာနိုင်ငံ၏ရှုခင်းများကို ရေးဆွဲထားခြင်းဖြစ်သည်။ ယခုပြပွဲတွင် ရေဆေးပန်းချီများကိုသာ ပြသရန်စီစဉ်ထားပြီး ပန်းချီကားဈေးနှုန်းများကို ဒေါ်လာ ၁၀၀၀ မှ ဒေါ်လာ ၁၅,၀၀၀ အထိ သတ်မှတ်ထားသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 15 guests online