www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
စနေ, ၂၀ ဇူလိုင် ၂၀၁၉

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်

စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စင်ကာပူနိုင်ငံတွင် ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များ တက်ရောက်မည်ဖြစ်ကြောင်း ဒါရိုက်တာဝိုင်းက မဇ္ဈိမသို့ ပြောကြားလိုက်သည်။

ယင်းဇာတ်ကားကို ဒါရိုက်တာဝိုင်းက ပုံဖော်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၃ ရက်တွင် စင်ကာပူနိုင်ငံ Kreta Ayer Peoples' Theatre တွင် ပြသမည်ဖြစ်သည်။ ပြပွဲသို့ ဒါရိုက်တာဝိုင်း၊ ပြေတီဦး၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်နှင့်
ဖွေးဖွေးတို့ တက်ရောက်မည်ဖြစ်သည်။

ဒါရိုက်တာဝိုင်းက “ဒီကနေ နိုဝင်ဘာ ၂ ရက်နေ့စသွားမယ်။ ၇ ရက်နေ့မဟုတ်ရင် ၈ရက်နေ့တော့ ပြန်ရောက်မယ်။ ပထမတစ်ခေါက်ပြတုန်းက ကျွန်တော်လိုက်မသွားဖြစ်ဘူး။ ဒီတစ်ခေါက်ပွဲမှာတော့ပရိသတ်တွေဆီက စကားသံ နားထောင်ချင်တယ်။ ဘာတွေလိုအပ်လဲ၊ ဘာတွေထည့်ဖြည့်စရာလိုလဲဆိုတာ နား ထောင်မယ်။ နောက်တစ်ခါ ဒီလိုထပ်သွားပြမယ်ဆိုရင် ဘာတွေပြင်ဆင်သွားဖို့ လိုအပ်မလဲဆိုတာကို အဓိကနားထောင်မယ်” ဟု ပြောပြသည်။

၎င်းပြပွဲတွင် အထူးအစီအစဉ်အဖြစ် ဒါရိုက်တာဝိုင်း၊ ပြေတီဦး၊ ဖွေးဖွေးတို့နှင့် ညစာအတူသုံးဆောင်ရန် ပွဲချိန်တစ်ချိန် လျှင် သုံးဦးစီကံစမ်းမဲဖောက်ပေးရန် စီစဉ်ကြောင်းထုတ်ပြန်ကြေညာထားသည်။ လက်မှတ် နှုန်းထားမှာ အမေရိကန် ၁၂ ဒေါ်လာ၊ ၁၄ ဒေါ် လာ၊ ၁၆ ဒေါ်လာစသည်ဖြင့် သတ်မှတ်ထားပြီး အမေရိကန် ၁၄ ဒေါ်လာလက်မှတ်များမှာ ယခုအခါတွင် ရောင်းချပြီးသွားပြီ ဖြစ်သည်။

“လက်ပံ” ရုပ်ရှင်ဇာတ်ကားသည် မြားစစ်သည်၏ ကျိန်စာသင့်လက်ပံဝတ္ထုကို ဇာတ်ညွှန်း သီဟစိုး ရေးသားပြီး ဒါရိုက်တာဝိုင်းရိုက်ကူးထားခြင်းဖြစ်သည်။ ဇနီးတစ်ယောက်၏ ခင်ပွန်းသည်အပေါ် အငြိုးကို သားသမီးအထိပါ ကူးစက်စေခဲ့သည့် မိသားစုဒရာမာဇာတ်ကားတစ်ကားဖြစ်ပြီး ယခုနှစ်အကယ်ဒမီ ရွေးချယ်သည့် ဆန်ခါတင်ဇာတ်ကား ထဲတွင် ရေပန်းစားသည့် ဇာတ်ကားတစ်ကားလည်း ဖြစ်သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 9 guests online