www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
စနေ, ၂၀ ဇူလိုင် ၂၀၁၉

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရှစ်ကြိမ်မြောက် ကျင်းပသည့်ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့် မင်းသားကင်ဒုံဝန်သည်
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းကို ဖွင့်ပွဲအထိမ်းအမှတ်အဖြစ်ကျင်းပသည့် ညစာစားပွဲတွင် ထည့်သွင်းပြောကြားကို အောက်တိုဘာလ ၂၄ ရက်တွင် သမ္မတရုပ်ရှင်ရုံတွင် ဖွင့်လှစ်ခဲ့ပြီး ယင်း ရုပ်ရှင်ဖွင့်ပွဲ အထိမ်းအမှတ် ညစာစားပွဲကိုကုန်သည်ကြီးများဟိုတယ်တွင်ကျင်းပခဲ့ရာ ကိုရီးယားမင်းသား ကင်ဒုံဝန်က
ပြောကြားခဲ့သည်။

ကင်ဒုံဝန်သည် အောက်တိုဘာလ ၂၃ ရက်တွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ကျန်းမာရေးအခြေအနေကြောင့် ရုပ်ရှင်ပွဲတော်ဖွင့်ပွဲသို့ တက်ရောက်နိုင်ခြင်းမရှိဘဲ ညစာစားပွဲသို့သာ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

မင်းသားကင်ဒုံဝန်က “အချိန်ရမယ်ဆိုရင်မြန်မာနိုင်ငံရဲ့ အေးမြတဲ့နေရာတစ်ခုမှာ အနားယူချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်တဲ့ စိတ်ကူးလည်းရှိပေမယ့် မေးကြည့်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် မရှိဘူးသိရတာကြောင့် မတွေ့ဖြစ်တော့ပါဘူး။ မြန်မာအစားအစာတွေကိုလည်း ကြိုးစားပြီး စားချင် ပါတယ်။
ရွှေတိဂုံစေတီတော်နဲ့ တခြားနေရာတွေလည်း သွားရောက်ခဲ့ပါတယ်။ အောက်တိုဘာ ၂၅ ရက် မွန်းလွဲလေယာဉ်နဲ့ ကိုးရီးယားနိုင်ငံကိုပြန်မှာ ဖြစ်ပါတယ်”ဟု ပြောခဲ့သည်။

ကိုရီးယားရုပ်ရှင်ပွဲတော်ကို အောက်တိုဘာလ ၂၄ ရက်မှ ၂၇ ရက်အထိ ရန်ကုန်မြို့ရှိသမ္မတ ရုပ်ရှင် ပွဲတော်တွင် ကျင်းပလျက်ရှိပြီး ယင်းပွဲတော်တွင် ရုပ်ရှင်ဇာတ်ကားလေးကားကို ညနေ ၆ နာရီခွဲနှင့် ည ၉ နာရီခွဲစသည့်ဖြင့် အချိန်နှစ်ချိန်ခွဲခြားကာ ပြသမည် ဖြစ်သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 12 guests online