www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၂၃ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ပြည်တွင်းတွင် ဖြစ်ပွားနေသော ပြဿနာများသည် ဖြေရှင်းရန်များ ရှိနေသေးကြောင်း သာသနာရေးဝန်ကြီးဆို

ပြည်တွင်းတွင် ဖြစ်ပွားနေသော ပြဿနာများသည် ဖြေရှင်းရန်များ ရှိနေသေးကြောင်း သာသနာရေးဝန်ကြီးဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ပြည်တွင်းတွင် လက်ရှိဖြစ်ပွားနေသော ပြဿနာများသည် အဆုံးသတ်မှုမရှိသေးဘဲ ဖြေရှင်းစရာများ ကျန်နေသေးပြီး ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုများလုပ်ရန် လိုအပ်သည်ဟု သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က အောက်တိုဘာ၂၃ တွင် ပြောသည်။

ဝန်ကြီးက ယင်းသို့ ပြောကြားခြင်းမှာ တောင်ကြီးမြို့၊ မူလ မင်းကွန်းကျောင်းတိုက်တွင် ပြည်ထောင်စုဝန်ကြီးနှင့်
ပြည်နယ်၊ မြို့နယ် သံဃနာယက ဆရာတော်များ သာသနာရေးရာမူဝါဒဆိုင်ရာများ လျှောက်တင်မှုပြုလုပ်သည့် အခမ်းအနားတွင် ပြောကြားခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက “ယနေ့ ကျွန်တော်တို့ ဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ မီးကြွင်းမီးကျန်တွေ ရှိနေသေးပါတယ်။ အမြစ်မပြတ်သေးပါဘူး။ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။

ဝန်ကြီးက “အောက်ခြေကို မရှင်းပြဘဲ အပေါ်ပိုင်းမှာ ကိုယ်တွယ် လုပ်ဆောင်ခဲ့တာတွေများလို့ ပြဿနာတွေ
ပေါ်ပေါက်နေရခြင်း ဖြစ်တယ်။ လတ်တလော ပေါ်ပေါက်နေသော ရခိုင်အရေးအခင်းက အစပြုပြီးတော့ ကျွန်တော် တို့ နိုင်ငံ နေရာဒေသအနှံ့မှာ ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့တယ်။ အဲသည်ကနေပြီးတော့ မိုင်းတွေ၊ ဗုံးတွေထောင်
ဖောက်ခွဲဖျက်ဆီးတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့တယ်”ဟုလည်း သံဃနာယက ဆရာတော်များအား လျှောက်တင် ခဲ့သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 339 guests online