www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၄ အောက်တိုဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > IC အဖွဲ့ကို ကျပ်သိန်း ၂၅၀ ဖြင့်ငှားရမ်းကာ ကျင်းပမည့် ဇွဲကပင်တောင်ကေဘယ်လ်ကားရန်ပုံငွေ ဖျော်ဖြေပွဲ

IC အဖွဲ့ကို ကျပ်သိန်း ၂၅၀ ဖြင့်ငှားရမ်းကာ ကျင်းပမည့် ဇွဲကပင်တောင်ကေဘယ်လ်ကားရန်ပုံငွေ ဖျော်ဖြေပွဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

IC တီးဝိုင်းအဖွဲ့ကို တစ်ညဖျော်ဖြေခကျပ်သိန်း ၂၅၀ ဖြင့် ငှားရမ်းကာ ကျင်းပမည့် ဇွဲကပင်တောင် ကေဘယ်လ် ကား ရန်ပုံငွေဖျော်ဖြေပွဲကို နိုဝင်ဘာ ၇ ရက် နှင့် ၈ ရက်တွင် ကရင်ပြည်နယ်၊ သီရိကွင်းတွင် ကျင်းပမည်ဖြစ်သည်။

ယင်းဖျော်ဖြေပွဲမှ ရရှိငွေများကို အယောက် ၄၀ စီးနင်းနိုင်သော ကေဘယ်လ်ကားအား မှာယူရန်အတွက် ဖြစ်ပြီး ၎င်းကိုမလေးရှား၊ မြန်မာပညာရှင်များက ပူးပေါင်းတပ်ဆင်သွားမည်ဖြစ်သည်။

“ဒီပွဲကို စည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပသွားမှာပါ။ အစ်ကိုတို့၊ လေးဖြူတို့ရဲ့ဖျော်ဖြေပွဲအပြင် တခြားသော အနုပညာ ရှင်တွေကလည်း သူတို့တတ်စွမ်းတဲ့အနုပညာနဲ့ လှူဒါန်းမှုမှာ ပါဝင်ကြမှာပါ။ ဒီပွဲအတွက် သေချာလေးစီစဉ် ထားကြ ပါတယ်”ဟု ယင်းပွဲဖြစ်မြောက်ရေးကော်မတီနှင့် ရန်ပုံငွေရှာဖွေရေးမှ ဒါရိုက်တာအဏ်ထော်ဏီက မဇ္ဈိမသို့ ပြော သည်။

ယင်းဖျော်ဖြေပွဲအတွက် စီစဉ်သူများသည် Bagan Entertainment မှ တစ်ဆင့်  Iron Cross  တီးဝိုင်းနှင့် အဆိုတော်များကို တစ်ညဖျော်ဖြေမှုအတွက် ကျပ်သိန်း ၂၅၀ ဖြင့် ငှားရမ်းခဲ့ပြီး ဖျော် ဖြေပွဲပြီးဆုံးပါက ထူးဖောင်ဒေးရှင်းမှ ကေဘယ်လ်ကားစီမံကိန်းအတွက် ကျပ်သိန်း ၅၀ ပြန်လည်လှူဒါန်းသွားမည် ဖြစ် သည်။

ယင်းဖျော်ဖြေပွဲကို ညနေ၅နာရီမှ ည ၁၁ နာရီအထိ ကျင်းပမည်ဖြစ်ကာ ၀င်ကြေး ကျပ် ၃၀,၀၀၀၊ ၂၀,၀၀၀၊ ၁၀,၀၀၀ သတ်မှတ်ထားသည်။ ယင်း ဖျော်ဖြေပွဲတွင် လေးဖြူ၊ အငဲ၊ ၀ိုင်ဝိုင်း၊ မျိုးကြီးတို့နှင့်အတူ မီးမီးခဲ၊ မေသူခိုင် စသော အနုပညာရှင်များလည်း ဖျော်ဖြေမည်ဖြစ်သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 93 guests online