www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၂၃ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ပုသိမ်မှာ လူငယ်ဖွံ့ဖြိုးရေး သင်တန်းဖွင့်လှစ်

ပုသိမ်မှာ လူငယ်ဖွံ့ဖြိုးရေး သင်တန်းဖွင့်လှစ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးစီးသင်ကြားသော လူငယ် ဖွံဖြိုးရေး သင်တန်းကို ပုသိမ်မြို့ NLD မြို့နယ်ရုံးတွင် ဇွန် လ ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

ယင်းသင်တန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်သင်တန်း ပို့ချပေးသော ဆရာများ လာရောက် သင်ကြား ပေးခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ်မြို့နယ် အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ
ဒေါ်စန်းစန်းဌေးက'' သင်တန်းမှာ လူငယ်တွေကို တက်စေချင်တဲ့ ဆန္ဒနဲ့ ကျွန်မတို့ မြို့နယ်ရုံးမှာ ဦးစီး လုပ်ဆောင်တာဖြစ်ပါတယ်။ လူငယ်တွေ နိုင်ငံရေးအသိတွေတိုးစေချင်တယ်'' ဟု ပြောကြားပါသည်။

လူငယ်သင်တန်းတွင် ဒီမိုကရေစီအကြောင်း၊ လူအခွင့်အရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းအရာများကို ဆရာ ဦးကိုနီ၊ ဆရာဦးမောင်မောင်စိန်၊ ဆရာချစ်မိုးအောင်၊ ဆရာတင်မိုးမြင့် နှင့် ဒေါက်တာကြည်စိုးတို့က သင်ကြားပေးပြီး၊ သင်တန်းမှာ ငါးရက်သင်တန်းဖြစ်သည်။

သင်တန်းမှူး ဦးသန်းထွဋ်အောင်က ''သင်တန်းလာဖွင့်တော့ လူငယ်တွေ နိုင်ငံရေးအသိတွေ တိုးသွားစေသလို၊ မသိရသေးတဲ့ အကြောင်းအရာတွေလည်း လေ့လာခွင့်ရတာပေါ့။ အခုသင်တန်းမှာရတဲ့ အသိတွေကို ပါတီဝင်တွေကြား ပြန်လည်ပြောပြရင် ဒီမှာရှိတဲ့ သူတွေပိုသိရတာပေါ့။ နောက်လည်း အခုလိုသင်တန်းတွေ ထပ်ပြီး ဖွင့်လှစ်နိုင်အောင် ကြိုးစားသွားမယ်'' ဟု မဇ္ဈိမသို့ ပြောသည်။

သင်တန်းကို လူဦးရေ ၁ဝဝ ခန့် တက်ရောက်ပြီး ဧရာဝတီတိုင်းတွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစီးသော လူငယ်သင်တန်းကို ဇွန်လ ၁ရ ရက်တွင် ငပုတောမြို့နယ်တွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား
e-letter-burmese

Who is Online

We have 138 guests online