www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၁၈ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင်လူထု လိုအပ်ချက်များကို မေးမြန်း

ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင်လူထု လိုအပ်ချက်များကို မေးမြန်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြင်ဦးလွင်မြို့လူထုနှင့် ယင်းမြို့တန်ဆောင် တိုင်းကွင်း၌ ယနေ့မွန်းလွဲပိုင်းက တွေ့ဆုံခဲ့ရာ ဒေသခံ လူထုလိုအပ်ချက်များနှင့် ပတ်သက်၍ မေးမြန်းကာ သူ့အနေဖြင့် လုပ်ဆောင်ပေးလိုသည်များကိုလည်း ပြောဆိုခဲ့သည်။

DASSK-Maymyo-Trip-3ယခုကဲ့သို့ တွေ့ဆုံရသည့် အကြောင်းခံမှာ ကြားဖြတ်
ရွေးကောက်ပွဲ ကာလက ပြင်ဦးလွင်မြို့သို့ လာခဲ့ဦးမည်ဟု ကတိပေးထားခြင်းကြောင့် ဖြစ်သည်ဟုလည်း ပြောဆို သွားသည်။

ဒေါ်အောင်ဆန်းစုကြည်က ''ဒီကိုလာရင်းလမ်းမှာ သစ်ပင်တွေနည်းသွားပြီး တောင် ကတုံးတွေကို မြင်ရတာ စိတ်မကောင်းဘူး။ အားလုံးလိုအပ်နေမယ်ဆိုတာ သိပါတယ်။ အားလုံးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းချင် ပါတယ်'' ဟု ဒေသခံလူထုကို ပြောကြားခဲ့သည်။

လျှပ်စစ်မီးပြတ်တောက်သည့် ကိစ္စနှင့်ပတ်သက်၍ ပြောဆိုရာတွင်လည်း နေပြည်တော်လို နေရာမျိုးတွင်ပင်
ပြတ်တောက်မှုများရှိနေသည့်အတွက် မည်သည့် နေရာကစလုပ်ရမှန်း မသိတော့ဟုလည်း လက်ရှိဖြစ်ပျက်နေသည့် အခြေအနေကို ပြောဆိုသည်။

ဆက်လက်ပြီး ယင်းဒေသမှ ခြံများ အိမ်များဖျက်ဆီးခံရသည့် ကိစ္စများနှင့်ပတ်သက်ပြီး သူ့ထံသို့ စာရောက် လာကြောင်း လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ကတိပေးပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အစဉ်သဖြင့် ထောက်ပြလေ့ရှိသည့် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွင်လည်း ဥပဒေရေးဆွဲ သူများပင်လျှင် ဥပဒေကို နားမလည်ကြသည့် အဖြစ်ကို ထောက်ပြပြောဆိုကာ ယင်းသို့ဖြစ်ရခြင်းမှာ ပညာရေး အားနည်းချက်ကြောင့်ဟုလည်း ရှင်းပြသွားသည်။ သူကိုယ်တိုင်လည်း ဥပဒေကို နားလည်အောင် လေ့လာနေတုန်း
ဖြစ်ကြောင်းလည်း ပြောဆိုသွားသည်။ တွေ့ဆုံပွဲသို့ ခန့်မှန်းခြေ လူထုတစ်သိန်းနီးပါး တက်ရောက်ခဲ့ကြသည်။

 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

  1. PR ၊ မျိုးစောင့်၊ TIME ၊ ညွန့်ပေါင်း၊ ၂၀၁၅၊ မီဒီယာ ကိစ္စများနှင့် ဒေါ်စု သဘောထား
  2. ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ မုံရွာမြို့နှင့် မြင်းမူမှာလည်း ကျင်းပ
  3. လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဆုချီးမြှင့်
  4. ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားပြုပါတီ ငါးပါတီ ၂ဝ၁၅ မတိုင်မီ အခြေခံဥပဒေပြင်နိုင်ရေး ဆွေးနွေး
  5. အခြေခံဥပဒေအား ပြည်သူ ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံခဲ့သည်ကို မယုံကြောင်း ဒေါ်စုပြော
  6. ခွဲခြားဆက်ဆံခြင်းသည် အလွန်နိမ့်ကျသည့် စိတ်ဓာတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
  7. ကော့မှူးမြို့နယ်တွင် စာသင်ကျောင်းဆောင်သစ် ပထမဆုံးအကြိမ် ဒေါ်စုလှူဒါန်း
e-letter-burmese

Who is Online

We have 112 guests online