ပန်းချီဆရာမ အုံအုံနှင့် အ၀ါရောင်သံစဉ်များ ပြပွဲ

ပရင့်ထုတ်ရန်

ပန်းချီဆရာမ အုံအုံ၏ “ကျွန်မနှင့် အ၀ါရောင်သံစဉ်များ” (My Yellow Rhythm) ပန်းချီပြပွဲကို အောက်တိုဘာ ၂၂ ရက်မှ ၂၉ ရက်အထိ ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ကျင်းပမည်ဖြစ်သည်။

ယင်းပန်းချီပြပွဲတွင် ပန်းချီကားပေါင်း ၁၅ ကားပြသမည်ဖြစ်ပြီး ထိုပန်းချီကားများသည် ဆီဆေးဖြင့်ရေးဆွဲ ထားသည်။
ပြသထားသည့်အကြောင်းအရာများမှာ ကုသိုလ်နှင့် အကုသိုလ်အကြောင်း၊ သနားစရာကောင်းသော သတ္တ၀ါ အကြောင်း၊ ဆင်းရဲ နှင့်ချမ်းသာ စသည့်အကြောင်းအရာများကို မြန်မာခေတ်အမူအရာဖြင့် ရောယှက်ပြသ ထားသော ပန်းချီကားများ ပါဝင်သည်။

ပန်းချီဆရာမအုံအုံက “ဆွဲထားတဲ့ ပန်းချီကားတွေက ကျွန်မရဲ့ခံစားချက်၊ လက်ရာပန်းချီကားတွေဖြစ်တယ်လို့ ခံစားမိပါတယ်။ နောက်ပြီး ဒီပွဲမှာဆွဲထားတဲ့ ပန်းချီကားတွေက သဲအရသာပေါ်လွင်အောင်ဆွဲ ထားပါတယ်” ဟု
ပြောသည်။

ပန်းချီဆရာမအုံအုံသည် ပန်းချီလောကသို့ ၂၀၀၈ ခုနှစ်မှစတင်ကာ ၀င်ရောက်ခဲ့ပြီး စိတ်ခံစားချက်ကို ဦးစားပေး သည့် အကြောင်းအရာကို တင်ပြရေးဆွဲလေ့ရှိသည့် ပန်းချီဆရာမတစ်ဦးဖြစ်သည်။