ရုပ်ရှင်အစည်းအရုံးကမောင်တောရှိ ဘုန်းကြီးကျောင်းရှစ်ကျောင်းသို့ ကထိန်ခင်း

ပရင့်ထုတ်ရန်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေဖြင့် ယခုနှစ်ကထိန်အလှူကို မောင်တောရှိမီးဘေးသင့်သည့် ဘုန်းကြီးကျောင်း ရှစ်ကျောင်းတွင်ကျင်းပမည်ဖြစ်သည်။ ယင်းကထိန်အလှူကို တာမွေမြို့နယ်ရှိ အလိုတော်ပြည့် ဘုန်းကြီးကျောင်း သို့ နိုဝင်ဘာ ၁၇ ရက်တွင် သွားရောက်လှူဒါန်းမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ရခိုင်ဒေသသို့ ပို့ဆောင်ပေးသွားမည်
ဖြစ်သည်။

“အခုလှူဒါန်းမှုက ဒုတိယအကြိမ် မြောက်ပါ။ ပထမအကြိမ်တုန်းက မီးစက်တွေ၊ ဖုန်းတွေ၊ ဘုရားရုပ်တုတော်တွေ၊ ပလ္လင်တော်တွေ၊ ငွေသားတွေအများကြီးကို ပါဝင်လှူဒါန်းခဲ့ကြတာ အားရစရာကောင်းပါတယ်။ ကျွန်တော်တို့ အနေနဲ့က တကယ်လိုအပ်တဲ့နေရာတွေကို လှူဒါန်းလိုတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်က ကျောင်းတွေကို လှူဒါန်းဖို့ ရွေးချယ်ခဲ့တာပါ”ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးမှ အတွင်းရေးမှူး ဦးအေးကြူလေးက မဇ္ဈိမသို့ ပြော သည်။

ယင်းလှူဒါန်းရန် ရွေးချယ်ထားသော ဘုန်းကြီးကျောင်းများမှာ ရခိုင်ပြည်နယ်မောင်တောမြို့နယ်အတွင်းရှိ မီးရှို့ ခံရသည့် ဘုန်းကြီးကျောင်းများဖြစ်သည့် ရွှေရင်အေးကျေးရွာဘုန်းကြီးကျောင်း၊ ဗောဓိကုန်းကျေးရွာ ဘုန်းကြီး
ကျောင်း၊ ခရေမြိုင်ကျေး ရွာဘုန်းကြီးကျောင်း၊ ကင်းချောင်းကျေးရွာ ဘုန်းကြီးကျောင်း၊ သရီကုန်းတောင်က
ကျေးရွာဘုန်းကြီးကျောင်း၊ ကိုင်းကြီးကျေးရွာဘုန်းကြီးကျောင်း၊ မောရ၀တီကျေးရွာ ဘုန်းကြီးကျောင်းများကို ကထိန်ခင်းကျင်းခြင်းမှ ရရှိလာမည့်လှူဖွယ်ပစ္စည်းများ၊ ၀တ္ထုငွေများကို လှူဒါန်းမည်ဖြစ်သည်။