မော်လမြိုင်တွင် အိမ်တစ်လုံး မီးလောင်

ပရင့်ထုတ်ရန်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက် အောက်လမ်းမကြီးပေါ်ရှိ ပန်းကောင်းရွှေစင် မွေ့ရာဆိုင်တွင်
အောက်တိုဘာ ၂၁ ရက် နံနက် ၉ နာရီ ၁၅မိနစ်ခန့်မှ စတင်ကာ မီးလောင်ကျွမ်းကြောင်း မြို့နယ်ရဲစခန်းက အတည်ပြုသည်။

၁၁ နာရီခန့်အထိ မီးငြှိမ်းသတ်နေရဆဲဖြစ်ကြောင်း မီးလောင်ရာသို့ သွားရောက် ကြည့်ရှုသူ မြို့ခံ ကိုသန့် စင်က
ပြောသည်။

“တစ်အိမ်ပဲလောင်တာ၊ အသေအပျောက်ရှိတယ်လို့ မကြားမိဘူး။ ၀ါယာရှော့ဖြစ်တာလို့ ပြောကြတယ်။ မီးလောင်တဲ့နေရာကို လမ်းပိတ်ထားလို့ ၀င်လို့မရဘူး”ဟု ကိုသန့်စင်က ပြောသည်။

မွန်ပြည်နယ် မီးသတ်ရုံးက တာဝန်ကျ မီးသတ်ဝန်ထမ်းက “အိမ်တစ်လုံးတည်းပါ၊ မီသတ်ကား အစီး ၂၀ သွားတယ်၊ မီးက ၁၁ နာရီခွဲမှာ ငြိမ်းတယ်။ အထိအခိုက် အသေအပျောက်မရှိဘူးဗျ”ဟု ပြောသည်။

“ဆုံးရှုံးမှုတန်ဖိုး ၆၇ သိန်း ငါးသောင်းပါ။ ဆိုင်ပိုင်ရှင်အမည်က ဒေါ်စန်းစန်းစိုးပါ။ အရုပ်ထဲကဘက်ထရီအပူ လွန်ကဲပြီ မီးလောင်တာပါ”ဟု မော်လမြိုင်ရဲစခန်းမှ တာဝန်ကျ ဒု-ရဲအုပ်က မဇ္စျိမကို အတည်ပြု ပြောဆိုသည်။

မီးလောင်မှုအတွက် ဆိုင်ရှင်ကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်။