www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္ဂနွေ, ၂၄ စက်တင်ဘာ ၂၀၁၇

Mizzima Burmese

အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

တောင်ဒဂုံတွင် ဖြစ်ပွားခဲ့သည့် အသက် ၆၈ နှစ်အရွယ် အမျိုသမီးကြီးတစ်ဦးအား ၀င်သတ်ပြီး ပစ္စည်းလုယက်မှု တစ်ခုတွင် သံသယရှိထားသူကို အောက်တိုဘာ ၂၃ ရက်က ဖမ်းဆီးလိုက်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

လူသတ်ပစ္စည်းလုယက်မှုအတွက် သံသယရှိထားသူမှာ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သူ ကိုဇော်ဝင်းထွန်း (၂၈)နှစ် ဖြစ်သည်ဟု ဖော်ပြထားသည်။

အမှုမှာ တောင်ဒဂုံ (၂၀)ရပ်ကွက်၊ မောင်းမကန်ကမ်းသာလမ်းတွင် အောက်တိုဘာ ၁၁ ရက်က ဖြစ်ပွား ထားခြင်း
ဖြစ်သည်။

ယင်းအိမ်တွင် နေထိုင်သည့် ဒေါ်သန်းမြိုင် (၆၈)နှစ်အား အိမ်နောက်ဖေးခန်းတွင်လဲနေသည်ကို တူဖြစ်သူ ကိုမင်းအောင်က စတင်တွေ့ရှိခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့အပ်ရာ သေဆုံးနေသည်ကို သိရှိခဲ့သည် ဟု တိုင်းရဲတပ်ဖွဲ့က ဆိုသည်။

ထို့ကြောင့် မြို့နယ်ရဲစခန်းအား အကြောင်းကြားခဲ့ရာတွင် ရဲစခန်းက ကနဦးတွင် သေမှုသေခင်းအမှတ်စဉ် (၄၇/၂၀၁၃)ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ကိုမင်းအောင်က အလောင်းအား မီးသင်္ဂြိုလ်နိုင်ရန် သေဆုံးသူ၏ အိမ်သို့ မှတ်ပုံတင်နှင့် မွေး စားရင်းသွားယူရာတွင် မသင်္ကာဖွယ်ရာများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

နေအိမ်အတွင်းရှိ သေတ္တာများမှာပွင့်နေပြီး အိပ်ရာလိပ်များမှာလည်း ရှုပ်ပွနေသည့်အပြင် နောက်ဖေး ရေချိုးခန်း
ပြတင်းသံဆန်ခါမှာ လူတစ်ယောက်ဝင်နိုင်သည့်အထိ ဖြတ်တောက်ထားသည်ကို တွေ့ရှိသ ဖြင့် ရဲစခန်းသို့ အကြောင်းကြားခဲ့သည်ဟု ဆိုထားသည်။

မှုခင်းဆရာဝန်၏ စစ်ဆေးချက်အရ သေဆုံးသူသည် အောက်နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ၊ ၀ဲလက်ခုံ၊ ၀ဲဒူး ခေါင်းပွန်းပဲ့ ဒဏ်ရာ၊ ရင်ဘက်ပိုင်းယာနံရိုးများ ကျိုးနေကြောင်းကို စစ်ဆေးတွေ့ရှိထားသည်။

အထက်ပါ တွေ့ရှိချက်များကြောင့် ရန်ကုန်တိုင်း ပူးပေါင်းရဲတပ်ဖွဲ့ဝင်များက မသင်္ကာသည့် ကိုဇော်ဝင်းထွန်းကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်းလည်းဖြစ်သည်။

ဖော်ထုတ်ချက်အရ ၎င်းသည် သေဆုံးသူ၏ နေအိမ်တွင် ပန်းရန်လုပ်ကိုင်ဖူးပြီး အောက်တိုဘာ ၁၀ ရက် ညပိုင်းက
ရေချိုးခန်းပြတင်းသံဆန်ခါအား ချိုးဖျက်ဝင်ရောက်ခဲ့သည်ကို ထွက်ဆိုခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့ က ဆိုသည်။

ယင်းသို့ ၀င်ရောက်စဉ် ဒေါ်သန်းမြိုင်က အော်ဟစ်သဖြင့် မအော်နိုင်စေရန် ခန္ဓာကိုယ်အား ချုပ်ကိုင်၍ ပါးစပ်အား လက်ဖြင့်ပိတ်ထားရာမှ သတိလစ်ပြီး လဲကျသွားခဲ့သည်ဟုလည်း ၀န်ခံထွက်ဆိုထားသည်။

ထို့နောက် ၎င်းဝတ်ဆင်ထားသည့် စိန်တစ်လုံးစီပါ နားကပ်တစ်ရံနှင့် နေအိမ်အိပ်ခန်းအတွင်းမှ ဆင်းကတ်ပါ ဟန်းဆက် တစ်လုံးတို့ကို ယူဆောင်ခဲ့ကြောင်း ထွက်ဆိုပြီး သက်သေခံပစ္စည်းများအား ပြန်လည် ပေးအပ်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် ၄င်းအမှုအား သေမှုသေခင်းမှ လူသတ်/ယုယက်မှုသို့ ပြောင်းလဲအမှုဖွင့်ပြီး ကိုဇော်ဝင်းထွန်းကို အရေးယူပေးရန် ရဲအုပ်ပန်းစိန်အောင်က တိုင်တန်းထားသည်။

ယင်းအမှုကို မြို့နယ်ရဲစခန်းက (ပ)၈၉၅ / ၂၀၁၃ဖြင့် အမှုဖွင့်လိုက်ပြီး ပြစ်မှုပုဒ်မ ၀၃၂ / ၃၉၂ တို့ဖြင့် အရေးယူရန် ဆက်လက်စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့ကဆိုသည်။
 

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား