www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၂၆ စက်တင်ဘာ ၂၀၁၇

Mizzima Burmese

ဇနီးဖြစ်သူ ကိုယ်ဝန်ရှိသည့်ကိစ္စ စကားများပြီး ယောက်ျားဖြစ်သူ ဆွဲကြိုးချသေဆုံး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

သင်္ဃန်းကျွန်းမြို့နယ်တွင် ဇနီးဖြစ်သူကိုယ်ဝန်ရှိသည့်ကိစ္စဖြင့် စကားများကြရာမှ ယောက်ျားဖြစ်သူ ဆွဲကြိုးချ
သေဆုံးခဲ့မှုတစ်ခု အောက်တိုဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဆိုသည်။

ဆွဲကြိုးချ သေဆုံးခဲ့သူမှာ (၁၆)ရပ်ကွက်၊ ကံ့ကော်ရိပ်သာလမ်းတွင် နေထိုင်သည့် ၄၅ နှစ်အရွယ်ရှိ ဦးမောင်မောင်စိုး ဖြစ်သည်ဟုလည်း မြို့နယ်ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းသည် အိမ်နောက်ဖေးခန်း ခေါင်မိုးထုတ်တန်းတွင် အရှည်ငါးပေခန့်၊ လုံးပတ် လက်မ၀က်ခန့်ရှိ နိုင်လွန်ကြိုးဖြင့် ဆွဲကြိုးချသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူသည် ဇနီးဖြစ်သူ ကိုယ်ဝန်ရှိသည့်ကိစ္စဖြင့် စကားများရာမှ ယင်းကဲ့သို့ သေကြောင်းကြံစည်ခြင်းဖစ်ဟု ကနဦးအရ သိရှိထားရသည်ဟု ဆိုသည်။

သေဆုံးသူအလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့အပ်ထားရာ ပီအာရ် ၇၇ ဖြင့် လက်ခံစစ်ဆေးနေသည်ဟု ဆိုသည်။

ထို့ပြင် ယင်းသေဆုံးအား ဓမ္မတာအတိုင်း သေဆုံးခဲ့ခြင်း ဟုတ်၊ မဟုတ် ဆက်လက်စစ်ဆေးဖော်ထုတ် ပေးရန် ဒု-ရဲအုပ် ငွေမိုးကတရားလိုပြုလုပ် တိုင်တန်းထားသည်။ ထို့ကြောင့် ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၂/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး စခန်းမှူးဖြစ်သူ ရဲမှူး သိန်းဟန်က စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုထားသည်။
 

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား