www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၂၆ ဖေဖေါ်ဝါရီ ၂၀၁၈

Mizzima Burmese

အလှူခံမဏ္ဍပ်ရှေ့ အရှိန်ပြင်းစွာ မောင်းခဲ့သည့် ယာဉ်မောင်းကို အမှုဖွင့်ဖမ်းဆီး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အလှူခံမဏ္ဍပ်ရှေ့တွင် အရှိန်ပြင်းစွာမောင်းနှင်ခဲ့သည့် ယာဉ်မောင်းတစ်ဦးကို အလှူခံအဖွဲ့က တိုင်ကြားလိုက် သဖြင့် တိုက်ကြီးရဲစခန်းက အောက်တိုဘာ ၂၂ ရက်တွင် အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှူးရုံးကဆိုသည်။

အမှုကို ဂျိုးဖြူကျေးရွာအုပ်စု အလှူခံအဖွဲ့ခေါင်းဆောင် ဦးမောင်မြင့်(၃၈)နှစ်နှင့် အဖွဲ့က ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

၎င်းတို့သည် နံနက် ၁၀ နာရီခွဲက သရက်ကုန်းကျေးရွာ၊ ရွာလယ်လမ်းမအလှူခံမဏ္ဍပ်တွင် အလှူခံနေစဉ်
အောင်ကျော်သီဟ မောင်းနှင်သည့် ဟီးနိုးအဖြူ/အစိမ်းကြား အုတ်တင်ယာဉ်က အလှူခံမဏ္ဍပ်ရှေ့ အရောက်တွင် အရှိန်ပြင်းစွာမောင်းနှင်ခဲ့သည်ဟု တိုင်တန်းထားသည်။

ယင်းသို့မောင်းနှင်မှုကြောင့် အလှူခံအဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိခိုက်ဒဏ်ရာမရရှိသော်လည်း ယာဉ်မဆင်မခြင်မောင်းသူကို ဖမ်းဆီးအရေးယူပေးရန် တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟုလည်း ရဲတပ်ဖွဲ့ က ဆိုသည်။

ထို့ကြောင့် ယာဉ်မောင်းဖြစ်သူ အောင်ကျော်သီဟ(ခ)ဟာဘောကို အရေးယူပေးရန် ဒု-ရဲအုပ် တင်မျိုးဇော်က တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။ တိုင်တန်းမှုကို တိုက်ကြီးရဲစခန်းက ယာဉ်(ပ)၅၄/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသည့် ယာဉ်မောင်းကို ဖမ်းဆီးစစ်ဆေးနေကာ ပုဒ်မ ၂၇၉ ဖြင့် အရေးယူသွားမည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုသည်။
 

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား