ရေနံချောင်းမြို့တွင် ခရီးသည်တင်ကား ချောက်ထဲထိုးကျ လူလေးဦးသေဆုံး

ပရင့်ထုတ်ရန်

ပြည်မြို့မှ ပခုက္ကူသို့ ပြေးဆွဲသည့် ပြည်တော်ကြီး ခရီးသည်တင်ကားသည် ရေနံချောင်းမြို့အရောက် ရန်ကုန်-မန္တလေးလမ်း မိုင်တိုင် ၃၆၀ အနီးတွင် ချောက်ထဲသို့ ထိုးကျခဲ့ပြီး လူလေးဦးသေဆုံးခဲ့ကြောင်း ရေနံချောင်း ရဲစခန်းကဆိုသည်။

ဖြစ်စဉ်သည် အောက်တိုဘာ ၂၂ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခရီးသည်များထဲမှ လေးဦးပွဲချင်းပြီး သေဆုံးသွားပြီး ခရီးသည် ၁၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ရေနံချောင်း ပြည်သူ့ဆေးရုံတွင် ဆေးကုသလျက်ရှိ သည်။

အဆိုပါ ယာဉ်ချောက်ထဲကျ တိမ်းမှောက်မှုကို ယာဉ်မောင်း ကျော်ဇေယျာမြင့်(၃၄)နှစ်အား ရေနံချောင်းမြို့
ညောင်လှရဲစခန်းတွင် ယာဉ်(ပ)၈/၂၀၁၃ ပြစ်မှုအမှတ် ၃၀၄ (က)/၃၃၇/၃၃၈ ဖြင့် အရေးယူထား ကြောင်း ရဲမှတ်တမ်းအရသတင်းရရှိသည်။

အဆိုပါ ယာဉ်ချောက်ထဲကျ၍ ကားတိမ်းမှောက်မှုအား မကွေးခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ် ကြည်ညွှန့်ရွှေ နှင့် လုံခြုံရေးအဖွဲ့တို့ အခင်းဖြစ်ပွားရာ ရေနံချောင်းသို့ လာရောက်စစ်ဆေးခဲ့ပြီး ရေနံချောင်းမှ မကွေးသို့ အပြန်လမ်း ကံပြားလမ်းဆုံတွင် စလစ်ဖြစ်ပြီး လမ်းဘေးရှိ သစ်ပင်ဖြင့် ယာဉ်နောက်ပိုင်းအား ရိုက်မိခဲ့ ကြောင်းပြီး ရဲသားတစ်ဦးဒဏ်ရာရရှိခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ဆောင်စဉ် လမ်း၌ရဲတပ်သား သက်ကိုဦး သေဆုံးသွားခဲ့သည်။

အဆိုပါ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး၏ လုံခြုံရေးယာဉ်မောင်း ရဲတပ်ကြပ် ကြည်ညွှန့်ရွှေ(လ ၁၂၈၂၄၄) အား မကွေးမြို့နယ်မြေ ရဲစခန်းတွင် ယာဉ်(ပ)၂၆/၂၀၁၃ ပြစ်မှုအမှတ် ၃၀၄(က)အရအမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။