www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၁၅ အောက်တိုဘာ ၂၀၁၉

Mizzima Burmese

လက်ဝတ်ရတနာများ ခိုးယူခဲ့ကြောင်း အိမ်အကူက ၀န်ခံထွက်ဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စမ်းချောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော လက်ဝတ်ရတနာပစ္စည်းများ ခိုးယူခံရမှု တစ်ခုတွင် ခိုးယူခဲ့သည့် အိမ်အကူ ကို ဖော်ထုတ်ရမိပြီဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

အမှုနှင့်ပတ်သက်ပြီး သံသယရှိထားသည့် မအူပင်မြို့နယ်နေသူ မသက်သက်အေးကို မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့သည်ဟု သိရသည်။

ထို့ကြောင့် သူမက ရွှေထည်လက်ဝတ်ရတနာပစ္စည်းများ ခိုးယူခဲ့ကြောင်းကို ၀န်ခံထွက်ဆိုခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့ က ဆိုထားသည်။

အဆိုပါအမှုမှာ စမ်းချောင်းမြို့နယ် ကျွန်းတောရပ်ကွက်တွင် အောက်တိုဘာ ၁၀ ရက်က ဖြစ်ပွားခဲ့ခြင်းလည်းဖြစ် သည်။

အမှုတွင် အိမ်ရှင်ဖြစ်သူ ဒေါ်အေးသင်္ကြန်မောင်သည် တောင်ကြီးမြို့သို့ အလည်သွားရောက်ခဲ့ပြီး အောက်တိုဘာ ၁၂ ရက်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု ဆိုထားသည်။

ထိုအချိန်တွင် အိမ်အကူ မသက်သက်အေးမှာ နေအိမ်မှထွက်ပြေးသွားကြောင်းသိရသဖြင့် နေအိမ်ရှိ ပစ္စည်းများ အား စစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။

စစ်ဆေးရာတွင် အိပ်ခန်းဗီရိုထဲတွင်ထားရှိသော ရွှေထည်လက်ဝတ်ရတနာပစ္စည်းမျိုးစုံ ၂၈ မျိုး၊ အမေရိကန်
ဒေါ်လာ ၁၀၀၊ ထိုင်းဘတ်ငွေ ၁၁၀၀၊ ပေါင်ငွေ ၁၀၀၊ လက်ကိုင်အိတ်တစ်လုံးနှင့် အသုံးဆောင် ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၃,၀၄၀,၀၀၀ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် အမှုဖွင့်တိုင် တန်းခဲ့ခြင်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို ရဲစခန်းက (ပ)၃၃၀ /၂၀၁၃ဖြင့် အမှုဖွင့်ပြီး စုံစမ်းဖောက်ထုတ်ခဲ့ခြင်းဖြစ်သည်။ ယခု အခါတွင် ခိုးယူသွားသော သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်း လုပ်ဆောင်နေပြီး ပြစ်မှုကျူးလွန်ခဲ့သူကိုလည်း ပုဒ်မ ၃၈၀ ဖြင့် အရေးယူဆောင်ရွက်သွားမည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။
 

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား