www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၂၁ သြဂုတ် ၂၀၁၉

Mizzima Burmese

အထည်ချုပ်စက်ရုံအလုပ်သမတစ်ဦးကို အသက် ၆၀ အရွယ် အမျိုးသားကြီးက အဓမ္မပြုကျင့်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အသက် ၆၀ အမျိုးသားကြီးက အဓမ္မပြုကျင့်လိုက်သည်ဟု ၂၄ နှစ်အရွယ် အထည်ချုပ်စက်ရုံ အလုပ်သမ အမျိုးသမီး ငယ်၏ အမှုဖွင့်တိုင်တန်းမှုကို တောင်ဥက္ကလာရဲစခန်းက အောက်တိုဘာ ၂၁ တွင် အမှုဖွင့် ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

အဆိုပါ အမှုကို တောင်ဥက္ကလာပမြို့နယ်နေ အတည်ချုပ်စက်ရုံအလုပ်သမက တိုင်းထားခြင်းဖြစ်သည်ဟုလည်း ရဲတပ်ဖွဲ့က ဆိုထားသည်။

သူမသည် ယင်းနေ့ မွန်းလွဲ ၃ နာရီက အထည်ချုပ်စက်ရုံရှေ့တွင်ရှိနေစဉ် တောင်ဥက္ကလာမြို့နယ်တွင် နေထိုင်သူ ယခင်က သိကျွမ်းသူ အမျိုးသားကြီးက “နင့်သူငယ်ချင်း ငါ့အိမ်ရောက်နေတယ်။ အိမ်မပြန်ရဲ လို့ လာခေါ်ပြီး
ပြန်ပို့ပေးရန်နှင့် စီမံကိန်း (၂)ဈေးထိပ်ကို စက်ဘီးနဲ့လာခေါ်မယ်”ဟု ဖုန်းဆက်ချိန်းဆိုခဲ့သည်ဟု ရဲအားတိုင်တန်း ထွက်ဆိုထားသည်။

ထို့ကြောင့် သွားရောက်ခဲ့ပြီး အဆိုပါ အမျိုးသားကြီးနှင့်အတူ ၎င်း၏နေအိမ်သို့ လိုက်ပါသွားခဲ့သည်ဟုလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် သူငယ်ချင်းဖြစ်သူမှာ နောက်ဖေးမီးဖိုခန်းတွင် ထမင်းစားနေကြောင်း ပြောသဖြင့် သွားကြည့်ခဲ့သော်လည်း မတွေ့သဖြင့် ပြန်ထွက်လာခဲ့သည်ဟုလည်း တရားလိုက ဆိုထားသည်။

ဘုရားခန်းအနီးအရောက်တွင် အဆိုပါအမျိုးသားကြီးက “နင်လိုချင်တာ အကုန်ဝယ်ပေးမယ်၊ ငါလုပ်တာခံ” ဟု ပြော ကာ ကုတင်ပေါ်သို့ တွန်းလှဲပြီး မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

အခင်းဖြစ်အချိန်တွင် သူမ၏ပါးစပ်အတွင်းသို့ အ၀တ်စထိုးထည့်ထားပြီး ရုန်းကန်မရ ဖြစ်နေစဉ်မှာပင် သားမယား အဖြစ် တစ်ကြိမ်ပြုကျင့်သည်ဟုလည်း တရားလိုအမျိုးသမီးက ရဲထံတွင် ထွက်ဆိုထားသည်။

အဆိုပါ တိုင်တန်းမှုကို ရဲစခန်းက (ပ) ၃၉၁/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲတိုင်တန်းခံထားရသူအား ဖမ်းဆီးရမိရေး လုပ်ဆောင်နေပြီး ပြစ်မှုကျူးလွန်ကြောင်း မှန်ကန်ပါက ပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက လည်း ဆိုထားသည်။

အလားတူ ယင်းနေ့တစ်နေ့တည်းမှာ ပင် ဥာဏ်ရည်မမီသူ အမျိုးသမီးကြီးတစ်ဦးကို အသက် (၄၈)နှစ် အရွယ် အမျိုးသားကြီးတစ်ဦးက နေအိမ်ထဲ ၀င်ရောက်ပြီး သားမယားပြုကျင့်ခဲ့သည်ဟုဆိုကာ အမှုဖွင့် တိုင်တန်းမှုတစ်ခုကို သာကေတနယ်မြေရဲစခန်းက (ပ)၇၅၀/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၃၇၆ ဖြင့် တရားစွဲရန် တိုင်တန်းခံရသူအား ဖမ်းဆီးစစ်ဆေးနေသည်ဟု တိုင်းရဲဌာနက ဆိုသည်။
 

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား