www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ၂၀၁၀ ရွေးကောက်ပွဲ > ကြံ့ဖွံ့မှအပ ၁ဝ ရာခိုင်နှုန်းပင် မပြည့်သေး

ကြံ့ဖွံ့မှအပ ၁ဝ ရာခိုင်နှုန်းပင် မပြည့်သေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီမှအပ ကျန်ရှိသည့် နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲ အနိုင်ရရှိမှု လက်ရှိ စာရင်းအရ ပြည်ထောင်စု လွှတ်တော်၏ ၁ဝ ပုံတပုံပင် မရှိသေးကြောင်း တွေ့ရှိရသည်။

မဇ္ဈိမသတင်းဌာန၏ စုံစမ်းမှုနှင့် အခြား ပြည်တွင်းပြည်ပ သတင်းမီဒီယာအချို့တွင် ဖော်ပြထားသည့် သတင်းအချက်အလက်များအရ လေ့လာတွေ့ရှိရခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်အတွက် လွှတ်တော်အမတ်ပေါင်း ၄၄ဝ ဦး သတ်မှတ်ထားရာ ၄ ပုံတပုံဖြစ်သည့် ဦးရေ ၁၁ဝ သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်ရှိသော လွှတ်တော်အမတ် ဦးရေ ၃၃ဝ ကိုမူ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲက ရွေးချယ်ပေးသည်။

လတ်တလော စာရင်းအရ အရွေးချယ်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သည် ၂၅ ဦးသာ ရှိသေးသည်။

ထို ၂၅ ဦးထဲတွင် အမတ်လောင်း ၉၈ဝ ဖြင့် ဒုတိယအများဆုံး ဝင်ပြိုင်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) က ၁ ဦး၊ ၁၆၃ ဦးဖြင့် တတိယအများဆုံး ဝင်ပြိုင်သည့် အမျိုးသားဒီမိုကရေစီအင်အားစု NDF က ၁၁ ဦး၊ ၁၅၇ ဦးဖြင့် စတုတ္ထ အများဆုံး ဝင်ပြိုင်သည့် ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ၈ ဦး ပါဝင်နေသည်။

အမျိုးသားလွှတ်တော်အတွက် လွှတ်တော်အမတ်ပေါင်း ၂၂၄ ဦး သတ်မှတ်ထားရာ ၄ ပုံတပုံဖြစ်သည့် ၅၆ ဦးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကပင် ခန့်အပ်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်ရှိသည့် လွှတ်တော်အမတ် ဦးရေ ၁၆၈ ကိုမူ ရွေးကောက်ပွဲက ရွေးချယ်ပေးသည်။

လတ်တလော စာရင်းအရ အရွေးချယ်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်သည် ၁၂ ဦးသာ ရှိသေးသည်။

ထို ၁၂ ဦးထဲတွင် တစည က ၁ ဦး၊ NDF ၄ ဦး၊ ကျားဖြူက ၂ ဦးနှင့် ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP က ၃ ဦး ပါဝင်နေသည်။

အဆိုပါ စာရင်းအရဆိုလျှင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းကာ ဖြစ်ပေါ်လာမည့် ပြည်ထောင်စု လွှတ်တော်အတွင်း အရပ်သား လွှတ်တော်အမတ်ပေါင်း ၄၉၈ ဦး ရှိမည့်အနက် လတ်တလော ၃၇ ဦးသာ ရှိသေးသဖြင့် ရာခိုင်နှုန်းအားဖြင့် ၇ ဒဿမ ၄၃ နီးပါးသာ ရှိနေပါသေးသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ နိုင်ငံတဝှန်း အမတ်လောင်း ဦးရေ ၁၁၆၃ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ပါတီကို လက်ရှိ စစ်အစိုးရ ခေါင်းဆောင် စစ်ဗိုလ်ချုပ်များက ဦးဆောင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

result-list
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား
e-letter-burmese

Who is Online

We have 36 guests online