www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ၂၀၁၀ ရွေးကောက်ပွဲ > ရွေးကောက်ပွဲ `ဖိနှိပ်မှု' ကနေဒါ `စိုးရိမ်´

ရွေးကောက်ပွဲ `ဖိနှိပ်မှု' ကနေဒါ `စိုးရိမ်´

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) - ယနေ့ ကျင်းပသည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲ အခြေအနေများ အပေါ် `အလွန် ရတက်မအေး ဖြစ်ရကြောင်း' ကနေဒါ နိုင်ငံခြားရေးဝန်ကြီး လောရင့်စ်ကင်နွန် (Lawrence Cannon) က  အစိုးရကိုယ်စား ပြောကြားသွားသည်။

ကနေဒါဝန်ကြီးချုပ် ဟားပါး ပြည်ပရောက် စင်ပြိုင်အစိုးရ အကြီးအကဲနှင့် ၁၉၉ဝ ရွေးကောက်ခံအမတ် ဒေါက်တာစိန်ဝင်းကို ၂ဝဝ၈ ခုနှစ်က လက်ခံတွေ့ဆုံနေပုံ။ ထိုင်းနိုင်ငံက မြန်မာဒုက္ခသည်များကို ဘဏ္ဍာရေး အထောက်အပံ့များပိုပေးရန် ကနေဒါအစိုးရကို တောင်းခံရေးအတွက်   အော့တာဝါကို သူလာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်မှထုတ်ဖော်ထောက်ခံသူ ဟားပါးကလည်း နယ်စပ်ရှိဒုက္ခသည် စခန်းများအတွက် ကနေဒါ အစိုးရ၏ ဘဏ္ဍာရေးအကူအညီကို နှစ်ဆ တိုးပေးခဲ့သည်။ (ဓာတ်ပုံ - ကနေဒါ အစိုးရ) စတီဖင်ဟားပါး၏ ကွန်ဆာဗေးတစ် အစိုးရက `ယနေ့ နိုဝင်ဘာ ၇ တွင် ကျင်းပမည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲ အပေါ် အလွန် ပူပန်မိသည်´ဟု ဝန်ကြီး ကို ကိုးကားပြီး ကင်နွန်၏ ရုံးက သောကြာနေ့က ကြေညာချက်တရပ် ယမန်နေ့က ထုတ်ပြန်လိုက်သည်။

`ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံတွင်းရှိ အတိုက်အခံများ၊ တိုင်းရင်းသား လူနည်းစု များနှင့် စစ်မှန်သော တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် စစ်အစိုးရကို ကျနော်တို့ နောက် တကြိမ် ထပ်မံ တိုက်တွန်းပါသည်´ ဟု အဆိုပါ ကြေညာချက်တွင် ရေးသား ဖော်ပြထားသည်။

မြန်မာနိုင်ငံအပေါ် ကနေဒါအစိုးရ၏ ဝေဖန်မှုကို ကနေဒါ ဖက်ဒရယ် ပါလီမန်အတွင်းမှ အတိုက်အခံပါတီ ၃ ခုလုံးက လက်ခံလိုက်ပြီး ကနေဒါ အစိုးရ ကိုယ်စားလှယ်များနှင့်အတူ သတင်းစာ ရှင်းလင်းပွဲတရပ် ယခင်အပတ်က ကျင်းပကာ မြန်မာနိုင်ငံအပေါ် စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

အဆိုပါသတင်းစာ ရှင်းလင်းပွဲသို့ ကနေဒါ မြန်မာမိတ်ဆွေများအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်မောင်ထူး၊ ထိုင်းမြန်မာနယ်စပ်  မြန်မာတက်ကြွလှုပ်ရှားသူများ၏  ညွန့်ပေါင်းအဖွဲ့ဖြစ်သော မြန်မာ့ဒီမိုကရေစီကွန်ယက်အဖွဲ့မှ  ဒေါက်တာနိုင်အောင် တို့လည်း တက်ရောက်ခဲ့ကြသည်။

ကနေဒါရောက် မြန်မာလူမျိုးများနှင့် ဒုက္ခသည်များ ယခုရက်သတ္တပတ်ကုန်တွင် ကနေဒါနိုင်ငံတဝှမ်း လူထုဆန္ဒပြပွဲများကျင်းမည်ဖြစ်ပြီး `အတုအယောင်ဖွဲ့စည်းပုံဥပဒေအောက်တွင် ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲ´ ဟု သူတို့ကဆိုသော ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သွားမည်ဟု ဦးတင်မောင်ထူးက ပြောသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံးအကြိမ်ကျင်းပမည့် ရွေးကောက်ပွဲသည် ` ဗိုလ်ချုပ်ကြီးများနှင့် သူတို့လက်ကိုင်တုတ်မျာ အုပ်စိုးမှု သက်ဆိုးရှည်ရေးအတွက် ပြုလုပ်သော ရွေးကောက်ပွဲ လုပ်ဇာတ်သာဖြစ်သည်´ ဟု သူက မဇ္ဈိမ ကိုပြောသည်။

`နှစ်ပေါင်း ၅ဝ လောက်အုပ်ချုပ်ပြီးတဲ့အခါ မြန်မာစစ်တပ်က အဝတ်လဲဘို့လုပ်ပါတယ်။ ခုတော့ ဗိုလ်ချုပ်ကြီးတွေ အရပ်ဝတ်တွေပြောင်းဝတ်ထားပါတယ်။ ဒါပေမဲ့ သူတို့လက်တွေကတော့ သွေးစွန်းနေတုံးပါဘဲ´ ဟု သူကဆက်လက်ပြောဆိုသည်။

အော့တာဝါအခြေစိုက် တက်ကြွလှုပ်ရှားသူက ရွေးကောက်ပွဲအပြီး ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားပါ။ `စစ်အစိုးရကျောထောက် နောက်ခံပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့မှာ သန်းရွှေရဲ့ မိတ်ဆွေ အများအပြား ပါဝင်နေပြီး သူတို့ဘဲ အများစု အနိုင်ရလာမှာ ဖြစ်တဲ့ ဒီလွှတ်တော်လို့ ခေါ်တဲ့ဟာက တကယ်တော့ အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေရဲ့ အပန်းဖြေ အနားယူရာ ကျေးလက် ကလပ်ကြီးတခုသာ ဖြစ်ပါလိမ့်မယ်။ ရွေးချယ်ခံ အတိုက်အခံ ဆိုတာကလဲ ယခင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ နောက်လိုက်ဟောင်းများ ယခုတော့ အပယ်ခံ အိမ်နိမ့်စ အငုတ်အတက်လေးများသာ ဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီဝင်တွေ ဖြစ်ကြပါမယ်။ ဒီတော့ မြန်မာနိုင်ငံမှာရှိတဲ့ လူမှန်သမျှ ဒုက္ခတွေ ဆက်ခံစားနေကြရအုံးမယ်။ မြန်မာစစ်တပ်ကလဲ ကရင်၊ ကချင်၊ ရှမ်းနဲ့ အခြား တိုင်းရင်းသား လူနည်းစု အားလုံးကို မီးကုန်ယမ်းကုန် စစ်ပွဲကြီး ဆက်ဆင်နွှဲနေအုံးမှာ ဖြစ်ပါတယ်´ ဟု သူက ပြောဆိုသွားသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 29 guests online