www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၁၈ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > ပြည်သူ့အသံ > ရွေးကောက်ပွဲအပေါ် မဲဆန္ဒရှင်တို့ရဲ့အသံ (Update)

ရွေးကောက်ပွဲအပေါ် မဲဆန္ဒရှင်တို့ရဲ့အသံ (Update)

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ဟာသသရုပ်ဆောင် အရိုင်း

ayen
ဟာသ သရုပ်ဆောင်အရိုင်း
“ရွေးကောက်ပွဲကို ကျနော့်အနေနဲ့ ဘာမှတော့ မပြောချင်ပါဘူး။ စိတ်ဝင်စားမှု မရှိလို့ မဟုတ်ပါဘူး။ တခြားအလုပ်တွေနဲ့ ရှုတ်နေတော့ လေ့လာချိန် သိပ်မရဘူးပေါ့နော်။ ရွေးကောက်ပွဲ လုပ်ပြီးသွားတဲ့အခါ ချက်ချင်းတော့ ဘယ်လိုမှ ပြုပြင်ပြောင်းလဲလို့ မရနိုင်သေးပါဘူး။ ပြီးသွားရင် လုပ်စရာအလုပ်တွေ ကျန်ဦးမှာပါ။ ကောင်းကောင်းမွန်မွန်၊ အေးအေးဆေးဆေး၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်သွားကြရင် အကောင်းဆုံးပါပဲ” “ပါတီတွေကို လေ့လာရမယ့်အချိန် နည်းပါတယ်။ တပါတီချင်း လေ့လာနိုင်မှသာလျှင် သေချာသိနိုင်မှာ။ လေ့လာချိန် နည်းတော့ စိတ်ရှည်လက်ရှည် သေချာမလေ့လာနိုင်ဘူး။ အကြမ်းဖျင်းပဲ သိတာ။ ပါတီတွေ တအားများတဲ့အခါ ဘယ်ဟာကို လိုက်ဖတ်ရမှန်းတောင် မသိတော့ဘူး” “မဲမပေးဘူးဆိုရင် မဲတကဒ် ဆုံးရှုံးသွားမှာ။ ဘယ်ပါတီကို မဲပေးဖို့လို့တော့ ရည်ရွယ်ထားတာ မရှိပါဘူး။ ကိုယ်ပေးလိုက်တဲ့ မဲတမဲက လွှတ်တော်ထဲကို ရောက်သွားမယ့်လူ၊ မှန်မှန်ကန်ကန် ရောက်သွားဖို့ အရေးပါမယ်လို့ ထင်ပါတယ်။ ကိုယ့်ရပ်ကွက်၊ ကိုယ့်မြို့နယ်၊ တတိုင်းပြည်လုံးကို မကြည့်ပါနဲ့ဦးလို့၊ ကိုယ့်ရပ်ကွက်ကလေးမှာပဲ ပီပီပြင်ပြင် လုပ်ပေးမယ့် တကယ်စစ်မှန်တဲ့ ကိုယ်စားလှယ်လောင်းမျိုးကိုပဲ ရွေးချယ်နိုင်ပါစေလို့ တိုက်တွန်းလိုပါတယ်”


ကျော်ကျော်

ကျော်ကျော်
ရခိုင်
“ရွေးကောက်ပွဲကို ဘယ်ထောက်ခံမှာလဲ။ စစ်အစိုးရက လုပ်နေတာ မထောက်ခံဘူး။ သူတို့ အာဏာတည်မြဲရေးအတွက် လုပ်နေတာပဲလေ။ ပြည်သူတွေအတွက် လုပ်တာမှ မဟုတ်တာ။ အဲဒါကြောင့် လုံးဝ မထောက်ခံဘူး။ မထောက်ခံမှတော့ မဲပေးဖို့ကတော့ ဝေးသေးတယ်”



စိန်ရမ်

စိန်ရမ်
ကချင်
“ပြည်သူလူထုကို ဘယ်လိုလိမ်ရမလဲဆိုတာကို စဉ်းစားပြီးမှ လုပ်နေတာပေါ့။ သူတို့ လုပ်နေကျ။ ဒီမှာရောက်နေတဲ့ ကချင်တွေအနေနဲ့ လက်မခံဘူး။ ဆန္ဒပြဖို့ အစီအစဉ်လည်း ရှိတယ်။ ပြည်ပရောက်နေတဲ့ ကချင်တွေရော၊ အတွင်းထဲမှာ ရှိနေတဲ့ ကျနော်တို့အမျိုးသားတွေရော လက်ခံဘူး။ ဘာကြောင့်လက်မခံရလဲဆိုရင် ကျနော်တို့အတွက် ဘာမှအကျိုးအမြတ်ရှိမှာ မဟုတ်ဘူး။ နောက်ပြီး လွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့၊ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ဖို့ဆိုတာ စစ်အစိုးရနဲ့ ဘယ်လိုမှ လမ်းခင်းပေးနိုင်မှာ မဟုတ်ဘူး။ တရားမျှတတဲ့ ပေါ်လစီ မဖြစ်နိုင်ဘူးလို့ သိထားတယ်။ မဲပေးခွင့် ရခဲ့ရင်လည်း မပေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာကြီးက လိမ်နေတယ်ဆိုတာ သိတော့ မဲမပေးဘူး။ မဲပေးလိုက်ရင်လည်း သူတို့ရဲ့ လှည့်ကွက်ထဲ့မှာ ကျနော် ပါသွားမှာ စိုးလို့”



ဇော်ဇော်

ဇော်ဇော်
ရှမ်း
’’ကျနော် သိပ်နားမလည်ဘူး။ သူတို့ ရွေးကောက်ပွဲကလည်း ဘာတွေမှန်း မသိဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း မပါဘူးဆိုတော့ ကျနော်တော့ သိပ်သဘောမကျဘူး။ ထောက်မခံဘူးဆိုတဲ့ သဘောပါ။ မဲပေးခွင့်ရရင် ပေးလည်း မထူးပါဘူး။ ပေးမနေတာဘဲ ကောင်းတယ်။ မဲပေးရင်လည်း မှန်မမှန် မသိဘူးလေ။ ၉ဝ ခုနှစ်တုန်းကလည်း ဒီလိုပဲ ပေးခဲ့ကြတာပဲ’’



ကြည်လင်

ကြည်လင်
မွန်
“ရွေးကောက်ပွဲကို လက်မခံဘူး။ ဒီအခြေအနေတွေကို အားလုံးလည်း သိပြီးသားဖြစ်မှာပါ၊ သိကြမှာပါ။ ၉ဝ နှစ်တုန်းကလည်း မဲမပေးခဲ့ဘူး။ Cancel ပဲ လုပ်ခဲ့တယ်။ အခုလည်း မဲပေးမှာ မဟုတ်ပါဘူး’’



ရေဗက္ကာဝင်း
recabecca
ရေဗက္ကာဝင်း
အဆိုတော်၊ ရန်ကုန်မြို့

“ရေဗက္ကာအနေနဲ့ကတော့ နောက်တက်လာမယ့် အစိုးရက ရေဗက္ကာတို့ တိုင်းပြည်ကို ကောင်းမွန်အောင်၊ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ လူမှုရေး စီးပွားရေး အစစအရာရာ ကောင်းမွန်အောင် လုပ်ပေးနိုင်ဖို့ ရေဗက္ကာ မျှော်လင့်တယ်၊ အဲဒါမျိုးတွေကို လုပ်ပေးနိုင်တဲ့၊ အာမခံပေးနိုင်တဲ့ ပါတီကိုပဲ ရေဗက္ကာက မဲပေးချင်ပါတယ်”







ရွှေမန်း

ရွှေမန်း
ဗမာ
“သူတို့ကတော့ လုပ်မှာပဲ။ ကျနော်တို့ အနေနဲ့တော့ လက်မခံနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့က သူတို့သဘောနဲ့ သူတို့ လုပ်တာကိုး။ ပြည်သူ့ ဆန္ဒကောက်ခံတာ ဘာမှမှ မရှိတာကို။ ကျနော်ကတော့ သူတို့ကို မဲမပေးဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ကို မဲပေးရင် ပြည်သူတွေပဲ နစ်နာမှာပဲလေ။ တခြားပါတီ ဒီမိုကရေစီဘက် ဦးတည်တဲ့ ပါတီတော့ မဲပေးဖို့ ဆုံးဖြတ်ထားတယ်။ စစ်အစိုးရက လွဲရင်ပေါ့လေ။ သူတို့ ဖွဲ့စည်းတဲ့ ပါတီကလွဲရင် နိုင်ငံကို ဦးဆောင်နိုင်မယ့် တခြား ပါတီကိုတော့ မဲပေးဖို့ ဆုံးဖြတ်ထားတယ်”



ထလွန်ကစ်(ပ်)ထန်

ထလွန်ကစ်(ပ်)ထန်
ချင်း
“အခုကျင်းပမယ့် ရွေးကောက်ပွဲကို လုံးဝလက်မခံဘူး။ စစ်အစိုးရက ပြည်သူတွေ ဆန္ဒခံယူပြီး လုပ်တာ မဟုတ်ဘူး။ ဒီမိုကရေစီ ရွေးကောက်ပွဲ မဖြစ်လို့ဘဲ။ မဲပေးရမယ်ဆိုရင် စစ်အစိုးရထဲက လူကောင်းရှိရင်တော့ သူ့ကိုပဲ မဲပေးလိုက်မယ်။ ပြည်သူ့ဘက်က ပါတီတခုထောင်ပြီး ပြည်သူ့ကိုယ်စား တဦးကို မဲပေးလို့ နိုင်ရင်တောင်မှ အစိုးရမှာ နေရာရမှာ မဟုတ်ဘူး။ ဒါကြောင့် ပြည်သူ့ဘက်က ပါတီတွေ ထောင်နေတာ အရာမရောက်နိုင်ဘူး။ လက်ရှိ စစ်အစိုးရကပဲ၊ နာမည်အရ ရွေးကောက်ပွဲ ကျင်းပတဲ့အတွက်ကြောင့် သူတို့ စစ်တပ်ပါတီထဲက လူကောင်းတယောက်၊ ပြည်သူကို နားလည်နိုင်တဲ့သူရှိရင် မဲပေးရင် ပိုကောင်းမယ်လို့ မြင်တယ်”



ဟိုတယ် လုပ်ငန်းရှင်

ဟိုတယ် လုပ်ငန်းရှင်
မေမြို့၊ မန္တလေးတိုင်း
“ကျမအနေနဲ့ ဘယ်ပါတီကို မဲထည့်မယ်ဆိုတာတော့ မစဉ်းစားရသေးဘူး။ ကျမတို့ ပြင်ဦးလွင်ကိုလာပြီး မဲဆွယ် စည်းရုံးတာတွေလည်း မရှိသေးဘူး။ ပြင်ဦးလွင်မှာရှိတဲ့ လူတွေက ဘယ်ပါတီကို မဲထည့်မယ်၊ မထည့်ဘူးဆိုတဲ့ ပြောဆိုတဲ့အသံလည်း မကြားဘူး။ တပ်နယ်မြေဆိုတော့ မဲဆွယ်တဲ့ ပါတီတွေလည်း မရှိသေးဘူး။ ကျမအနေနဲ့ကတော့ မဲထည့်ဖြစ်ချင်မှာ ထည့်ဖြစ်မယ်။ မဲမထည့်ဖြစ်ဖို့ကတော့ များတယ်။ ဘာကြောင့်လဲဆိုတော့ ပြင်ဦးလွင် (မေမြို့) မှာ ဘယ်ပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတာလည်း မသိရသေးဘူး”




ပိုးသတ်ဆေး ရောင်းဝယ်ရေး လုပ်ငန်းရှင်

ပိုးသတ်ဆေးရောင်းဝယ်ရေး လုပ်ငန်းရှင်
မေမြို့၊ မန္တလေးတိုင်း
“ဒီဘက်မှာ ဘာမှ မထူးပါဘူး။ ဘယ်ပါတီကို မဲပေးမလဲဆိုတာ အခုထိ မစဉ်းစားရသေးဘူး။ မဲဆွယ်စည်းရုံးတာတွေက လာနေတာပဲ။ ဒါပေမဲ့ ငါတို့နဲ့ မတွေ့ဘူး။ ဆိုင်မှာပဲ အနေများတယ်ဆိုတော့ ဘယ်ပါတီတွေ ဘယ်လို မဲဆွယ်တယ် ဆိုတာကို မသိရဘူး။ နောက်ဆုံးတော့ မဲထည့်ရမယ်ဆိုရင် ဒီပါတီကိုပဲ ထည့်ရမယ့် သဘောရှိတယ်။ ကိုယ်မထည့်လည်း သူတို့က နိုင်မှာပဲ”



ပဲ လုပ်ငန်းရှင်

ပဲ လုပ်ငန်းရှင်
တောင်တွင်းကြီးမြို့၊ မန္တလေးတိုင်း
“ရွေးကောက်ပွဲမှာ မဲပေးဖို့တော့ ရှိတယ်။ ဒါပေမဲ့ ဘယ်ပါတီကို မဲပေးရမယ်ဆိုတာကိုတော့ မစဉ်းစားရသေးဘူး။ အခုမှ လေ့လာနေတုန်းပဲ ရှိသေးတယ်။ အခုအချိန်ထိတော့ မဆုံးဖြတ်ရသေးဘူး”




လျှပ်စစ်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်

လျှပ်စစ်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်
ရန်ကုန်မြို့
“မဲပေးဖြစ်မလား၊ မပေးဖြစ်ဘူးလားဆိုတာတောင် မဆုံးဖြတ်ရသေးဘူး။ ဇဝေဇဝါ နည်းနည်းဖြစ်တယ်။ ပေးဖြစ်မလား၊ မပေးဖြစ်ဘူးလားဆိုတာ သိပ်ပြီးတော့ မပြတ်သားဘူး။ တနည်းတလမ်းအားဖြင့် ပွဲက သိပ်ပြီးတော့ မမျှဘူးထင်တော့ မလုပ်ဘဲနေရင် ကောင်းမလား၊ ဒါမှမဟုတ် မမျှတဲ့အတွက် ဘာပဲဖြစ်ဖြစ် ဒီပွဲမှာ တတ်နိုင်သလောက် မျှအောင် ကိုယ့်ဆန္ဒမဲတွေ ပေးရမလားဆိုပြီး စဉ်းစားတယ်။ ပေးဖြစ်ရင်တော့ ဒီမိုကရက်တစ် အင်အားစုတွေကို ပေးမှာပေါ့နော်။ အခုချက်ချင်း မဆုံးဖြတ်ရသေးပါဘူး”




ချည်စက် လုပ်ငန်းရှင်

ချည်စက် လုပ်ငန်းရှင်
မုံရွာမြို့၊စစ်ကိုင်းတိုင်း
“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ပါတီမရှိတော့တဲ့အတွက် မဲပေးဖို့လည်း ဆန္ဒမရှိဘူး။ လောလောဆယ်တော့ လာရောက်မဲဆွယ်တာတွေ မရှိသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ပါတီ မရှိတော့တဲ့အတွက် မဲပေးဖို့လည်း စိတ်မရှိဘူး။ ဘယ်ပါတီတွေ မဲဆွယ်စည်းရုံးနေတယ် ဆိုတာကိုလည်း စိတ်ဝင်စားတွေ မကြားဘူး။ ကိုယ့်လုပ်ငန်းကိုပဲ လုပ်ဖို့ စိတ်ဝင်စားတယ်”




ဆရာဝန်

ဆရာဝန်
မန္တလေး
“စိတ်ဝင်စားမှုကတော့ မရှိပါဘူး။ မဟုတ်လည်း ဒီအတိုင်းပဲ ဖြစ်သွားမှာပဲလေ။ အခြေအနေက ဒီအတိုင်းပဲ ဖြစ်သွားမှာပဲလေ။ အဲဒီနေ့မှာပဲ စဉ်းစားပြီး ထည့်လိုက်တော့မယ်။ လက်ကမ်းစာစောင်တွေတော့ ဝေတယ်။ ကြံ့ခိုင်ရေးနဲ့ ခမောက်နဲ့ပေါ့”



ပို့ကုန်ကုမ္ပဏီ ဝန်ထမ်း

ပို့ကုန်ကုမ္ပဏီ ဝန်ထမ်း
ရန်ကုန်
“အဲဒီကိစ္စ စိတ်ကို မဝင်စားတာ၊ ဘာမှကို မသိဘူး။ ဘာမှကို နားမလည်ဘူး။ နီးတော့မှပဲ ကြည့်ထည့်လိုက်တော့မယ်။ အလုပ်လုပ်တယ်။ ထမင်းစားဖို့ပဲ ရှာနေရတယ်။ လောလောဆယ် ဒါပဲ သိတယ်”




ဈေးဆိုင်ပိုင်ရှင်

ဈေးဆိုင်ပိုင်ရှင်
ဗဟန်း
"ကျမတို့ မဲမပေးဖြစ်ဘူး ထင်တယ်။ ကျမတို့က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိတ်မဝင်စားပါဘူး။ ကိုယ့်စီးပွားရေးနဲ့ ကိုယ်ဆိုတော့ စိတ်မဝင်စားအားဘူး။ အပေါ်ယုံပဲ ဖတ်ဖြစ်တယ်"



ဈေးသည်

ဈေးသည်
တာမွေ
"အဲဒါတွေက နောက်မှပါပဲရှင်။ အခုတော့ မသိသေးပါဘူး။ မပြောသေးပါဘူး။ အန်တီက ဈေးရောင်းတယ်၊ ဈေးသွားတယ်၊ နေ့ခင်းကျရင် အိပ်တယ်။ အများလုပ်တဲ့ အချိန်ကျရင် အများလုပ်တဲ့ အချိန်ပေါ့နော်။ အန်တီက အဲဒါတွေ စိတ်မဝင်စားပါဘူး။ အန်တီက ဈေးရောင်းတာပဲ စိတ်ဝင်စားတယ်"





စစ်တပ်မိသားစုဝင်

စစ်တပ်မိသားစုဝင်
တောင်ဥက္ကလာပ
“ကျမတို့က မသိဘူး။ ကျမတို့က စစ်တပ်က ဖြစ်နေတယ်။ ပြောလို့မရဘူး။ ကျမတို့တပ်က သူ့ဟာသူ သွားလိမ့်မယ်လေ။ တပ်က စီစဉ်ထားပြီးသား”





အလယ်တန်းပြ ဆရာမ

အလယ်တန်းပြ ဆရာမ
အင်းစိန်
“ကျမတို့တွေက မဲရုံမှူးလုပ်ရမှာဆိုတော့။ ကြိုတင်မဲ ထည့်ရမယ်။ မိသားစုလိုက် ကြိုတင်မဲထည့်ရမယ်။ အခုချိန်ထိတောင် ကြိုတင်မဲ မလာသေးဘူး။ ဘယ်လိုထည့်ရမယ်မှန်း မသိသေးဘူး။ ဒီမှာတော့ ကြံ့ခိုင်ရေးရော၊ ခွပ်ဒေါင်းပဲ လက်ကမ်းစာစောင် ရောက်တယ်။ ခွပ်ဒေါင်းပဲ ထည့်မယ်လို့ စဉ်းစားထားတယ်။ အားလုံးကလည်း ခွပ်ဒေါင်း ထည့်ကြမှာ။ ဘာပါတီရှိလို့ ရှိမှန်းတောင် မသိဘူး။ စိတ်မဝင်စားဘူးလေ”





ဂျာနယ် အယ်ဒီတာ

ဂျာနယ် အယ်ဒီတာ
ရန်ကုန်
“စိတ်ဝင်စားပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ကြောင့်မို့လို့လား မသိဘူး။ ပါတီတွေနဲ့ ကိုယ်စားလှယ်တွေအကြောင်း တော်တော်များများ သိထားပါတယ်။ သတင်းထောက်ဖြစ်နေလို့ သိတာရော။ တချို့ မသိတာကျလည်း အပြင်မှာ လက်ကမ်းစာစောင် ဝေတာတွေကို ရပါတယ်။ အခုလောလောဆယ်တော့ ၃၇ ပါတီထဲက ဘယ်ပါတီကိုမှ သဘောမကျပါဘူး။ မဲဆန္ဒရှင် တယောက်အနေနဲ့ ဘယ်ပါတီကို မဲပေးရမယ်လို့ မဆုံးဖြတ်ရသေးဘူး။ သေချာတယ် ကျမ မဲပေးဖြစ်မှာ မဟုတ်ပါဘူး’’ ’’ကိုယ့်ပတ်ဝန်းကျင် ကျမရပ်ကွက်ထဲမှာဆိုရင် မသိကြပါဘူး။ လက်ကမ်းစာစောင် လာပေးသလောက်ပဲ ရကြတာ။ အဲဒီဝေတဲ့ ဟာကြောင့်ပဲ ဒီမြို့နယ်မှာ ဘယ်သူတွေ၊ ဘယ်သူတွေတော့ ရှိကြတယ်၊ ဒီလောက်ပဲ သိကြတာ။ မဲပေးဖို့လည်း စိတ်မဝင်စားကြဘူး။ လက်ကမ်းစာစောင်တွေ ဆိုတာလည်း မြို့နယ်တခုထဲမှာ နေတဲ့သူတိုင်းဆီကို ရောက်တာ မဟုတ်ဘူးလေ။ ကိုယ့်ဆီရောက်လာတဲ့ စာရွက်လေးတွေလောက်ပဲ ဖတ်ပြီး ဒီပါတီတော့ သွားပေးရင် ကောင်းမယ်လို့ စဉ်းစားကြတာလောက်ပဲ ရှိကြတယ်။ ”





လူထု ဦးစိန်ဝင်း

ludu-sein-win1
လူထု ဦးစိန်ဝင်း
“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘဘ ဘာမှမပြောတော့ဘူး။ ရွေးကောက်ပွဲကို ဘဘက အသိအမှတ်လည်း မပြုတဲ့အတွက် မပြောချင်ဘူး၊ မရေးချင်တော့ဘူး”









IC မှ Bass ဂီတာတီးသူ ခင်မောင်သန့်

ခင်မောင်သန့်
IC မှ Bass ဂီတာတီးသူ
“အနုပညာနဲ့ ပတ်သက်တဲ့ မေးခွန်းမျိုးကိုပဲ ဖြေမယ်။ မဲကိုတော့ ကျနော် ပေးချင်လည်း ပေးမယ်၊ မပေးချင်လည်း မပေးဘူး။ ဘယ်ပါတီကို မဲပေးမယ်လို့ မဆုံးဖြတ်ရသေးဘူး။ အနုပညာနဲ့ မပတ်သက်တဲ့ မေးခွန်းမျိုး မဖြေချင်ပါဘူးဗျ”





ကဗျာဆရာ မောင်စိမ်းနီ

mgr
ကဗျာဆရာ မောင်စိမ်းနီ
“လုံးဝစိတ်မ၀င်စားပါဘူးဗျ။ နောက်ဆက်မေးလဲ စိတ်မ၀င်စားဘူးပဲ ပြောရမှာပါပဲ။ မဲမပေးပါဘူးဗျ။ အမှားနဲ့ အမှန်နဲ့ ကျနော်တို့ သိတယ်လေ။ အမှားနဲ့ အမှန်နဲ့ သိဖို့လိုတာပဲ၊ ဟုတ်တယ်မလား။ မပေးဖြစ်ပါဘူးဗျ။ ကိုယ်နိုင်နေတဲ့ ဥစ္စာကို အရှုံးမခံနဲ့လို့ ဖြစ်သွားတာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ ကိုယ့်ရဲ့ သန့်စင်တဲ့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေ အဆုံးရှုံးမခံနဲ့ပေါ့။ ဘယ်သွားပေးလို့ ဖြစ်မှာလဲ။ ကိုယ့်ဟာကိုယ် မဲမပေးဘဲနေတာ နိုင်တာပေါ့ဗျာ။ ကိုယ်က မထောက်ခံဘူးဆိုရင် ပြီးရောပေါ့။ အဲလိုပဲ ဖြစ်စေချင်တယ်”



ဦးသန်းထွန်း

“VOA၊ BBC၊ RFA စတာတွေကို နားထောင်နေကျ ဖြစ်လို့ ရွေးကောက်ပွဲ
အကြောင်း
ဦးသန်းထွန်း
ကျွန်းဘိုပင်ရွာ၊ပခုက္ကူခရိုင်
သိပြီးဖြစ်တယ်။ရွာက ရွာလူကြီးတွေနဲ့ ကြံခိုင်ရေး လူကြီးတွေရဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်နေတာကို အမြဲခံနေရတဲ့ သူတွေပါ။၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ တုန်းကလည်း မှန်ကန်မှု မရှိခြင်းကြောင့် မဲရုံကို မသွားခဲ့ဘူး။ အဲဒီတုန်းက ရွာသားတွေက ရွာလူကြီးတွေက အသံချဲ့စက်မှတဆင့် ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။ ရယက ဥက္ကဌ ကိုကြီးလှိုင် ဆိုသူက ကြက်ခြေခတ် ခြစ်ရင် ထောင် ၁နှစ် ချမယ်လို့ ပြောလို့ ရွာသားတွေ အမှန်ခြစ်ခဲ့ရတယ်”




အမျိုးသမီးတဦး

“ကျမကတော့ ဘယ်ပါတီကိုမှ မဲပေးဖို့ မစဉ်းစားထားဘူး။ ကျမတို့က ပညာတတ်တွေဆိုတော့ အခြေခံဥပဒေတွေကို နားလည်ပြီးသားလေ။ ဥပဒေတွေက တဖက်သက်ကြီး ဖြစ်နေတော့
အမျိုးသမီးတဦး
GEC ဝန်ထမ်းဟောင်း

မဲရုံသွားဖို့ စိတ်ကူး မရှိပါဘူး။ကျမပတ်ဝန်းကျင်မှာတော့ ရွာလူကြီးတွေက ကြံ့ခိုင်ရေးကို မဲပေးဖို့ ခုတည်းကစည်းရုံးနေတာ။ ကျမတို့လို ပညာတတ် တွေကို သူတို့ အဲဒီလိုလုပ်လို့ မရဘူးလေ။ ကျမအနေနဲ့ကတော့ မဲပေးဖို့လည်း ဆန္ဒမရှိဘူး။ မဲရုံသွားဖို့လည်း မရှိဘူး။ ပညာမတတ်တဲ့ သူတို့ ခြိမ်းခြေက်လို့ရတဲ့ သူတွေပဲ ကြံခိုင်ရေးကို မဲပေးမှာပေါ့။ သူတို့ မဲပေးမယ့် လူတွေကတော့ နိုင်ငံတော် ပိုက်ဆံကို အလွှဲသုံးစားနေတဲ့ သူတွေလေ။ ကျမတို့ကတော့ မပေးဘူး”



အမျိုးသားတဦး

“ကျနော်တို့ဆီမှာဗျာ ကြံခိုင်ရေးက မဲရဖို့အတွက် တီရှပ်တွေပေး၊ ဦးထုပ်တွေပေးနဲ့ စည်းရုံးနေတာဗျို့။ ကျနော်ကဗျာ မဲမပေးဘူး။ ဒီလူတွေက
အမျိုးသားတဦး
ပုဂံ ညောင်ဦးခရိုင်
ဟုတ်မှာမဟုတ်တာ။ ကျနော့် မိသားစုတွေရော မဲရုံ မသွားဘူးဗျ။ ရွာထဲမှာဆို ဒီလူက တထောင်ထောင်နဲ့ အစည်းဝေး တက်ရင်တောင် ၂,ဝဝဝ ရတာ။ နိုင်ငံတော်ရဲ့ ဘက်ဂျက်ကို ဒီလူတွေက လိမ်စားနေတာ။ ကျနော်က သူတို့ ပေးတော့ ဦးထုပ် အင်္ကျီတော့ ယူထားမိတယ်ဗျို့။ ဒါတွေက အလကားရတော့ ယူထား ရတာပေါ့ဗျ။ ”





အမျိုးသမီးတဦး

“သုံးမကျတဲ့ လူတွေကို မဲပေးရမယ်ဆိုလည်း အလကားပဲပေါ့။
အမျိုးသမီးတဦး
ကုန်သည်၊ကျောက်ပန်းတောင်းမြို့
အမကတော့ ဘယ်သူ့ကိုမှ မဲမပေးဘူး။ အမ နီးစပ်ရာကိုလည်း ပြောမယ်။ ဘယ်သူ့ကိုမှ မဲမပေးစရာ မလိုဘူးလို့ ”





ဦးချက်ကြီး

“မျက်စိလည်း အလကား ကုပေးတယ်။ မင်းဘူးတမြို့နယ်လုံးပေါ့၊ စကုမြို့နယ်ထဲက ဘယ်ရွာရွာပေါ့။ ဘယ်ရောဂါမဆို လာပြ၊ ပြသမျှ ရောဂါ
ဦးချက်ကြီး
ထမင်းဆိုင်ပိုင်ရှင်၊ စကုမြို့
အကုန်ကုပေးတယ်။ မျက်စိ ခွဲကုတဲ့ လူကျတော့ မျက်မှန် လိုအပ်တဲ့လူကို မျက်မှန်ပေးတယ်။ လူမမာတွေကို ထမင်း အလကား ကျွေးတယ်။ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းကလည်း ဆည်မြောင်း ကျောင်းကန် တံတားဆောက်ပေးနေတယ်တို့၊ လျှပ်စစ် ဓါတ်အားပေးဖို့ တမန်တွေ ဘာတွေ တည်ဆောက် ပေးနေပါတယ်ဆိုပြီး။ အဲဒီကစပြီး စည်းရုံးသွားတာ။”





ကိုသက်

“ကျနော်တို့ ပုဂံမှာ ရွေးကောက်ပွဲဝင်မယ့်သူတွေက ဘုရား လူကြီး တွေဗျ။ ဒီလူကြီးတွေက ဘုရားနဲ့ ပတ်သက်တဲ့ ပိုက်ဆံတွေ စားနေတာဗျာ၊ လူကြီး ဝင်လုပ်မယ်ဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ၊ ကျနော်တို့ တိုင်းပြည်ရဲ့
ကိုသက်
ပုဂံမြို့
အနာဂတ်ကို၊ ကျုပ်ကတော့ မဲဘယ်သူ့ ထည့်ရမယ်မှန်း မသိတော့ ဘယ်သူ့မှ မထည့်ဘူးဗျာ။ အသဲကြားက မဲတပြားကတော့ ဘာမဟုတ်တဲ့ ကောင်တွေ အတွက် အလကား အဖြစ်မခံနိုင်ဘူးဗျ။ မဲမပေးဘဲ နေမယ်ဗျာ ကိုယ့်အခွင့်အရေးပဲလေ။ မြို့ပေါ်ကလူတွေက မဲသွားမပေးလည်း ကိစ္စမရှိဘူး။ အကြောက်တရား အခြေခံ ရှိနေတဲ့ တောနယ်ကလူတွေက နီးရာဓါး ကြောက်ရတော့ သွားထည့်မှာပေါ့ဗျာ”



ကိုဖြိုးမင်းကို
ကိုဖြိုးမင်းကို
ပွင့်ဖြူမြို့နယ်

“ ကြံခိုင်ရေး ပါတီက အစည်းအဝေးခေါ်လို့သွားရင် လက်ဘက်ရည်ဖိုး ၂ဝဝဝ ပေးတယ်၊ လူများရင်တော့ ၁ဝဝဝ ပေးတယ်။”




အမျိုးသားတဦး

“ရွေးကောက်ပွဲကို စိတ်ဝင်စားတယ်လို့တော့ မဟုတ်ပါဘူး၊ ရခိုင်မှာ ကတော့ ရခိုင်ပါတီကိုပဲ မဲထည့်ကြမယ်လို့ ပြောကြတယ်၊ တော်တော် များများကတော့
အမျိုးသားတဦး
စစ်တွေမြို့
ဒီရွေးကောက်ပွဲကို စိတ်ဝင်စားမှု နည်းတယ်ဗျ၊ လူတိုင်းကတော့ အပြောင်းအလဲ တခုတော့ ဖြစ်ချင်တာပေါ့ဗျာ၊ တော်တော်များများကလည်း မပေးချင်ကြဘူးဗျ၊ ဒါပေမယ့် ပေးရမယ် ဆိုပြီး အတင်းအဓမ္မ လုပ်လာမယ်ဆိုရင်တော့ ကြံ့ဖွံ့ပါတီကိုတော့ မဲမပေးဘူး၊ ကျနော်တို့ ရခိုင်ပါတီ ၂ ခုထဲကတခုကို မဲပေးကြမယ်”



အမျိုးသမီးတဦး
အမျိုးသမီးတဦး
ကျောက်တော်မြို့၊ရခိုင်ပြည်နယ်

“တချို့တွေကတော့ သတင်းစာဖတ်တယ်၊ TV ကြည့်တယ်၊ ဂျာနယ်တွေ ဝယ်ဖတ်တယ်၊ ကျမတို့တောသူ တောင်သားတွေ ဆိုတော့ သိပ်မသိဘူး၊ စိတ်ထဲမှာ အဆင်ပြေမယ့်ဟာပဲ မဲထည့်လိုက်မှာပါ၊ ရွေးချယ်တာ ဘာတို့တော့ သိပ်မရှိဘူး၊ ခုဟာက ဘယ်လိုဖြစ်နေလဲ ဆိုတော့ ရွာတိုင်းရွာတိုင်းမှာက ပြည်ခိုင်ဖြိုးပဲ ရှိနေတယ်၊ အဲဒီလိုမျိုး ဖြစ်နေတယ်။”

စီးပွားရေးသမားတဦး

အကြောင်း
စီးပွားရေးသမားတဦး
မင်းပြား
“စိတ်ဝင်စားမှု ရှိတယ်လို့တော့ မဟုတ်ပါဘူး။ တော်တော်များများက စိတ်ဝင်စားမှု နည်းတာ တွေ့ရတယ်။ လူတိုင်းကတော့ အပြောင်းအလဲ ဖြစ်ချင်တာပေါ့။ တကယ်လို့ ကျနော် မဲပေးခဲ့ရင် ရခိုင်ပါတီနှစ်ခုမှာ တခုခုကိုပဲ ပေးမှာပါ။ ဒီမှာက ရခိုင်ပါတီကို မဲထည့်ဖို့ များတယ်”


အိမ်ရှင်မတဦး

အိမ်ရှင်မတဦး
စစ်တွေမြို့
“ကျမတို့က ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီကို မဲထည့်မှာပါ။ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသမှာ တိုးတက်ချင်ရင်တော့ အားပေးရမှာပေါ့။ ကိုယ်တို့ပါတီကိုပဲ ထည့်မှာပဲ။ ရခိုင်တိုင်းရင်းသားပါတီက မဲအများဆုံး ရသွားရင် ကောင်းမှာပေါ့။ လွှတ်တော် ၄ ရပ်ထဲမှာ တယောက်လောက် ရသွားရင်တော့ ကိုယ့်လူမျိုး တိုးတက်ရေးအတွက် ကောင်းမှာပေါ့။ ဒါကြောင့် ကျမ အဲဒီပါတီကို မဲထည့်မှာပါ။ တခြားလူတွေလည်း အဲလိုပြောကြတာပဲ”

အဆိုတော် ဆောင်းဦးလှိုင်

songool
အဆိုတော် ဆောင်းဦးလှိုင်
“မရမ်းကုန်းမှာ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်တွေတောင် မလေ့လာရသေးဘူး၊ မသိသေးဘူး ဖြစ်နေတယ်။ မဲပေးရမလား၊ မပေးရဘူးလား၊ ဘယ်သူတွေ ပါလဲ၊ အားကိုးရမယ့်သူတွေ ပါလား၊ အဲဒါတွေ မလေ့လာရသေးဘူး ဖြစ်နေတယ်။ မဲပေးမယ်လို့ သေချာပြောလို့ မရဘူး။ မပေးဘူးလို့လည်း အတိအကျပြောလို့ မရဘူး” “လောလောဆယ် ကျနော့်သားသမီးတွေ စာသင်တာနဲ့ စီးပွားရေး အခြေအနေက အရမ်းအကောင်းကြီး မဟုတ်တော့ ရွေးကောက်ပွဲကို အရမ်းကြီး စိတ်ဝင်စားမှု မရှိပေမယ့်၊ ကိုယ့်နိုင်ငံ့အရေးဆိုတော့ အပြောင်းအလဲလေး ဖြစ်မလားလို့ မျှော်လင့်နေတာပေါ့ဗျာ”



ဆိပ်ကမ်းဌာန ဝန်ထမ်း

ဆိပ်ကမ်းဌာန ဝန်ထမ်း
သံတွဲမြို့
“ကျနော်က သိပ်မသိဘူးဗျာ။ စာစောင်တွေ ဘာတွေလည်း မဖတ်ဖြစ်ဘူး။ ကျနော်တို့က တောပိုင်းမှာဆိုတော့ ကျနော် မပြောနိုင်ဘူး။ ကိုယ်အလုပ်နဲ့ ကိုယ်ဆိုတော့ ကျနော် တကယ်မသိတာပါ။ ကျနော့်အလုပ်ထဲမှာပဲ အာရုံများနေတဲ့ အခါကျတော့ သိပ်မသိဘူးဗျာ။ ရုံးအလုပ်နဲ့ဆိုတော့ စိတ်ဝင်စားမှု မရှိပါ။ အလုပ်နဲ့ပဲ အချိန်ကုန်နေတာဆိုတော့လေ”


နိုင်ငံရေးသမားဟောင်း

နိုင်ငံရေးသမားဟောင်း
စစ်တွေမြို့
“တိုင်းပြည်အခြေအနေကတော့ လူတွေမကြိုတ်တဲ့ ဖွဲ့စည်းပုံဆိုတဲ့အခါကျ အာဏာပိုင်တွေက စိတ်ဝင်စားကြတာ။ ပြည်သူတွေက ဘယ်သူမှ စိတ်မဝင်စားကြဘူး။ မဲထည့်မယ်ဆိုတာလည်း ပြောလို့မရဘူး။ အတင်းမဲထည့်ခိုင်းရင် သွားကြမှာပဲ။ ဒါပေမဲ့ ဒီရွေးကောက်ပွဲကို စိတ်ဝင်စားဖို့ဆိုတာ လက်ဖက်ရည်ဆိုင်မှာ ပြောတာတောင် မရှိဘူး။ တကယ်လို့ မဲထည်ခဲ့ရင်လည်း ကိုယ့်ရခိုင်ပါတီကိုပဲ မဲပေးမှာပါ။ ရခိုင်ပါတီဆိုတာ ရခိုင်နာမည်နဲ့ ဦးဆောင်နေတဲ့ ပါတီကို မဲထည့်မှာ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာတနိုင်ငံလုံးမှာ ရခိုင်ပြည်နယ်ဟာ အနိမ့်ကျဆုံးပေါ့။ ဒါကြောင့် အခြေအနေတခု ပေးလာရင် ရခိုင်ပါတီ တခုခုကိုပဲ မဲပေးလိုက်ရင် ရခိုင်ခေါင်းဆောင်တွေ ရခိုင်ပြည်နယ်ကို ကယ်တင်နိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ”

ကုန်သည်အမျိုးသား

ကုန်သည်အမျိုးသား
ကျောက်တော်မြို့
“ကျနော်တို့က ဒီရွေးကောက်ပွဲကို နားမလည်ပါ။ ကုန်သည်တွေဆိုတော့ ကုန်သည်အကြောင်းကို မေးရင်ရပါတယ်။ ရွေးကောက်ပွဲလည်း ကောင်းပါတယ်။ ဒေါက်တာစန်းရွှေတို့က စည်းရုံးရေးလုပ်တာကို နားထောင်ဖြစ်တယ်။ ကြံ့ခိုင်ရေးပါတီလည်း ကောင်းပါတယ်။ သူတို့ပြောတာက ရခိုင်ပြည်ကို တိုးတက်အောင် လုပ်ပေးမယ်ပေါ့နော်။ ကျနော်က ကြံ့ခိုင်ရေးပါတီကိုပဲ မဲပေးမှာပါ”


ဆရာအတတ်သင်ကျောင်း တက်နေသူ အမျိုးသမီး

ဆရာအတတ်သင်ကျောင်း တက်နေသူ အမျိုးသမီး
ကျောက်ဖြူမြို့
“ကျမတို့က ကျောင်းသူဆိုတော့ ရွေးကောက်ပွဲအကြောင်းကို ဘာမှ မသိပါဘူးရှင်။ ဘယ်ပါတီကို မဲပေးရမယ်ဆိုတာ မပြောတတ်ပါဘူး။ ကျမတို့က ကျောင်းစာကိုပဲ စိတ်ဝင်စားတာပါ”



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

Who is Online

We have 132 guests online