www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > မားလ်တီမီဒီယာ > ဓါတ်ပုံ

ဓါတ်ပုံ

မဇ္ဈိမ ၂၀၁၁ ခုနှစ် မတ်လ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ကမ္ဘာ့လူမှုနှီးနှောပွဲ (ဖိုရမ်) :: ကမ္ဘာ့လူမှုနှီးနှောပွဲ (ဖိုရမ်) ၂ဝ၁၁ ကို ဆီနီဂေါနိုင်ငံ ဒါကာမြို့၌ ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ပုံ ပိုစတာကို ဖေဖော်ဝါရီလ ၁၁ ရက်၊ ၂ဝ၁၁ ခုနှစ်တွင် တွေ့မြင်ရစဉ် (ဓာတ်ပုံ - “La Casa della Pace e della Nonviolenza” - “CPN‎” facebook ၊ မဇ္ဈိမ)။ World Social Forum 2011 တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ အကြမ်းမဖက် လှုပ်ရှားမှုများကို ထောက်ခံသည့် ပိုစတာ၊ အလံများ ချိတ်ဆွဲပြီး အချက်အလက်စာအုပ်စာတမ်းများ ရောင်းချခဲ့သည်။ ကမ္ဘာ့လူမှုနှီးနှောပွဲ (ဖိုရမ်) :: ကမ္ဘာ့လူမှုနှီးနှောပွဲ (ဖိုရမ်) ၂ဝ၁၁ တွင် ဒေါ်အောင်ဆန်းစုကြည် ပိုစတာရှေ့ လူအများကို ဖေဖော်ဝါရီလ ၁၁ ရက်၊ ၂ဝ၁၁ ခုနှစ်တွင်းတွေ့မြင်ရစဉ် (ဓာတ်ပုံ - “La Casa della Pace e della Nonviolenza” - “CPN‎” facebook ၊ မဇ္ဈိမ)။ World Social Forum 2011 တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ အကြမ်းမဖက် လှုပ်ရှားမှုများကို ထောက်ခံသည့် ပိုစတာ၊ အလံများ ချိတ်ဆွဲပြီး အချက်အလက်စာအုပ်စာတမ်းများ ရောင်းချခဲ့သည်။ ကမ္ဘာ့လူမှုနှီးနှောပွဲ (ဖိုရမ်) :: ဒေါ်အောင်ဆန်းစုကြည် ပိုစတာ၊ Free Burma Flag နှင့် ဒေါ်အောင်ဆန်းစုကြည် စာအုပ်များကို ကြည့်ရှုနေသူများကို (ဖိုရမ်) ၂ဝ၁၁ ၌ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တွေ့ရှိရစဉ် (ဓာတ်ပုံ - “La Casa della Pace e della Nonviolenza” - “CPN‎” facebook ၊ မဇ္ဈိမ) ။ ကမ္ဘာ့လူမှုနှီးနှောပွဲ ၂ဝ၁၁ (World Social Forum 2011) ကို ဆီနီဂေါနိုင်ငံ ဒါကာမြို့၌ ပြီးခဲ့သည့်လထဲတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ စက်သုံးဆီဈေးနှုန်းများ ဖော်ပြထားသည့် ဆိုင်းဘုတ် :: ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဗားကရာလမ်းနှင့် ရှမ်းလမ်း(ဗဟိုလမ်း) ထောင့်ရှိ New Day စက်သုံးဆီဆိုင်မှ စက်သုံးဆီဈေးနှုန်းများ ဖော်ပြထားသည့် ဆိုင်းဘုတ်ကို မတ်လ ၁ ရက် ၂ဝ၁၁ ခုနှစ် နေ့လည်ပိုင်းက တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ) ကမ္ဘာ့လောင်စာဈေး မြင့်တက်မှုဂယက် မြန်မာနိုင်ငံသို့လည်း ရိုက်ခတ်မှုရှိနေပြီး အထူးသဖြင့် နယ်မြို့များတွင် ဈေးနှုန်းမြင့်တင်မှု ပိုမိုများပြားနေသည်။ စက်သုံးဆီဈေးနှုန်းမြင့်တက်မှု၏ နောက်ဆက်တွဲ သယ်ယူပို့ဆောင်စရိတ် မြင့်တက်မှုကြောင့် ကုန်စည်ဈေးနှုန်းများလည်း မြင့်တက်လာသည်။ ...
 

မဇ္ဈိမ ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
 ဆရာကြီးဒဂုံတာရာအား  ဒူးထောက်စကားပြောနေသည့် ဒေါ်အောင်ဆန်းစုကြည် :: ဆရာကြီးဒဂုံတာရာအား  ဒူးထောက်စကားပြောနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ ဖေဖော်ဝါရီ ၂ ရက် ၂ဝ၁၁  ခုနှစ် မနက်ပိုင်းက သခင်သိန်းမောင်၏ မွေးနေ့ပွဲတွင် တွေ့ရစဉ်။  (ဓာတ်ပုံ-မဇ္ဈိမ) သခင်သိန်းမောင်၏ ၉၂ နှစ်မြောက်မွေးနေ့ပွဲကို  ရန်ကုန်မြို့တာမွေနတ်ချောင်းရှိ မဟာသန္တိသုခဘုန်းကြီးကျောင်းတွင် ယနေ့နံနက် ၉  နာရီမှ ၁၁ နာရီအထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊  ဦးတင်ဦး၊ ဦးဝင်းတင်၊ သခင်သိန်းဖေ၊ ဦးဖြိုးမင်းသိန်းစသည့်  နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူများနှင့် ဒဂုန်တာရာ၊ ပါရဂူ စသော စာပေနယ်မှ  ထင်ရှားသူများ လာရောက်ခဲ့သည်။ လွှတ်တော် အဆောက်အဦးသစ်သို့  သွားသည့်လမ်းရှိ စစ်ဆေးရေးဂိတ် :: နေပြည်တော်၌ လွှတ်တော် အဆောက်အဦးသစ်သို့  သွားသည့်လမ်းရှိ စစ်ဆေးရေးဂိတ် တခုတွင် လွှတ်တော် အမတ်များ လိုက်ပါစီးနင်း  လာသည့် ကြို/ပို့ ယာဉ်တန်းနား အနီး၌ မြန်မာ ရဲအရာရှိ တဦးကို ၂ဝ၁၁ ခုနှစ်  ဇန်နဝါရီ ၃၁ရက်နေ့က ယာဉ်တန်းအား စစ်ဆေးအပြီးတွင် တွေ့ရစဉ်။ စစ်အစိုးရက  ကြီးမှူးကာ အကွက်ချ ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပြီးတွင် လွှတ်တော်  အစည်းအဝေးများကို ဇန်နဝါရီလ ၃၁ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး ၁၉၈ဝ  ပြည့်လွန်နှစ်များ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥပဒေပြုအမတ်များ  တံခါးပိတ် စည်းဝေးခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်ခွင့်မပေးမှု၊  ခြိမ်းခြောက်မဲထည့်ခိုင်းမှုများနှင့် ကလိမ်ကကျစ်ကျမှုများကြောင့်  နိုဝင်ဘာလ ရွေးကောက်ပွဲသည် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပြီး စစ်အစိုးရ  လိုလားသည့် အင်အားစုများက ဆယ်စုနှစ် နှစ်ခုအတွင်း ပထမဆုံးအကြိမ် ကျင်းပသည့်  လွှတ်တော်တွင်  အလွယ်တကူ စိုးမိုးနိုင်ခဲ့သည်။ ဓာတ်ပုံ (AFP)  စိုးသန်းဝင်း လွှတ်တော်အမတ်များ လိုက်ပါစီးနင်း လာသည့် ဘတ်စ်ကား  တစီး :: လွှတ်တော်အမတ်များ လိုက်ပါစီးနင်း လာသည့် ဘတ်စ်ကား တစီး နေပြည်တော်၌  လွှတ်တော် အဆောက်အဦးသစ်သို့ သွားသည့်လမ်းရှိ စစ်ဆေးရေးဂိတ် တခုအနားသို့  ရောက်ရှိလာသည်ကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ ၃၁ရက်နေ့က တွေ့ရစဉ်။ စစ်အစိုးရက  ကြီးမှူးကာ အကွက်ချ ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပြီးတွင် လွှတ်တော်  အစည်းအဝေးများကို ဇန်နဝါရီလ ၃၁ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး ၁၉၈ဝ  ပြည့်လွန်နှစ်များ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥပဒေပြုအမတ်များ  တံခါးပိတ်စည်းဝေးခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်ခွင့်မပေးမှု၊  ခြိမ်းခြောက်မဲထည့်ခိုင်းမှုများနှင့် ကလိမ်ကကျစ်ကျမှုများကြောင့်  နိုဝင်ဘာလ ရွေးကောက်ပွဲသည် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပြီး စစ်အစိုးရ  လိုလားသည့် အင်အားစုများက ဆယ်စုနှစ် နှစ်ခုအတွင်း ပထမဆုံးအကြိမ် ကျင်းပသည့်  လွှတ်တော်တွင်  အလွယ်တကူ စိုးမိုးနိုင်ခဲ့သည်။ ဓာတ်ပုံ (AFP)  စိုးသန်းဝင်း
 

ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ဓါတ်ပုံသတင်းလွှာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
သရုပ်ဆောင် မော်ဒယ်လ် မိုးယုစံ :: နေပြည်တော် အကယ်ဒမီပေးပွဲသို့တက်ရောက်လာသည့် သရုပ်ဆောင် မော်ဒယ်လ် မိုးယုစံကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ) ယခုနှစ် ကျင်းပသည့် ၂ဝဝ၉ ခုနှစ်အကယ်ဒမီပေးပွဲ သည် မြန်မာ့ရုပ်ရှင်သမိုင်းတွင် (၅၄) ကြိမ်မြောက်ဖြစ်ပြီး နေပြည်တော်တွင် ပဉ္စမအကြိမ်မြောက် ပြုလုပ်သည့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ဖြစ်သည်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ၁၉၅၂ ခုနှစ်မှ စတင်ပြုလုပ်ခဲ့ပြီး ၅၈ နှစ်တာကာလအတွင်း ၁၉၆၃၊ ၁၉၈၆၊ ၁၉၈၇၊ ၁၉၈၈ နှစ်များမှ လွဲ၍ နှစ်စဉ် ကျင်းပခဲ့သည်။ သရုပ်ဆောင် အကယ်ဒမီ ပန်းဖြူ :: အကယ်ဒမီပေးပွဲ တက်ရောက်လာသည့် သရုပ်ဆောင် အကယ်ဒမီ ပန်းဖြူကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေပိုင်း ဆုပေးပွဲအစီအစဉ် မစတင်မီ တွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ) ဧရာဝတီတိုင်း ကိုယ်စားပြု ဒယ်လ်တာ ယူနိုက်တက် ဘောလုံးအသင်း၏ ဥက္ကဋ္ဌဟောင်း ဦးဇော်ဝင်းရှိန်အား ကာမလိမ်လည် ရယူမှုဖြင့် ၂ဝဝ၉ ခုနှစ်က တရားစွဲခဲ့ဖူးသူ ပန်းဖြူသည် ၁၉၉၇ ခုနှစ်အတွက် အကယ်ဒမီပေးပွဲတွင် “အရိပ်” ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု ရခဲ့သည်။ ဆုပေးပွဲအစီအစဉ် မစတင်မီ တွေ့ရစဉ် :: ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင်နှင့် မောင်မျိုးမင်း၏ ဇနီးဖြစ်သူတို့ကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေပိုင်း ဆုပေးပွဲအစီအစဉ် မစတင်မီ တွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ) “လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ရပါမှ မြန်မာ့ရုပ်ရှင်လောက ပိုမိုဖွံဖြိုးပြီး နိုင်ငံတကာအဆင့် ထိုးဖောက်နိုင်မည်။” ဟု ပြောဆိုခဲ့ဖူးသူ ဒါရိုက်တာ မောင်မျိုးမင်းသည် ၂ဝဝ၆ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲတွင် HIV/AIDS ဝေဒနာရှင်များအကြောင်း သရုပ်ဖော်ရိုက်ကူးထားသည့် “မျှော်လင့်ခြင်းများစွာ” ဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာဆု ရခဲ့သည်။ ...
 

မဇ္ဈိမ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ဇန်နဝါရီ ၂ ရက်နေ့မနက်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွှေဂုံတိုင် NLD ရုံးချုပ်တွင် ကျင်းပသော  လွတ်လပ်ရေးနေ့ အကြို ဈေးရောင်းပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ဈေးရောင်းပွဲမှ ရရှိမည့် အမြတ်ငွေကို နိုင်ငံရေး အကျဉ်းသားများနှင့် HIV/AIDS ဝေဒနာရှင်များ ထောက်ပံ့ရေး ရန်ပုံငွေအဖြစ် လှူဒါန်းသွားမည်ဟု သိရသည်။ (ဓာတ်ပုံ မဇ္ဈိမ)။ ဇန်နဝါရီ ၂ ရက်နေ့မနက်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွှေဂုံတိုင် NLD ရုံးချုပ်တွင် ကျင်းပသော  လွတ်လပ်ရေးနေ့ အကြို ဈေးရောင်းပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ဈေးရောင်းပွဲမှ ရရှိမည့် အမြတ်ငွေကို နိုင်ငံရေး အကျဉ်းသားများနှင့် HIV/AIDS ဝေဒနာရှင်များ ထောက်ပံ့ရေး ရန်ပုံငွေအဖြစ် လှူဒါန်းသွားမည်ဟု သိရသည်။ (ဓာတ်ပုံ မဇ္ဈိမ)။ ဇန်နဝါရီ ၂ ရက်နေ့မနက်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွှေဂုံတိုင် NLD ရုံးချုပ်တွင် ကျင်းပသော  လွတ်လပ်ရေးနေ့ အကြို ဈေးရောင်းပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ဈေးရောင်းပွဲမှ ရရှိမည့် အမြတ်ငွေကို နိုင်ငံရေး အကျဉ်းသားများနှင့် HIV/AIDS ဝေဒနာရှင်များ ထောက်ပံ့ရေး ရန်ပုံငွေအဖြစ် လှူဒါန်းသွားမည်ဟု သိရသည်။ (ဓာတ်ပုံ မဇ္ဈိမ)။
 

မဇ္ဈိမ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားနေ့ အောင်ပွဲအခမ်းအနား နှုတ်ခွန်းဆက်မိန့်ခွန်းကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ယနေ့ ဒီဇင်ဘာ ၁ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က ပြောကြားနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ လွတ်လပ် လုံခြုံမှုရှိသော တမျိုးသားလုံး ချမ်းမြေ့စွာ နေထိုင်နိုင်သော အမျိုးသား အရေအတွက် တပ်မတော်သားကလည်း လုပ်ဆောင်ပါရန် ဒီမိုကရေစီ ခေါင်းဆောင်က တိုက်တွန်းလိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် ကျင်းပသော နှစ်၉ဝ ပြည့် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံနိုင်ငံရေးခေါင်းဆောင်များကို ဗုဒ္ဓဟူးနေ့ ဒီဇင်ဘာ ၁ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။  လွတ်လပ်လုံခြုံမှုရှိသော တမျိုးသားလုံးချမ်းမြေ့စွာနေထိုင်နိုင်သော အမျိုးသားအရေးအတွက် တပ်မတော်သားများကလည်း လုပ်ဆောင်ပါရန် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။ နှစ် ၉ဝ ပြည့် အမျိုးသားအောင်ပွဲကို အမျိုးသားဒီမိုကရေစီရုံးချုပ်တွင် ဗုဒ္ဓဟူးနေ့ ဒီဇင်ဘာ ၁ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က ကျင်းပခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ။ အင်္ဂလိပ်ကိုလိုနီလက်အောက် ၁၉၂ဝ ပြည့် ရန်ကုန်တက္ကသိုလ်ဥပဒေကို ကျောင်းသားများက စတင်သပိတ်မှောက်သောနေ့ကို အထိမ်းအမှတ်ပြု၍ အမျိုးသားနေ့ဟု သတ်မှတ်ခဲ့သည်။ နှစ် ၉ဝ ပြည့် အမျိုးသားအောင်ပွဲနေ့ ကျရောက်သော ဗုဒ္ဓဟူးနေ့ ဒီဇင်ဘာ ၁ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို တောင်းဆိုနေသူတဦး။ ဓာတ်ပုံ- မဇ္ဈိမ။ ...
 

မဇ္ဈိမ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက် :: ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်သည့် ဆန္ဒပြပွဲတရပ်ကို အိန္ဒိယနိုင်ငံ  နယူးဒေလီမြို့ရှိ ဂျန်တားမန်တားပန်းခြံအနီးတွင် မြန်မာဒုက္ခသည် ၇ဝဝ ကျော်က  ယနေ့ ဆင်နွှဲခဲ့ကြသည်။ (ဓါတ်ပုံ  မဇ္ဈိမ) စာစောင် ဖတ်ရှုနေဟိုလန်ရွာသူနှစ်ဦးနှင့် ကလေးတစု  :: ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဟိုလန်ရွာသူနှစ်ဦးနှင့် ကလေးတစု ပါတီလက်ကမ်းစာစောင်တခုကို ကြည့်ရှု့နေကြစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ မြန်မာစာတတ်သူဦးရေ နည်းပါးသော ဒေသဖြစ်သဖြင့် နိုဝင်ဘာ ၇ ရက်နေ့တွင် ကျရောက်သော ရွေးကောက်ပွဲနှင့် ပတ်သက်၍ သိရှိမှု နည်းပါးကြသည်ကို တွေ့ရသည်။ ပါတီလက်ကမ်းစာစောင် ဖတ်ရှုနေစဉ်  ::  ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဟိုကျင်ကျေးရွာမှ အခါလူမျိုး  အမျိုးသမီးနှစ်ဦး ပါတီလက်ကမ်းစာစောင် ဖတ်ရှုနေစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။  ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၅ဝဝ ကျော်ရှိ မတ်စောက်လှသော  တောင်တန်းများရှိရာ ယခုဒေသတွင် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သိရှိမှု  နည်းပါးသည်ကို  တွေ့ရသည်။
 

ဂီရိအပျက်အစီး ဓါတ်ပုံသတင်းလွှာ (PHOTO ESSAY)

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ကျမ အိမ်ကို ဂီရိ ဖျက်ဆီးသွားပြီ ::  မုန်တိုင်းဗဟိုချက်မနှင့် အနီးဆုံး မြေပုံမြို့နယ်အပိုင်  ပြင်ဝန်းကျေးရွာတွင် အိမ်ခြေ (၅ဝဝ) နီးပါးအနက် (၄ဝဝ)ကျော်  လုံးဝပျက်စီးသွားခဲ့သည်။ ဂီရိဆိုက်ကလုန်း မုန်တိုင်း အောက်တိုဘာလ ၂၂  ရက်နေ့က ရခိုင်ပြည်နယ်ဖက် ကို စတင် တိုက်ခတ် သဖြင့် ထိခိုက် ဆုံးရှုံးမှု  များပြားခဲ့သည်။ (ဓါတ်ပုံ- မဇ္ဈိမ။ ၂ဝ၁ဝ အောက်တိုဘာ ၂၇  ရက်) ကျနော်လည်း အိမ် ပြန်ဆောက်ရ ဦးမယ် ::  ပြင်ဝန်းကျေးရွာတွင် လူ (၄ဝ) ကျော် သေဆုံးခဲ့ရာ အားလုံးနီးနီး  ရေလုပ်သားများဖြစ်သည်။ အစိုးရ ရေဒီယို ကြေငြာချက်တွင် တစ်နာရီ (၄၅) မိုင်  ဝန်းကျင်ဟု ပြောခဲ့သဖြင့် စက်လှေများအား ထိန်းသိမ်းရန် စောင့်ဆိုင်းနေခိုက်  သေဆုံးရကြောင်း ရွာခံများက ပြောသည်။ (ဓါတ်ပုံ- မဇ္ဈိမ။ ၂ဝ၁ဝ အောက်တိုဘာ ၂၇  ရက်) ရွက်ဖျင်တဲလေးမှာပဲ တိုးခွေ့နေကြမယ် ::  မြေပုံမြို့နယ်အပိုင် ပြင်ဝန်းကျေးရွာတွင် အိမ်ခြေ (၅ဝဝ) နီးပါးအနက်  (၄ဝဝ)ကျော် ပျက်စီးခဲ့သဖြင့် ယာယီ တဲများဖြင့် နေကြရဦးမည်။  ရွက်ဖျင်တဲများမှာလည်း ခိုင်မာမှု မရှိပေ။ (ဓါတ်ပုံ- မဇ္ဈိမ။ ၂ဝ၁ဝ  အောက်တိုဘာ ၂၆  ရက်)
 

မဇ္ဈိမ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
Trade Fair 2010 ကုန်စည်ပြပွဲ ခန်းမအဝင် :: ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ပြုလုပ်သော Trade Fair 2010 ကုန်စည်ပြပွဲ ခန်းမအဝင်တွင် လုံခြုံရေးများစစ်ဆေးမှုပြုလုပ်နေစဉ်။ ဓါတ်ပုံ မဇ္ဈိမ ။ ယခုပြပွဲတွင် အရပ်သား လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီတစ်ခုမှ လုံခြုံရေးအင်အား (၃ဝ) နှင့် အရပ်ဝတ် စရဖအဖွဲ့ဝင်အချို့သာ တပ်မတော်ခန်းမအဝနှင့် အတွင်းတွင် နေရာယူထားသည်။ ပြင်ပဝင်ပေါက်နှင့် ဦးဝိစာရလမ်းပေါ်တွင်ယူနီဖောင်းဝတ် စစ်ဘက်နှင့် ရဲဘက် လုံခြုံရေးအဖွဲ့ဝင်များ စုစုပေါင်း ၄ဝ ခန့်ကို စောင့်ဆိုင်းနေကြသည်။ သံဃာတော်များ ဦးဆောင်သော ဆန္ဒပြပွဲ ရုပ်ရှင် :: သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များအဖွဲ့ချုပ်နှင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့ ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို နယူးဇီလန်နိုင်ငံ အောက်ကလန်တက္ကသိုလ် စာကြည့်တိုက်၌ တနင်္လာနေ့ အောက်တိုဘာလ ၄ ရက်၊ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပခဲ့ကြသည်။ မြန်မာသတင်းထောက်များက ရိုက်ကူးထားသော ၂၀၀၇ ခုနှစ်အတွင်း သံဃာတော်များ ဦးဆောင်သော ဒီမိုကရေစီတောင်းဆိုသည့် ဆန္ဒပြပွဲအကြောင်း ရုပ်ရှင်ကို လူ ၅၀ ခန့် တက်ရောက်ကြည့်ရှု့ခဲ့ကြသည်။ (ဓာတ်ပုံ - မဇ္ဈိမ) ဆန္ဒမဲပေးပုံ သရုပ်ပြသမှု :: ရန်ကုန်မြို့ လသာမြို့နယ်မဲရုံတွင် ဆန္ဒမဲပေးပုံ သရုပ်ပြသမှုတခုကို သောကြာနေ့ အောက်တိုဘာလ ၁ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က ပြုလုပ်ရာ မဲပေးပုံ သရုပ်ဆောင်နေသူ တဦး။ ဓာတ်ပုံ- မဇ္ဈိမ
 

မဇ္ဈိမ ၂၀၁၀ ခုနှစ် စက်တင်ဘာလ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
လက်ဝါးကပ်တိုင် ဖျက်ဆီးမှု ဆန္ဒပြ :: ချင်းပြည်နယ် မင်းတပ်နှင့် မတူပီမြို့နယ်ရှိ ခရစ်ယာန် လက်ဝါးကပ်တိုင်အား အာဏာပိုင်များက ဇူလိုင်လက ဖြိုချဖျက်ဆီးမှုကို ဆန့်ကျင်ရှုတ်ချသည့် ဆန္ဒပြပွဲတရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့လယ်၌ ချင်းလူမျိုး ခရစ်ယာန် ဘာသာဝင်များက ယနေ့ (စက်တင်ဘာ ၇ ရက်) တွင် ကျင်းပနေစဉ် (ဓာတ်ပုံ - မဇ္ဈိမ) ။ စစ်အစိုးရသည် ခရစ်ယာန် ဘာသနာကိုသာမက ၎င်းတို့ကိုးကွယ်သည့် ဗုဒ္ဓဘာသနာကိုပါ ဖျက်ဆီးနေသူများအဖြစ် ဆန္ဒပြသူများက ပြောဆိုခဲ့သည်။ စစ်ဗိုလ်များနှင့် ခိုက်ရန်ဖြစ်ပွားမှုတွင် သေနတ်နှင့် ပစ်ခတ်ခံရ ::  ဒေသခံ တပ်မ ၇၇ မှ စစ်ဗိုလ်များနှင့် ခိုက်ရန်ဖြစ်ပွားမှုတွင် သေနတ်နှင့် ပစ်ခတ်ခံရသဖြင့် အသက် ၂ဝ နှစ်ကျော် လူငယ် ၂ ဦး သေဆုံးခဲ့အပြီး နောက်တရက် (စက်တင်ဘာ ၅ ရက်နေ့) နေ့လည် ၁ နာရီခန့်တွင် ရုပ်အလောင်းများကို ထုတ်ယူရန် စောင့်ဆိုင်းနေသော မိသားစုဝင်များနှင့် မိတ်ဆွေများကို ပဲခူးမြို့ ကျုံးရိုးလမ်းရှိ မြို့နယ်ဆေးရုံကြီး နောက်ဖေးပေါက်တွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ) ကိုစောဝေနှင့် သူ၏ ပန်းချီကားတချပ်ကိုတွေ့ရစဉ် ::  ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ”အာဏာရူးကြီး” ဟု ဝေဖန်တယ်ဆိုသော စွဲဆိုချက်ကြောင့် ထောင်ထဲမှာ ၂ နှစ်ခွဲနီးပါးနေခဲ့ရသော ကဗျာဆရာစောဝေ၏ ပန်းချီပြပွဲကို ဗုဒ္ဓဟူးနေ့ စက်တင်ဘာလ ၁ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်မှစတင်ကာ ရန်ကုန်ရှိ အဓိပတိခန်းမတွင် ပြုလုပ်သည်။ ဓာတ်ပုံ- မဇ္ဈိမ။ ...
 

မဇ္ဈိမ ၂၀၁၀ ခုနှစ် သြဂုတ်လ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ပိုးသတ်ဆေး သုံးစွဲမှုကြောင့် ရေသတ္တဝါများ အန္တရာယ်ရှိ :: ရှမ်းပြည်နယ် အင်းလေးကန်တွင်းရှိ ခရမ်းချဉ်သီးပင်များကို ပိုးသတ်ဆေး ပက်ဖျန်းနေသူတဦး။ ဓာတ်ပုံ- မဇ္ဈိမ။    ။ အင်းလေးဒေသ ရေပေါ်စိုက်ခင်းများရှိ ခရမ်းချဉ်သီးနှင့် တိုင်ထောင်ပဲများ စိုက်ပျိုးရေးတွင် ပိုးသတ်ဆေး သုံးစွဲမှုကြောင့် ကန်ထဲရှိ ရေသတ္တဝါများ အတွက် အဆိပ်သင့်မှုများ ရှိသည်။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ၏ ရန်ကုန်တိုင်း ပါတီရုံးချုပ် ဆိုင်းဘုတ်တင်ပွဲကို သြဂုတ်လ ၁ ရက်နေ့ နံနက် ၁၀ နာရီက ပါတီရုံးချုပ်နေရာဖြစ်သော တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် ဒဂုံလွင်လမ်းတွင် ပြုလုပ်ခဲ့ရာ ပါတီဆိုင်းဘုတ်ကို ဦးခင်မောင်ဆွေ (ဘယ်အစွန်) နှင့် ဒေါက်တာသန်းငြိမ်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ မြို့နယ် ၅၀ တွင် ပါဝင်ယှဉ်ပြိုင်ရန် စာရင်းရရှိထားပြီးကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။ သီရိမင်္ဂလာဈေးသစ် ဆောက်လုပ်ရာမှ :: ရန်ကုန်တိုင်း လှိုင်မြို့နယ် ပိတောက်ချောင်း အနီးတွင် ကုန်စိမ်းလက္ကားဈေး တည်ဆောက်နေသော လုပ်သားများကို သြဂုတ် ၄ ရက်၊ ၂ဝ၁ဝ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။  ယခင်ကြည့်မြင်တိုင် ကမ်းနားလမ်းမှ ရွှေ့ပြောင်းမည့် သီရိမင်္ဂလာ ဈေးသစ်တွင် ဆိုင်ခန်းပေါင်း ၂၁၀၀ နီးပါး ပါဝင်မှာ ဖြစ်သည်။
 
စာမျက်နှာ 10 စုစုပေါင်း 14
PEB1
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 16 guests online