www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > မားလ်တီမီဒီယာ > ဓါတ်ပုံ

ဓါတ်ပုံ

မဇ္ဈိမ ၂၀၁၂ ခုနှစ် သြဂုတ်လ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ရွှေတိဂုံ စေတီတော် ဒုတိယဝါဆိုလပြည့် မြင်ကွင်း :: ဗုဒ္ဓဘာသာဝင်တို့၏ ဓမ္မစကြာနေ့ (ဒုတိယဝါဆိုလပြည့်)သြဂုတ်လ ၂ ရက် ၂ဝ၁၂ နေ့က ရွှေတိဂုံ စေတီတော် တောင်ဘက်မုခ်ရှိ ရင်ပြင်တော်တွင် ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) သမ္မတကြီး ဦးသိန်းစိန်၏ ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ပြောကြားချက်အား ထောက်ခံ၍ ရန်ကုန်မြို့၊ ပြည်လမ်းရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့တွင် သြဂုတ်လ ၃ ရက်နေ့ နေ့လည် ၁ နာရီက လူငယ်တစု ဆန္ဒထုပ်ဖေါ်ကြစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) အပြည်ပြည်ဆိုင်ရာ ငွေကြေး ကော်ပိုရေးရှင်း (IFC)၏ အာရှပစိဖိတ်ဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ Karin Finkelston (ဝဲဘက်)၊ ကမ္ဘာ့ဘဏ် အရှေ့အာရှ နှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ Pamela Cox (အလယ်) နှင့် ကမ္ဘာ့ဘဏ် ဆက်သွယ်ရေး ဒါရိုက်တာ Carl Hanlon (ယာဘက်) တို့အား ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တခုတွင် သြဂုတ်လ ၁ရက်၊ ဗုဒ္ဓဟူးနေ့က တွေ့ရစဉ်။ ဓာတ်ပုံ - AFP ။ ဖွံ့ဖြိုးရေးဆိုင်ရာ ထောက်ပံ့ကြေးအဖြစ် သုံးစွဲရန်နှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကြွေးကျန် ပြဿနာကို ဖြေရှင်းရာတွင် ကူညီရန် ရည်ရွယ်၍ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအား ဒေါ်လာ ၈၅သန်း ပေးအပ်ရန် ကတိပြုခဲ့သည်။ ...
 

မဇ္ဈိမ ၂၀၁၂ ခုနှစ် ဇူလိုင်လ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆို :: ဥရောပ ငါးနိုင်ငံသို့ ၁၆ ရက်ကြာ လှည့်လည်ခဲ့ပြီးနောက် ပြန်လည်ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆိုကြသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် ဇွန်လ ၃ဝ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆို :: ဥရောပ ငါးနိုင်ငံသို့ ၁၆ ရက်ကြာ လှည့်လည်ခဲ့ပြီးနောက် ပြန်လည်ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆိုကြသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် ဇွန်လ ၃ဝ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆို :: ဥရောပ ငါးနိုင်ငံသို့ ၁၆ ရက်ကြာ လှည့်လည်ခဲ့ပြီးနောက် ပြန်လည်ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆိုကြသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် ဇွန်လ ၃ဝ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ)  ...
 

မဇ္ဈိမ ၂၀၁၂ ခုနှစ် ဇွန်လ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
အထည်ချုပ်လုပ်ငန်းများအကြောင်း အလုပ်ရုံဆွေးနွေးပွဲ :: မြန်မာအထည်ချုပ်လုပ်ငန်းများအကြောင်း အလုပ်ရုံဆွေးနွေးပွဲတွင် လက်ရှိဖြစ်ပွားနေသည့် အလုပ်သမားရေးရာကိစ္စများနှင့် စပ်လျှဉ်း၍ ဆွေးနွေးပြောဆိုနေသည့် အလုပ်သမားရေးရာဝန်ကြီး ဦးအောင်ကြည်ကို ဇွန်လ ၃ ရက် ၂ဝ၁၂ ခုနှစ် မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများ စသဖြင့် အလွှာစုံ ပါဝင်ဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲတွင် လက်ရှိဖြစ်ပွားနေသည့် အလုပ်သမားဆန္ဒပြပွဲများအကြောင်း အဓိကထား ဆွေးနွေးအဖြေရှာခဲ့ကြသည်။ လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် တောင်းဆို ဆန္ဒဖော်ထုတ် :: လှိုင်သာယာ တော်ဝင်မြန်မာ အထည်ချုပ်စက်ရုံရှေ့တွင် လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် တောင်းဆို ဆန္ဒဖော်ထုတ်နေသည့် အလုပ်သမများကို ဇွန်လ ၂ ရက် ၂ဝ၁၂ ခုနှစ် နံနက် ၃ နာရီ ဝန်းကျင်အချိန်က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) ပျမ်းမျှ တလ ကျပ် တသောင်းဝန်းကျင်ခန့်သာ ရှိသည့် အခြေခံလစာကို ကျပ် သုံးသောင်းအထိ တိုးပေးရန် စက်ရုံအလုပ်သမများ တောင်းဆို ဆန္ဒဖော်ထုတ်နေခဲ့သည်မှာ ၆ ရက် ကြာမြင့်ပြီဖြစ်သော်လည်း စက်ရုံတာဝန်ရှိသူများနှင့် သဘောတူညီမှု မရရှိသေးကြောင်း သိရသည်။ လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် တောင်းဆို ဆန္ဒဖော်ထုတ် :: လှိုင်သာယာ တော်ဝင်မြန်မာ အထည်ချုပ်စက်ရုံရှေ့တွင် လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် တောင်းဆို ဆန္ဒဖော်ထုတ်နေသည့် အလုပ်သမများကို ဇွန်လ ၂ ရက် ၂ဝ၁၂ ခုနှစ် နံနက် ၃ နာရီ ဝန်းကျင်အချိန်က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) ပျမ်းမျှ တလ ကျပ် တသောင်းဝန်းကျင်ခန့်သာ ရှိသည့် အခြေခံလစာကို ကျပ် သုံးသောင်းအထိ တိုးပေးရန် စက်ရုံအလုပ်သမများ တောင်းဆို ဆန္ဒဖော်ထုတ်နေခဲ့သည်မှာ ၆ ရက် ကြာမြင့်ပြီဖြစ်သော်လည်း စက်ရုံတာဝန်ရှိသူများနှင့် သဘောတူညီမှု မရရှိသေးကြောင်း သိရသည်။ ...
 

မဇ္ဈိမ ၂၀၁၂ ခုနှစ် မေလ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်သို့ မေလ၂ ရက်နေ့ နံနက်က ရောက်ရှိလာစဉ်။ (ဓါတ်ပုံ - လင်းဘိုဘို၊ မဇ္ဈိမ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက်အဖြစ် ကျမ်းကျိန်သစ္စာဆိုရန် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယအစည်းအဝေး နောက်ဆုံးနေ့သို့ တက်ရောက်လာခြင်းဖြစ်သည်။ နေပြည်တော် ရုံးအမှတ် ၂၀ (လွှတ်တော်ရုံး)တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် စာရင်းသွင်းခြင်းဆိုင်ရာ ရုံးလုပ်ငန်းများဆောင်ရွက်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များကို မေလ ၁ ရက် ၂၀၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) မေလ ၂ ရက် လွှတ်တော်တွင် တက်ရောက်ကျမ်းကျိန်ရန် ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၂ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် လာရောက်မည်ဟု သိရပြီး ကျန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များအားလုံး နေပြည်တော်သို့ မေလ ၁ ရက် နံနက်ပိုင်းတွင် ရောက်ရှိနေကြပြီ ဖြစ်သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည်ကို မေလ ၁ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ)
 

သင်္ကြန်ပွဲတော် - ၂၀၁၂

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
မန္တလေးမြို့တွင် ဆင်နွှဲနေသော အတာသင်္ကြန်အကျနေ့။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ) မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်ကို ယနေ့ ဧပြီလ ၁၂ ရက်နေ့ နံနက် ၇ နာရီခွဲက ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ ရန်ကုန်ပြည်သူပြည်သားများ အတွက် နှစ်သစ်ကူး စကားလက်ဆောင် ချီးမြှင့်ပြောကြားနေစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ဧပြီလ ၁၂ ရက် သင်္ကြန်အကြိုနေ့  နံနက် မြို့တော်ဝန်မဏ္ဍပ် ဖွင့်ပွဲတွင် မမများအဖွဲ့ ကပြဖျော်ဖြေနေစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) အမေများအဖွဲ့ကို ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေနှင့်ဇနီးကလည်းကောင်း၊ မမများအဖွဲ့ကို ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် ဇနီးကလည်းကောင်း ဆုများချီးမြှင့်ပေးခဲ့သည်။
 

မဇ္ဈိမ ၂၀၁၂ ခုနှစ် ဧပြီလ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် :: ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ လာရောက်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသူပရိသတ်များ၊ ပြည်တွင်းပြည်ပ သတင်းသမားများအကြား ဧပြီလ ၂ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး တနှစ် လေးလကျော်ကာလတွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်၌ ကြံခိုင်ရေးပါတီမှ ဒေါက်တာစိုးမင်းအား အနိုင်ရခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် :: ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ လာရောက်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ဝင်းအုံနေသည့် ပြည်တွင်းပြည်ပမီဒီယာများနှင့်အတူ ဧပြီလ ၂ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် :: အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် စောင့်ကြိုနေသည့် ထောက်ခံ အားပေးသူများကို ကျေးဇူးတင်စကား ပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီလ ၂ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) ဒီမိုကရေစီ သဘောတရားအရ လူအများစုက အောင်နိုင်သော်လည်း လူနည်းစု၏ အခွင့်အရေးများ ကာကွယ်ရမည် ဖြစ်ကြောင်း သို့ဖြစ်၍ အခြားပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား စိတ်အနှောင့်အယှက် မဖြစ်အောင် စောင့်ထိန်းစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့သည်။ ...
 

ကြားဖြတ်ရွေးကောက်ပွဲ ဓါတ်ပုံသတင်းများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲ ပြုလုပ် :: အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာသမားများ၏ မေးမြန်းမှုကို ဖြေကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို မတ်လ ၃ဝ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) ကျန်းမာရေး အတော်အသင့် ပြန်လည်ကောင်းမွန်နေပြီဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပြီး လုံခြုံရေးနှင့် ပတ်သတ်၍ သူမအနေဖြင့် စိုးရိမ်မှုမရှိကြောင်း၊ ပြည်သူများကြားတွင် လုံခြုံသည်ဟု ထင်မြင်ကြောင်း ပြည်သူလူထုအနေဖြင့်လည်း သူမအတွက် စိုးရိမ်မှု မရှိစေလိုကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲ ပြုလုပ် :: အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာသမားများ၏ မေးမြန်းမှုကို ဖြေကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို မတ်လ ၃ဝ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) ကျန်းမာရေး အတော်အသင့် ပြန်လည်ကောင်းမွန်နေပြီဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပြီး လုံခြုံရေးနှင့် ပတ်သတ်၍ သူမအနေဖြင့် စိုးရိမ်မှုမရှိကြောင်း၊ ပြည်သူများကြားတွင် လုံခြုံသည်ဟု ထင်မြင်ကြောင်း ပြည်သူလူထုအနေဖြင့်လည်း သူမအတွက် စိုးရိမ်မှု မရှိစေလိုကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲ ပြုလုပ် :: ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာသမားများ၏ မေးမြန်းမှုကို ဖြေကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများကို မတ်လ ၃ဝ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) တိုင်းရင်းသားအရေးကိစ္စများအားလုံး ဖြေရှင်းရန်အတွက် ပင်လုံစာချုပ်ချုပ်ဆိုစဉ်က သဘောတူညီခဲ့သည့် တိုင်းရင်းသားများအကြား တန်းတူညီတူမှု၊ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်၊ အုပ်ချုပ်ပိုင်ခွင့် စသည့် အခြေခံအချက်များကို အပြန်အလှန်နားလည်မှု ရှိရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
 

မဇ္ဈိမ ၂၀၁၂ ခုနှစ် မတ်လ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
အောင်ပန်း ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးရေး ခရီးစဉ် :: ရှမ်းပြည်နယ်၊ အောင်ပန်းမြို့သို့ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးအတွက် ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား မတ်လ ၁ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ဟောပြောပွဲသို့ လူထုပရိသတ် ထောင်ပေါင်းများစွာ လာရောက်ခဲ့ကြသည်။ခရီးစဉ်မှာ နေ့ချင်းပြန်ဖြစ်ပြီး ရန်ကုန်မြို့မှ ဟဲဟိုး-အောင်ပန်း-ကလော မြို့များသို့ သွာက်ပြီး ဟဲဟိုးလေဆိပ်မှတဆင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ကလောမြို့ ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးရေး ခရီးစဉ် :: ရှမ်းပြည်နယ်၊ ကလောမြို့သို့ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးအတွက် ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား မတ်လ ၁ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ဟောပြောပွဲသို့ လူထုပရိသတ် ထောင်ပေါင်းများစွာ လာရောက်ခဲ့ကြသည်။ ခရီးစဉ်မှာ နေ့ချင်းပြန်ဖြစ်ပြီး ရန်ကုန်မြို့မှ ဟဲဟိုး-အောင်ပန်း-ကလော မြို့များသို့ သွာက်ပြီး ဟဲဟိုးလေဆိပ်မှတဆင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ကလောမြို့ ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးရေး ခရီးစဉ် :: ရှမ်းပြည်နယ်၊ ကလောမြို့သို့ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးအတွက် ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား မတ်လ ၁ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ဟောပြောပွဲသို့ လူထုပရိသတ် ထောင်ပေါင်းများစွာ လာရောက်ခဲ့ကြသည်။ ခရီးစဉ်မှာ နေ့ချင်းပြန်ဖြစ်ပြီး ရန်ကုန်မြို့မှ ဟဲဟိုး-အောင်ပန်း-ကလော မြို့များသို့ သွာက်ပြီး ဟဲဟိုးလေဆိပ်မှတဆင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ...
 

မဇ္ဈိမ ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ :: မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ဖေဖေါ်ဝါရီလ ၁ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ Strand Hotel တွင် တွေ့ဆုံခဲ့ကြစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) နိုင်ရော့စ (ဝဲ)နှင့် ဦးအောင်မင်း (ယာ) မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ :: မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ဖေဖေါ်ဝါရီလ ၁ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ Strand Hotel တွင် တွေ့ဆုံခဲ့ကြစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) နိုင်ရော့စ (အလယ်)နှင့် ဦးအောင်မင်း (ယာ) မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ :: မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ဖေဖေါ်ဝါရီလ ၁ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ Strand Hotel တွင် တွေ့ဆုံခဲ့ကြစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) (ဝဲမှယာ) (ဒု) နိုင်ရော့စ၊ (တ) ဦးအောင်မင်း (စ) ဦးစိုးသိန်း ...
 

မဇ္ဈိမ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
အင်းစိန်ထောင် ပင်မတံခါးဝရှေ့မြင်ကွင်း :: သမ္မတ၏ 'လွတ်ငြိမ်းချမ်းသာခွင့်' ကြေညာချက်ကြောင့် အင်းစိန်ထောင် ပင်မတံခါးဝရှေ့တွင် လာရောက် စောင့်ဆိုင်းနေသူများကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) အင်းစိန်ထောင် ပင်မတံခါးဝရှေ့မြင်ကွင်း :: ပြစ်ဒဏ်လျှော့ပေါ့ခွင့်အရ လွတ်မြောက်လာသူတဦးကို လာရောက်ကြိုဆိုသူ မိသားစုဝင်တဦးနှင့် အတူ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းက အင်းစိန်ထောင်ရှေ့တွင် တွေ့မြင်ရစဉ်။ အင်းစိန်ထောင် ပင်မတံခါးဝရှေ့မြင်ကွင်း :: ပြစ်ဒဏ်လျှော့ပေါ့မှုကြောင့် လွတ်မြောက်လာသည့် အမျိုးသမီးတဦးကို မိသားစုဝင်များနှင့်အတူ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းက အင်းစိန်ထောင်ရှေ့တွင် တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ...
 
စာမျက်နှာ 8 စုစုပေါင်း 14
PEB1
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 34 guests online