www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၂၃ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > မားလ်တီမီဒီယာ

မားလ်တီမီဒီယာ

မဇ္ဈိမ ၂၀၁၃ ခုနှစ် မတ်လ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ ဆန်စက်နှင့် လယ်ယာထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာပြပွဲ ၂၀၁၃ ဖွင့်ပွဲကို ရန်ကုန်မြို့ မဓမ္မလမ်းရှိ MCC ခန်းမတွင် မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီက ကျင်းပရာ ပဒေသာ ကပွဲများဖြင့် ဖျော်ဖြေနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ဖွင့်ပွဲသို့ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း၊ စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဆန်စပါးအသင်း ဥက္ကဋ္ဌ ဦးခိုင်နှင့် ပြပွဲ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ တောင်အာဖရိကနိုင်ငံမှ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန် တူးတူးနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့်၂၀၁၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ရှိ ၈၈ ရုံးခန်းသစ်တွင် တွေ့ဆုံပြီးနောက် အမှတ်တရဓာတ်ပုံ ရိုက်စဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
 

(၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
(၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား
 

မဇ္ဈိမ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ဟဲဟိုးလေဆိပ်အနီး အဲယားပုဂံ လေကြောင်းလိုင်း F-28 MK 0100 XY-AGC လေယာဉ် မတော်တဆ ထိခိုက်ပျက်စီးခြင်းအား စုံစမ်းစစ်ဆေးမှု သတင်းစာရှင်းလင်းပွဲ ရန်ကုန်မြို့၊ လေဆိပ်လမ်းရှိ လေကြောင်းပညာသိပ္ပံ ခန်းမတွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြုလုပ်စဉ်။ (ဓါတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က လေယာဉ်ပျက်ကျမှုကြောင့် ခရီးသည် နှစ်ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။ Modren Lifestyle & Car Expo 2013 ပြပွဲကို ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နေ့လည်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ပြပွဲကိုလေးရက်ကြာ ပြုလုပ်မည် ဖြစ်သည်။
 

ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပွဲ ၂၀၁၃

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပွဲ ၂၀၁၃
 

ဒေါ်အောင်ဆန်းစုကြည် မုန်းနှင့် ကျောက်ကြီးခရီးစဉ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ဒေါ်အောင်ဆန်းစုကြည် မုန်းနှင့် ကျောက်ကြီးခရီးစဉ်
 

အခြေခံ စက်ချုပ်သင်တန်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
အခြေခံ စက်ချုပ်သင်တန်း
 

ကချင် စစ်ဘေးရှောင် ဒုက္ခသည်များ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ကချင် စစ်ဘေးရှောင် ဒုက္ခသည်များ
 

မဇ္ဈိမ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
၁၉၉၅ ခုနှစ် နောက်ပိုင်းမှ စတင်ပြီး (၁၈) နှစ်ကြာ ပြုလုပ်ကျင်းပခြင်း မရှိခဲ့သည့် မာရသွန်အပြေးပြိုင်ပွဲကို ဇန်န၀ါရီလ(၂၇)ရက်နေ့  နံနက်(၅း၃၀) အချိန်မှစပြီး ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ပထမဆုံးအကြိမ် ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ (၂၀၁၃)ကို စတင်တာလွှတ်ကျင်းပခဲ့သည်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ) ၄င်းပွဲတွင် (၄၂)ကီလိုမီတာ၊(၁၀)ကီလိုမီတာ၊(၃)ကီလိုမီတာ အကွာအဝေး ပြိုင်ပွဲများပါဝင်ပြီး ပြိုင်ပွဲဝင် စုစုပေါင်း (၁၀၅၀) ဦး ပါဝင်ယှဉ်ပြိုင်ပြီး၊ နိုင်ငံခြားသား (၅၀၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ (၄၂)ကီလိုမီတာပြိုင်ပွဲတွင် (၂း၁၉) မိနစ်ဖြင့် ကင်ညာနိုင်ငံသား GITAU KARUKI က ပထမ၊ ကင်ညာနိုင်ငံသား ONESMUS MUINDI က ဒုတိယ၊ မြန်မာနိုင်ငံမှ သောင်းအေးက တတိယဖြင့် အသီးသီးရရှိခဲ့သည်။ ပရိတ်သတ်များမှလည်း ပြိုင်ပွဲဝင်များကို လမ်းတစ်လျှောက် အားပေးခဲ့ကြသည်။ ရွှေတိဂုံ စေတီတော်ပေါ်တွင် လင်းတငှက်နားခြင်းကို အကြောင်းပြု၍ မြန်မာပြည်ဘေးအန္တရာယ် ကင်းရှင်းစေရန် ပိရိတ်တရားနှင့် ကမ္မ၀ါစာ ရွတ်ဖတ်ပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင်တွင် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့  ညနေ ၃း၃၀ အချိန်တွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ) သံဃာတော်နှင့် ပြည်သူ ၁၅၀ ခန်ု့တို့က ရွှေတိဂုံစေတီ အရှေ့ဘက်မုဒ်ရှိ ကြေးသွန်းဘုရားကြီးမှ ရွှေတိဂုံဘုရားပေါ်သို့ လမ်းလျှောက်တက်၍ စေတီတော်ရင်ပြင်တွင် ပိရိတ်တရားနှင့် ကမ္မ၀ါစာ ရွတ်ဖတ်ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက် လွတ်လပ်ရေးနေ့ တွင် ရန်ကုန်မြို့ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးချုပ်တွင် နံနက်(၁၁)နာရီအချိန်၊ (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အောင်ပွဲကို ပြုလုပ်ကျင်းပရာတွင် NLD အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ အမှာစကားပြောကြားစဉ်။ (ဓာတ်ပုံ-ဘိုဘို) အဆိုပါပွဲတွင် ပထမဦးစွာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များကိုအလေးပြုပြီး ၈၈ အရေးအခင်းတွင်ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားကျောင်းသူ များအား ဂုဏ်ပြုသောအားဖြင့် (၈)စက္ကန့်ခန့် ရပ်ပြီး ငြိမ်သက်စွာနေခဲ့ကြသည်။
 

မဇ္ဈိမ အပတ်စဉ်ဂျာနယ် - ၂၀၁၃ ခုနှစ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
အပတ်စဉ်ထုတ် မဇ္ဈိမဂျာနယ်များကို ဖတ်ရှုရန်အတွက် ...
 

မဇ္ဈိမ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ဓါတ်ပုံများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ရန်ကုန်မြို့တွင်ပြုလုပ်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်မှောက် သံဃာများကို ဖြိုခွင်းခဲ့မှုအား ဖော်ထုတ်ရန် တောင်းဆိုသည့် ဆန္ဒပြပွဲကို တားဆီးနေသည့် လုံထိန်းတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) ဆန္ဒပြပွဲပါဝင်သူ ၂ ဦးအား ဖမ်းဆီးခဲ့ကြောင်း ဆန္ဒပြသူများဘက်က ဆိုသည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်မှောက် သံဃာများအား အာဏာပိုင်များက ဖြိုခွင်းခဲ့ပြီးနောက် အရေးယူမှု ပြုလုပ်ပေးရန် တောင်းဆိုသည့် ဆန္ဒပြပွဲတခု ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်ကို ဒီဇင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) အရေပြားများ လောင်ကျွမ်းစေသည့် လက်နက်များ အသုံးပြု ဖြိုခွင်းခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရသည်အထိ အခြေအနေ ပေါ်ပေါက်ခဲ့သည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်မှောက် သံဃာများအား အာဏာပိုင်များက ဖြိုခွင်းခဲ့ပြီးနောက် အရေးယူမှု ပြုလုပ်ပေးရန် တောင်းဆိုသည့် ဆန္ဒပြပွဲတခု ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်ကို ဒီဇင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ) အရေပြားများ လောင်ကျွမ်းစေသည့် လက်နက်များ အသုံးပြု ဖြိုခွင်းခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရသည်အထိ အခြေအနေ ပေါ်ပေါက်ခဲ့သည်။ ...
 
စာမျက်နှာ 7 စုစုပေါင်း 32
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 22 guests online