www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၂၂ နိုဝင်ဘာ ၂၀၁၇

Mizzima Burmese

Home > အင်တာဗျူး > အမေရိကန်လူမျိုး ပန်းပုပညာရှင် မစ္စတာရော်ဂျာကိုလိုဘတ်နှင့် တွေ့ဆုံခြင်း

အမေရိကန်လူမျိုး ပန်းပုပညာရှင် မစ္စတာရော်ဂျာကိုလိုဘတ်နှင့် တွေ့ဆုံခြင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မြန်မာ့ခေတ်ပြိုင်ပန်းချီလောကအတွက် သွေးသစ်လူငယ်တွေကို မွေးထုတ်ပေးနေတဲ့ New Zero Art Gallery သို့ ဒီတစ်ခေါက် လာရောက် လည်ပတ်တဲ့သူကတော့ မစ္စတာရော်ဂျာကိုလိုဘတ်ပဲ ဖြစ်ပါတယ်။ သူဟာ အမေရိကန်
နိုင်ငံမှာရှိတဲ့ TEXAS State University ရဲ့ အနုပညာ ဆရာ တစ်ဦးလည်းဖြစ်သလို ကိုယ်တိုင်လည်း ပန်းပုနဲ့ ပတ်သက်တဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေ သူပါ။ အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာရော်ဂျာဟာ
ကျောင်းသားပေါင်း ၈၀၀ ကျော်ကို အနု ပညာရပ်များအကြောင်း ပို့ချပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသို့ လာ ရောက်ခိုက်ခဏတာအတွင်း လူငယ်မျိုးဆက်သစ်အနုပညာရှင်တွေနဲ့ သူဘာတွေ လုပ်ကိုင်ခဲ့တယ်။ သူ့နိုင်ငံသို့ ပြန်ရောက်တဲ့အခါ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဘယ်လိုအကြောင်းအရာတွေ လုပ်ဦး မယ်ဆိုတာကို သူက အခုလိုပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ New Zero Gallery နဲ့ ဘယ်လိုချိတ်ဆက်မိသွားတာလဲ။ အချိန်ဘယ်လောက် ကြာကြာ လေ့လာမယ်လို့ စိတ်ကူးထားလဲ။

ကျွန်တော်နဲ့ အေးကိုတို့ဖေ့စ်ဘွတ်မှာ တွေ့တယ်။ အနုပညာအကြောင်းတွေ ပြောဖြစ်ကြတယ်။ နောက်တော့
အေးကိုရဲ့ ဖိတ်ကြားချက်အရ ဒီမြန်မာနိုင်ငံကို လာရောက် လေ့လာမိတာပါ။ အောက်တိုဘာ ၉ ရက်က ရောက် တယ်။ တစ်လကြာ လေ့လာမှာပါ။ နောက်ပြီး မြန်မာနိုင်ငံကို လာရောက် လေ့လာတာလည်း ဒီတစ်ခါ ပထမဦးဆုံး အကြိမ်ပါ။ နောက်ထပ် အခွင့်အရေးရှိသေးရင် ကျွန်တော် နောက်ထပ်လာ ချင်ပါသေးတယ်။

မစ္စတာရော်ဂျာကိုလိုဘတ်အနေနဲ့ မြန်မာနိုင်ငံကို ဘယ်လိုကြောင့် လာရောက်ဖို့ ဆုံးဖြတ်ခဲ့တာလဲ။

New Zero မှ ပန်းချီအေးကိုကလည်း ကျွန်တော့်ကို ဖိတ်ကြားပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံ မှာရှိ အနုပညာကျောင်းသား၊ ကျောင်းသူတွေနဲ့ ကျွန်တော့် အတွေ့အကြုံနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို
ဆွေးနွေးချင်တယ်။ နောက်ပြီး ဒီမှာ ရွှံ့နဲ့ပန်းပုထုမယ်။ ဒီကလူတွေနဲ့ ဆက်သွယ်တဲ့ အလုပ်တစ်ခုခု လုပ်ချင်တယ်။
မြန်မာလူငယ်တွေကို တိုးတက်စေချင်တယ်။ Social Network တစ်ခုကို တည်ဆောက်ချင်ပါတယ်။

အမေရိကန်မှာက ဘယ်လို အနုပညာရပ်တွေကို ပို့ချပေးနေတာလဲ။

ပန်းချီ၊ ပန်းပု၊ Media art ၊ Installation၊ သမိုင်းနဲ့ပတ်သက်တဲ့ အနုပညာ၊ Computer Design Video Art ၊ ဓာတ်ပုံ စတဲ့အနုပညာရပ်တွေကို သင်ပေးနေပါတယ်။

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ၁၀ ရက်တာအတွင်းမှာ ဘာတွေကို လေ့လာပြီးပြီလဲ။

ပန်းချီအေးကိုတို့ရှိတဲ့ ၂၉ လမ်းက လူမျိုးစုံနဲ့ စကားပြောကြည့်တယ်။ သူတို့ရဲ့လုပ်ငန်းအကြောင်း၊ ဘ၀အကြောင်း
တွေပေါ့။ အဲဒါကို ကျွန်တော် တခြားနိုင်ငံတွေသွားတုန်းက စုဆောင်းထားတဲ့ အကြောင်းအရာတွေနဲ့ ပေါင်းပြီး အင်တာဗျူးစာအုပ် ထုတ်ဖို့ရှိတယ်။ အဲဒီစာအုပ်ကတော့ တစ်ကမ္ဘာလုံးကို ဖြန့်မှာပါ။

မြန်မာနိုင်ငံမှာလို တခြားဘယ်နိုင်ငံတွေကို လေ့လာပြီးပြီလဲ။

ကျွန်တော်သွားခဲ့တာကတော့ နိုင်ငံပေါင်း လေးနိုင်ငံ သွားပြီးပါပြီ။ အဲဒီနိုင်ငံတွေမှာ လူသား Social Project နဲ့ ပတ်သက်ပြီး ကိစ္စတော်တော်များများကို ကျွန်တော့်ဇနီးနဲ့ အတူတူ လုပ်ဆောင်ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိတဲ့ရက်တွေမှာ ဘယ်နေရာတွေကို သွားရောက်လေ့လာဖို့ရှိလဲ၊ ဘာတွေ ဆက်လုပ်ဖို့ရှိလဲ။

ကျွန်တော် မြန်မာနိုင်ငံက ၂၉ လမ်းမှာတော့ လေ့လာပြီးပါပြီ။ နောက်ပြီး အင်းလေးကိုလည်း သွားရောက် လေ့လာ ပါသေးတယ်။ အဲဒီမှာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ လေ့လာခဲ့တယ်။ အဲဒီမှာ ပလတ်စတစ် အမှိုက်တွေ ကို ရေထဲပစ်ချတာနဲ့ ပတ်သက်ပြီးတော့ လေ့လာခဲ့ပါတယ်။ နောက်ပြီးတော့ လူသားတွေနဲ့ ပတ်သက် တဲ့ ခံစားချက်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းချင်တယ်။

ကိုယ်သိတဲ့ အချက်အလက်တွေကို မျှဝေချင်တယ်၊ ပူးပေါင်းချင်တယ်။ ခေတ်သစ်အနုပညာကို လေ့လာ ချင်တယ်။ အရင်တုန်းက ကျွန်တော်တို့ခေတ်တုန်းက ဖြစ်ချင်တာသိတယ်။ လက်တွေ့လုပ်ဖို့က ခဲယဉ်းတယ်။ အခုခေတ်က ကျတော့ မီဒီယာဆိုလည်း ကျယ်ပြန့်တယ်။ တစ်ခုခုလုပ်တော့မယ်ဆိုရင် မသိတာ ရှိ ရင် အင်တာနက်မှာ ရှာလို့ရ တယ်။ ကျယ်ပြန့်လာတယ်။ ဒါကြောင့် အခုခေတ်လူငယ်တွေကို ပိုပြီးတော့ ဖြစ်စေချင်တယ်၊ တိုးတက် စေချင် တယ်။ အခုခေတ်က ဘာလုပ်လုပ် လွယ်ကူပါတယ်။

မြန်မာနိုင်ငံ နေစဉ်အတွင်းမှာ ဘယ်လို အမှတ်တရ အကြောင်းအရာတွေ ရှိခဲ့လဲ။

မျက်စိမှုန်နေတဲ့ အဘွားအိုကြီးတစ်ယောက်နဲ့ သူရဲ့မြေးတို့ ပိုက်ဆံ တောင်းစားနေတာကို တွေ့တယ်။ အဘွားကြီး က မျက်စိတော်တော်မှုန်နေတယ်။ ကျွန်တော် အဘွားနဲ့ စကားတွေပြောတယ်။ နောက်ပြီး ကျွန်တော် တတ်နိုင် သလောက် ကူညီမယ်ဆိုပြီး သူ့ကို မျက်စိဆေး သွားဝယ်ပေးတယ်။ ဒါပေမဲ့ ဆေးခန်း က ဆေးစာရွက်ပါမှ
ရောင်းမယ်လို့ ပြောလို့ ကျွန်တော်လည်း ဘာမှမတတ်နိုင်ဘူး။ သူ့ကိုကူညီရအောင်လည်း ကျွန်တော်က ချမ်းသာတဲ့ လူ မဟုတ်ဘူး။ သာမန် လူတစ်ယောက်ပါ။ အဲဒါ ကြောင့် အဲဒီအဘွားနဲ့မြေးကို မုန့်ပဲဝယ်ပြီး ပေး လိုက်တယ်။ အဲဒါကတော့ အမှတ်တရပေါ့။
 

Mizzima TV


stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement