www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
စနေ, ၁၈ နိုဝင်ဘာ ၂၀၁၇

Mizzima Burmese

Home > အင်တာဗျူး > လုံခြုံရေးအတွက် ကျွန်တော်တို့ထိုင်းက ဗိုလ်မှူးနှစ်ယောက်ပါလာတယ်ဆိုတဲ့ Carabao Music Band နှင့်တွေ့ဆုံခြင်း

လုံခြုံရေးအတွက် ကျွန်တော်တို့ထိုင်းက ဗိုလ်မှူးနှစ်ယောက်ပါလာတယ်ဆိုတဲ့ Carabao Music Band နှင့်တွေ့ဆုံခြင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ထိုင်းနိုင်ငံက နာမည်ကြီးတေးဂီတအဖွဲ့တစ်ခုဖြစ်တဲ့ Carabao Music Band က မြန်မာနိုင်ငံအနေနဲ့ နှစ်ပေါင်း ၄၄ နှစ်ကြာမှ ပြန်လည်ကျင်းပခွင့်ရရှိတဲ့ ဆီးဂိမ်းအကြိုလှုံ့ဆော်ပွဲမှာ ပါဝင်သီဆိုဖို့ လာရောက်ခဲ့ပါတယ်။ အဖွဲ့ဝင် ရှစ်ဦးပါတဲ့ Carabao Music Band  ကို Mr. Yuenyongopakul က တည်ထောင်ထားခဲ့တာဖြစ်ပြီး အဆိုတော် အဖြစ်လည်း တာဝနန်ယူလုပ်ကိုင်နေသူပါ။ သူတို့အဖွဲ့ဟာ အခြားနိုင်ငံတွေမှာ လှည့်လည်ဖျော်ဖြေခဲ့ ဖူးပေမယ့် ဆီးဂိမ်းပွဲတော့ အခုပွဲက ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ အောင်မြင်တဲ့ အနုပညာ အဖွဲ့ဖြစ်တဲ့အပြင် Carabao Foundation ကိုလည်း လွန်ခဲ့တဲ့ ၁၆ နှစ်က တည်ထောင်ထားခဲ့ပါတယ်။  မြန်မာနိုင်ငံ ကို ပထမဆုံးလာဖျော်ဖြေတဲ့ Carabao Music Band ရဲ့ ခံစားချက်နဲ့ ဘာကြောင့်လာရောက် ဖျော်ဖြေဖြစ်ခဲ့တယ် ဆိုတာကို တီးဝိုင်းရဲ့ တည်ထောင်သူလည်းဖြစ်၊ အဆိုတော်လည်းဖြစ်တဲ့Mr. Yuenyongopakul ကို အခုလိုမေးမြန်း တင်ဆက်လိုက်ပါတယ်။

မြန်မာနိုင်ငံကို လာရောက်တာ အခုအကြိမ်က ပထမဆုံးလား။

ဟုတ်ပါတယ်။

အပြင်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမျိုးမျိုးကြားနေရတာတွေ ရှိမှာပေါ့။ အခု ကိုယ်တကယ် လက်တွေ့
မြင်နေရတဲ့အပေါ် ခံစားမှုကဘယ်လိုရှိလဲ။


မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာတာကို တွေ့ရတယ်။ ဖွံ့ဖြိုးတိုးတက်လာပေမယ့် ရိုးရာ ယဉ်ကျေးမှုဓလေ့ကို မူလ အတိုင်း ထိန်းသိမ်းထားနိုင်တာကို တွေ့ရတော့ သဘောကျမိတယ်။ အထူးသဖြင့် ရွှေတိဂုံစေတီ အရမ်းလှတာပဲ။

အခု ဒီမှာဖျော်ဖြေဖို့လည်းရှိတော့ ဘာသီချင်းတွေကို ဆိုဖို့ပြင်ဆင်ထားလဲ။

ကျွန်တော်ကိုယ်တိုင်ဆိုထားတဲ့ နာမည်ကြီးတဲ့ ထိုင်းသီချင်းတွေပဲ ဆိုဖြစ်မယ်။

ဘယ်နှစ်ရက်နေမလဲ၊ ဘယ်တွေသွားမယ်လို့ စိတ်ကူးထားလဲ။

နှစ်ရက်နေမယ်။ ဒီနေ့တော့ မှန်ထဲမှာ ထည့်ထားတဲ့ ဗုဒ္ဓဘုရားအရိုးထည့်ထားတယ်ဆိုတဲ့ မှန်အလှတွေ နဲ့ပြင်ထားတဲ့ ဘုန်းကြီးကျောင်းခေါ်သွားမယ်လို့ ပြောတယ်။ ကျောင်းနာမည် ဘယ်လိုခေါ်လဲတော့ မသိဘူး။ မနက်ဖြန်တော့
ရွှေတိဂုံစေတီသွားမယ်။

အခုလောလောဆယ် ရန်ကုန်မှာ ဗုံးပေါက်တဲ့သတင်းက ထွက်နေတယ်။ Carabao music band ရဲ့ လုံခြုံရေးအတွက် ဘယ်လို ပြင်ဆင်ထားလဲ။

ဒါကြောင့်လဲ နေရာရွှေ့ပြီး ပြန်လုပ်ရတယ်။ လုံခြုံရေးအတွက်က ကျွန်တော်တို့ထိုင်းဗိုလ်မှူးနှစ်ယောက်လည်း ပါလာတယ်။ ထိုင်းဗိုလ်မှူးလည်း မြန်မာဗိုလ်ကြီးများနဲ့ အရမ်းခင်ကြတယ်ဆိုတော့ သူတို့ကြိုတင် ပြင်ဆင်မှုတွေ ရှိတယ်ဆိုတော့ စိတ်ချပါတယ်။

အစ်ကိုက မြန်မာနိုင်ငံအကြောင်း၊ ဒေါ်စုနဲ့ ပတ်သက်တဲ့အကြောင်းကိုလည်း သီချင်းရေးပြီးဆိုဖူး တယ်လို့ သိရတယ်။ နောက်ထပ် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သီချင်းတွေ ထပ်ရေးဖို့ရှိသေးလား။

ဟုတ်ကဲ့၊ ရေးဖူးဆိုဖူးပါတယ်။ အရင်တုန်းက မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး စည်းလုံး ညီညွတ်ပြီး ဒီမိုကရေစီ နိုင်ငံဖြစ်ခိုင်းစေချင်တဲ့ဆန္ဒရှိလို့ပါ။ နောက်ထပ်ရေးဖို့တော့ မလိုတော့ဘူးလို့ ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ အခု ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ကြိုးစားအားထုတ်နေပြီ။ တိုင်းရင်းသား တွေလည်း အားလုံးနီးပါး လက်တွဲ ပူးပေါင်းပါဝင်ဆောင်ရွက်လာတာကိုတွေ့တော့ အရမ်းဝမ်းသာတယ်။ ရိုးရာယဉ်ကျေးမှုအဖွဲ့ကလည်း ကျွန်တော့်ကို လည်း show လုပ်ခွင့်ပေးတယ်။ ဘာမှနှောင့်ယှက်တားဆီး တာမရှိဘူး။

အခု show က Sea game အတွက် ကျင်းပတာဖြစ်လို့ ဘယ်သူတွေနဲ့ ဆက်သွယ်လုပ်ကိုင်ခဲ့လဲ။

ဟုတ်တယ်။ ထိုင်းအားကစားဝန်ကြီးနဲ့ ဒီဘက်က အားကစားဝန်ကြီးသိကြတယ်ဆိုတော့ အကူအညီ တောင်းတော့ အခမဲ့လာလုပ်ပေးတယ်။ ကျွန်တော်တို့အနေနဲ့လည်းဒီ Sea game  အတွက် ထိုင်းဘတ် ၁၀ သိန်း အလှူပေးတာ ကိုလည်း ဒီကလက်ခံတယ်။

နောက်ထပ် မြန်မာနိုင်ငံမှာ လာရောက်ဖျော် ဖြေတာမျိုး လုပ်ချင်သေးလား။

နောက်နောင်လည်း ခေါ်ရင်လာမှာ ပဲ။ ဖြစ်နိုင်ရင် ခဏ,ခဏတောင်လာချင်ပါတယ်။
 

Mizzima TV


stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement