www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
သောကြာ, ၂၃ သြဂုတ် ၂၀၁၉

Mizzima Burmese

Home > အင်တာဗျူး > နိုင်ငံရေးအကျဉ်းသားတဖြစ်လဲ စစ်ဗိုလ်ဟောင်း ကိုကျော်ဟန်ထွန်းနှင့် တွေ့ဆုံခြင်း

နိုင်ငံရေးအကျဉ်းသားတဖြစ်လဲ စစ်ဗိုလ်ဟောင်း ကိုကျော်ဟန်ထွန်းနှင့် တွေ့ဆုံခြင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အောက်တိုဘာ ၈ ရက်၌ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသား ၅၆ ဦး လွတ်မြောက်လာရာ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ အပါအ၀င် အခြားပုဒ်မများဖြင့် အကျဉ်းကျခံရသူ အများဆုံးဖြစ်
ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ (A- APP-B)မှ ထုတ်ပြန်သော စာရင်း အရ သိရသည်။

အဆိုပါ ၅၆ ဦးထဲတွင် ထိုင်းနိုင်ငံအခြေစိုက် မယ်တော်ဆေးခန်းသို့ သွားရောက်ကြည့်ရှုခဲ့မှုဖြင့် ထောင် ၁၇ နှစ် ချခံရသူ ခလရ ၂၉၉ မှ ဗိုလ်ကျော်ဟန်ထွန်းနှင့် အောက်တိုဘာ ၉ ရက်တွင် မဇ္ဈိမက ဆက်သွယ် မေးမြန်းထား ပါသည်။ ၎င်းသည် မြောင်းမြထောင်မှ လွတ်မြောက်လာခြင်း ဖြစ်သည်။

၎င်းသည် ၁၀ တန်းအောင်မြင်ပြီးနောက် DSA စစ်တက္ကသိုလ် တက်ရောက်ခဲ့ပြီး တပ်မတော်သို့ ၀င်ရောက်ကာ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းနောက် မွန်ပြည်နယ် ရေးမြို့တွင် တာဝန်ထမ်းဆောင်စဉ် ခွင့်ပြုချက်မရယူဘဲ မယ်တော်ဆေးခန်းသို့ သွားရောက်ကြည့်ရှုခဲ့သည့်အတွက် ပုဒ်မ ၁၇/၁ဖြင့် တရားစွဲဆို ခံရပြီး
ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရကြောင်း ကိုကျော်ဟန်ထွန်းက အင်တာဗျူးတွင် ပြောဆိုထားသည်။

အကို့ရဲ့နာမည်နဲ့ အသက်ကို အရင်ပြောပေးပါလား။

ကျွန်တော့်နာမည် ကျော်ဟန်ထွန်းပါ။ အသက်က ၂၈ နှစ်ပါ။ ရန်ကုန်မှာ မွေးတာပါ။

အပြစ်ပေးခံရတဲ့ အကြောင်းကို ပြောပေးပါဦး။

ကျွန်တော် နိုင်ငံရေးလည်း မလုပ်ပါဘူး။ မြ၀တီရောက်နေတုန်း မဲဆောက်က ကျောင်းသားဆေးခန်း (ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်း)ကို သွားလည်မိလို့ ထောင်ကျသွားတာပါ။

ကျန်းမာရေးမကောင်းလို့ သွားလိုက်တာလား။ ဘယ်လိုကြောင့် သွားလိုက်တာလဲဗျ။

ကျွန်တော်က မဲဆောက်မှာဆိုင်ကယ်သွားဝယ်ရင်းနဲ့ ကျောင်းသားဆေးခန်းကို ရောက်သွားတာပေါ့နော်။
ဆေးခန်းရှိတဲ့အတွက် သွားကြည့်လိုက်လို့ အပြစ်ဒဏ်ကျခံရတာ။

ဘယ်လို အဖမ်းခံရသလဲဗျ။

အဲဒီအတွေ့အကြုံက ပြောဖို့ခက်ပါတယ်။ ကျွန်တော်က မတော်တဆ သွားကြည့်ဖြစ်တာပဲ။ ၂၀၀၈ ခုနှစ်က သွားကြည့်မိပြီး ထောင်ကျသွားတာပါ။ တစ်ယောက်တည်း သွားကြည့်တာပါ။ မြောင်းမြထောင်ကျ သွားတာပါ။

ဘယ်လောက် အပြစ်ဒဏ်ပေးခံရလဲဗျ။

၁၇ နှစ် အပြစ်ဒဏ် ပေးခံရပါတယ်။ အခုပြန်လွတ်လာတော့ ၄ နှစ်နဲ့ ၅လ ထောင်ထဲမှာ ကြာခဲ့ပါတယ်။

ထောင်ထဲမှာ ဖြတ်သန်းခဲ့ပုံကို ပြောပြပါဦး။

ထောင်ထဲမှာတော့ အကျဉ်းသားတစ်ယောက်လိုဘဲ ဖြတ်သန်းရတာပေါ့။ အားလုံး ပုံမှန်ပါပဲ။

လွှတ်ပေးလိုက်တော့ လက်မှတ်ထိုးရသေးလား။

လက်မှတ်တော့ မထိုးရပါဘူး။ ဒါပေမဲ့ ကန့်သတ်ချက်တော့ရှိတယ်။ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်တာ။ အပြင်မှာ အမှုတစ်ခုခုထပ်ဖြစ်လာခဲ့ရင် အရင်ကြွေးကျန်နှစ်တွေနဲ့ ပြန်အပြစ်ပေးခံရမယ်။ ကျွန်တော့်ကို လာစစ်ပေးတဲ့ ရဲမှူးက
ပြောလိုက်တာပါ။ ကန့်သတ်ချက်ပါတယ်လို့ ပြောတယ်။ စစ်ကြောရေးမှာလည်း သာမန်ပါပဲ။

ထောင်ကလွတ်တော့ ဘယ်ကို အရင်ဆုံး သွားလဲဗျ။

အဖေ၊ အမေရှိတဲ့ ရန်ကုန်အိမ်ကို အရင်ပြန်ပါတယ်။ အရမ်းဝမ်းသာပါတယ်။ ထောင်ထဲမှာ ကျန်ခဲ့တဲ့ အကျဉ်းသား
တွေကို လွတ်စေချင်ပါတယ်။ လွတ်သွားတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက်လည်း ၀မ်းသာပါတယ်ဟု ပြောကြား သည်။

ဆေးခန်းသွားကြည့်တာနဲ့ ထောင်ချလိုက်တဲ့ နှစ်က များနေတယ်ဗျ။ ဘယ်လိုဖြစ်တယ် ထင်လဲဗျ။

အဲဒါကတော့ ကျွန်တော်လည်း မစဉ်းစားတတ်ဖူး။ စစ်ကြောမေးမြန်းတာတော့ ရှိပါတယ်။ ပုဒ်မနဲ့ပြစ်ဒဏ် တခြားစီလို့ ဆိုပေမယ့်၊ စစ်စည်းကမ်းဖောက်ဖျက်မှုကို နှစ် ၂၀ လောက် ထောင်ချလို့ရတယ်။ ကန့်သတ်ချက်တွေ ရှိသေးတယ်။ စစ်သားတစ်ယောက်အနေနဲ့ မသွားသင့်တဲ့နေရာ သွားလိုက်လို့ ချလိုက်တယ်ထင်တာပဲ။ သူတို့ယူဆချက်နဲ့ သူတို့ချ လိုက်တာပဲ။ ကျွန်တော့်အနေနဲ့ များတယ်၊ နည်းတယ် စောဒကတက်ခွင့်မရှိဘူး။ ကျွန်တော် တပ်မှာတော့ သွားကြည့် မယ် ဆိုပြီး ခွင့်မတောင်းဘူး။ ၂၀၀၈ ခုနှစ်က ဆေးအလကား ကုပေးတယ်ဆိုလို့ အံ့သြလို့ သွားကြည့်လိုက်တာ။ ၂၀၀၈ ခုနှစ်က ကုန်ဈေးနှုန်းတွေ ဒီလောက် ကြီးနေတာ၊ ကျောင်းသားဆေးခန်းက ဆေးတွေ အလကားပေးတယ်။ ပြီးတော့ ကုပေးတယ်ဆိုတော့ သွားကြည့်မိတာ။
 

Mizzima TV


stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement