White Sharing နှင့် တွေ့ဆုံခြင်း

ပရင့်ထုတ်ရန်

တတ်ကျွမ်းတဲ့ပညာ၊ ကျွမ်းကျင်တဲ့ နေရာကနေ လူ့အဖွဲ့အစည်းကို အကျိုးပြုနေကြတဲ့ လူငယ်တွေ မြန်မာနိုင်ငံမှာ အများအပြား ရှိနေကြပါတယ်။ ၀ါသနာတူရာ လူငယ်တွေစုစည်းမိပြီး တစ်ခြားသူတွေ မမြင်နိုင်တဲ့နေရာ၊ မရောက်နိုင် တဲ့နေရာ၊ လှည့်မကြည့်နိုင်တဲ့ ကိစ္စတွေ၊ ပြဿနာတွေကို သူတို့တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနေကြပါတယ်။ အဖြေရှာနေကြပါတယ်။

White Sharing ဆိုတဲ့ လူငယ်အဖွဲ့အစည်းဟာလည်း ဒီလိုအဖွဲ့အစည်းတွေထဲက တစ်ခုပါပဲ။ ဒီအဖွဲ့ဟာ လူငယ်တွေနဲ့ စုစည်းထားတဲ့ အဖွဲ့တစ်ခုဖြစ်ပြီးတော့ သူတို့တတ်နိုင်တဲ့ဘက်က လူ့အဖွဲ့အစည်းကို ကူညီနေ တဲ့အကြောင်းကို မဇ္ဈိမက တွေ့ဆုံမေးမြန်းထားပါတယ်။

White Sharing အဖွဲ့စဖွဲ့ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။

သူငယ်ချင်းတွေ အကုန်စုပြီး မိဘမဲ့ကလေးကျောင်းသွားလှူဖြစ်တယ်၊ အဲဒီနေ့ကအပြန်မှာ လှူခဲ့တာကြည့်ပြီး ရင်ထဲပိတီဖြစ်လာတယ်၊ အဖွဲ့လေး စဖွဲ့ရင်ကောင်းမယ်ဆိုပြီး သူငယ်ချင်းအကုန်စုပြီး White Sharing ဆိုပြီး စဖွဲ့ဖြစ်တာပါ။ ၂၀၁၁ ဇူလိုင်မှာ စဖွဲ့ခဲ့တယ်၊ အခုဆိုရင် နှစ်နှစ်ရှိပြီ။

ဘာကြောင့် ဒီလိုအဖွဲ့မျိုးစဖွဲ့ဖြစ်တာလဲ။

အဓိကကတော့ ကလေးငယ်တွေကို ကြင်နာလို့၊ နိုင်ငံတစ်နိုင်ငံရဲ့အခြေခံက ကလေးငယ်တွေရဲ့ ပညာရေးပဲ၊ ကိုယ့်နိုင်ငံက ဘာလို့ မချမ်းသာတာလဲလို့ စဉ်းစားကြည့်တော့ ပညာရေးနိမ့်ကျတယ်လေ ဒါကြောင့် ပရဟိတ လုပ်ရင်း ကိုယ့်နိုင်ငံကိုလည်း မြှင့်တင်ချင်တယ် ကုသိုလ်လဲယူရင်းပေါ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အားလုံး ပါဝင်တယ်လေ။ ဒါကြောင့် ဒီလိုစဖွဲ့ဖြစ်တာပါ။ ကလေးပညာရေး စောင့်ရှောင့်ရေး ဖွဲ့တာပါ လူဦးရေ ၆၀ ကျော်
လောက်ရှိတယ်။

White Sharing အဖွဲ့ရဲ့လုပ်ရှားမှုတွေက ဘာတွေလုပ်ပြီးပြီလဲ။

လက်ရှိလတိုင်း ကလေးငယ်တွေအတွက် ပညာရေးနှင့်ပတ်သတ်ပြီး တစ်လသုံးသိန်းပုံမှန်လှူတယ်၊ ဘက ကျောင်း
ဆောက်ဖို့ မြေ၀ယ်လှူတယ်၊ မိဘမဲ့ကလေးတွေရဲ့ စာအုပ်စာတမ်းပညာရေးနှင့် ပတ်သက်တာတွေ လှူဖြစ်တယ်၊ ပြီးခဲ့တဲ့ စက်တာဘာ ၂၂ ရက်ကတော့ ရန်ကုန်အခြေစိုက်နှင့် ပူးပေါင်းပြီး ပွဲတစ်ပွဲ လုပ်ဖြစ်တယ်၊ ပရဟိတအဖွဲ့ ၂၀ ကျော်ပါတယ်၊ အဲဒီနေ့မှာ ကလေးလူငယ်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြုပြင် ရေး ဂိမ်းကစားနည်းတွေ တစ်နေ့တာ ပျော်ရွှင်အောင် ဖြတ်သန်းခဲ့ကြတယ်။

လူမှုရေးလုပ်တဲ့ အသင်းအဖွဲ့တစ်ခုအနေနဲ့ ဘယ်လို ခက်အခဲတွေ အများဆုံး ရင်ဆိုင်ရလဲ။

အခက်အခဲအနေနဲ့တော့ သိပ်အများကြီးတော့ မရှိပါဘူး၊ အဖွဲ့က သူငယ်ချင်း လူငယ်တွေ ဖွဲ့ထားတော့ နာလည်းမှု
တွေနဲ့ တည်ဆောက်ထားတာပါ။ အဖွဲ့ထဲမှာက ဘယ်သူက ခေါင်းဆောင်စီမံခန့်ခွဲတဲ့ရယ် မရှိဘူး။ အကုန်လုံးက တစ်ပြေးညီတည်း စိတ်ဓာတ်နဲ့ အလုပ်လုပ်ကြတာပါ။ လစဉ်ကြေးရယ်လို့ သတ်မှတ် ချက်မရှိပါဘူး၊ ကိုယ်အဆင်ပြေ သလိုမျိုး လှူကြတာပါ၊ ကိုယ်ထူကိုယ်ထ စိတ်ဓာတ်တွေနဲ့ အလုပ်လုပ်ကြတာပါ။

ဘာတွေဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ။

လစဉ်အလှူကတော့ ပုံမှန်သုံးသိန်းကတော့ လှူဒါန်းနေမှာပါဘဲ။ နောက်လ အဖွဲ့ထဲက လူငယ်တွေ မျက်ကြည်လွှာ လှူ ဒါန်းဖို့ ရှိတယ်၊ အမြင်အာရုံချို့တဲ့ကလေးတွေကို သူတို့ စိတ်ဝင်စားတဲ့ ၀တ္ထုတိုပုံပြင်၊ ရသ၊ ကျန်းမာရေးနှင့် စားစရာ ဗဟုသုတရမည့် စာအုပ်တွေကို ဖတ်ပြတယ်၊ ဖတ်တဲ့နေရာမှာလဲ ကျွန်မတို့ အသံ ကို recording (အသံဖမ်းထားပြီး) အခွေအနေနဲ့ လုပ်ထားတယ်၊ စာကြည့်တိုက်ထဲမှာ ဖတ်ချင်တဲ့ စာအုပ်တွေအကြောင်းကို အခွေအနေနဲ့ လုပ်ထားတယ်၊ နားထောင်ချင်တယ်ဆိုရင် အခွေကိုစက်ထဲထည့်ပြီး နားထောင်လိုက်ရုံဘဲ၊ ကလေးတွေ အတွက် အဆင်ပြေသွားတာပေါ့။

လူငယ်တွေအနေနဲ့ ပရဟိတအပေါ် စိတ်ဝင်စားမှု ဘယ်လောက်ရှိလဲ။

အစ်မတို့အဖွဲ့က လူငယ်တွေက ၂၅ ၀န်းကျင်တွေအနေနဲ့ ဖွဲ့ထားတာပါ။ တော်တော်များများတော့ ပရဟိတကို စိတ်ဝင်စားတယ်၊ လူငယ် ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းလောက်က စိတ်ဝင်းစားတယ်၊ ကျန်တဲ့ ၂၀ ကတော့ လူအင်အား အနေနဲ့ မလုပ်နိုင်ကြဘူး၊ ငွေအင်အားအနေနဲ့တော့ လက်လှမ်းမီသလောက် ကူညီပေးတယ်၊ နောက်ပိုင်း လူငယ်တွေ ပရဟိတအပေါ်မှာ စိတ်ဝင်စားမှု တက်ကြွလှုပ်ရှားလာတယ်လို့တော့ မြင်တယ်။

လူမှုရေး လုပ်ငန်းတွေနဲ့ အလှမ်းဝေးနေတော့ လူငယ်တွေကို စိတ်ဝင်းစားလာအောင် ဘယ်လို ဆွဲခေါ်နိုင် မလဲ။

အဖွဲ့ကတော့ ဒီလအလှူရှိတယ်ဆိုပြီး နီးစပ်ရာကို ပြောလိုက်တယ်၊ Facebook က တစ်ဆင့်ပြောတယ်၊ အလှူရှင် အနေနဲ့ တစ်ဆင့်စကားတစ်ဆင့်ကြားပြီး ဆက်သွယ်ကြတယ်၊ လူအင်အားအနေနဲ့တော့ လိုက်လာကြတယ်၊ အချို့လူတွေကတော့ ကိုယ်ကဦးဆောင်ပြီးလုပ်နေတဲ့ သူတို့ကိုယ်တိုင်က ပရဟိတစိတ် ဓာတ်ရှိရင် ဆွဲခေါ်စရာ မလိုဘူး၊ သူ့အလိုလိုပါလာပါတယ်။